Part-6

449 69 17
                                    

မနက်​​ရောက်​​တော့.....ကိုယ်​ထမိ​တော့ အမ​လေး မနည်း​တောင်​ ​နောက်​ကျ​နေပြီ........အမြန်​လုပ်​မှ......

ပြင်​ဆင်​ပြီး​တော့.....

"ပျို....."

ပထမ​တ​ခေါက်​​ခေါ်​တော့ နားထဲ ဘာသံမှပြန်​မကြားရ........​နောက်​ထပ်​​ခေါ်ကြည့်​မည်​....

"ပျို......"

ဒါလည်း မထူး.......

"ပျို....ပျို.....ပျို....ပျို....."

မတတ်​နိုင်​.....စိတ်​မရှည်​​တော့........အဲ​တော့မှ နားထဲမှာ အသံသဲ့သဲ့​လေးကြားရသည်​........

"အင်း......."

"ဘာအင်းတုန်း.....ဒီမှာ ​ခေါ်​နေတာ အာ​ပေါက်​​တော့မယ်​......ဘာလုပ်​​နေတာလဲ "

"အိပ်​​နေတာ......သူများ အိပ်​​နေတာကို ဘာလို့လာနှိုး​နေတာလဲ......"

"Arr...အိပ်​​နေတာလား.....Miya...Miya....​မေးစရာရှိလို့......"

"ဘာ​မေးမလို့လဲ....."

"ဟို​လေ....သစ်​ နဲ့ သူ့သူငယ်​ချင်း​တွေ ဆုံတဲ့​နေရာဆိုတာ ဘယ်​​နေရာလဲ....မသိလို့....."

"ဘာလို့​မေးတာလဲ...."

"မ​နေ့က ဝတ်​ရည်​ ဆိုတဲ့ တစ်​​ယောက် Phoneဆက်​တယ်​......သူတို့​တွေ့​နေကျဆိုတဲ့​နေရာကို လာခဲ့တဲ့....အဲလို​ပြောလို့....."

"Aww....အဲဒါ ဝတ်​ရည်​ ဖွင့်​ထားတဲ့....Flowers Shop ​လေ......"

"လိပ်​စာက​ရော....."

"Ok.....Messပို့လိုက်​မယ်​...ဖွင့်​ကြည့်​လိုက်​...."

"ပျို မလိုက်​​တော့ဘူးလားဟင်​....."

"ဘာလို့လိုက်​ရမှာလဲ ရှင့်​သူငယ်​ချင်း​တွေနဲ့ ကျမ မရင်းနှီးဘူး​လေ...."

"မရင်းနှီးရင်​ ရင်းနှီး​အောင်​ မိတ်​ဆက်​​ပေးမှာ​ပေါ့.....လိုက်​ခဲ့ပါ့လား..​နော်​....."

💙You Must Know That💙Where stories live. Discover now