Part-8

521 57 17
                                    

                              Part-8

အ​ပေါ်ကိုတက်​လာ​ပြီး အလုပ်​လုပ်​ရမယ့်​​နေရာကို ကြည့်​လိုက်​​တော့ မ​တွေ့တာ​ကြောင့်​........​ဘေးက​ကောင်​​လေးကို​မေး​တော့.......

"ဆက်​ခ......ငါ့​နေရာ​ရော....."

"အဲ.....ဟုတ်​သား.....ခဏ....Managerကို ​မေး​ပေးမယ်​......"

ဟု ​ပြောကာ ထွက်​သွားပြီး ခဏကြာ​တော့ လူတစ်​​ယောက်​ပါလာကာ......

"ကိုသစ်​......ဒါ Mangaer....သူ​ပြောပြလိမ့်​မယ်​....."

"အာ.....မင်္ဂလာပါ အစ်​ကို​တွေ့ရတာ ဝမ်းသာပါတယ်​....."

Managerက ပြုံးပြကာ.....

"ကိုယ်​လည်း ဝမ်းသာပါတယ်​.....ကိုယ့်​နာမည်​က ​ကျော်​ခိုင်​ပါ....ညီ​လေးက ​နွေသမိုင်းသစ်​မလား.....ခုန​လေးကမှ GMကိုတည်​တံ့သူက ​ပြောလိုက်​လို့.....ညီ​လေး​နေရာက သူ့ရုံးခန်းထဲမှာပါ......သူနဲ့အနီးကပ်​ထားပြီး သင်​​ပေးရမှာ​ပြောလို့ပါ.....​ဟော ဟိုဘက်​က အခန်းက GMအခန်းပါ.....GMက ​ရောက်​​နေပြီးသားပါ.....ညီ​လေးကို ​စောင့်​​နေတယထင်​တယ်​....သွားလိုက်​ပါဦး.....ကိုယ်​လည်း အလုပ်​​လေးရှိလို့ သွားဦးမယ်​​နော်​...."

လို့ ​ပြောပြီး ကျ​နော့်​ဆီက စကား​တောင်​မ​စောင့်​ဘဲ အ​ပြေးတပိုင်းထွက်​သွားလေရဲ့......

"ဟင်​.....လိုက်​​တောင်​ပို့မ​ပေးဘူးလား.....😥"

"ဟာ....ကိုသစ်​ကလည်း GMတည်​တံ့ကို အကုန်​လုံးက ​ကြောက်​ကြတယ်​......သူက အရမ်းစည်းကမ်းနဲ့ပတ်​သက်​ရင်​ တင်းကျပ်​တယ်​.....အဲဒါ​ကြောင့်​ သူနဲ့​တွေ့ရမှာကို အရမ်း​ကြောက်​ကြတာ....​တော်​ကြာ အပြစ်​​တွေ့သွားမလားဆိုပြီး​တော့​လေ.....မလွှဲသာတဲ့ကိစ္စ​တွေကျမှ သွား​တွေ့ကြတာ...."

"Aww....."

"Hee.....ကျ​နော်​လည်း လိုက်​မပို့​တော့ဘူး​နော်​.....Good Luckကိုသစ်​.....😁😁"

"အ​တော်​အားကိုးရတယ်​....."

ဆက်​ခကို မျက်​​စောင်းထိုးပစ်​ခဲ့ပြီး ထွက်​လာကာ အခန်း​ရှေ့​ရောက်​​တော့ တံခါးကို​ခေါက်​လိုက်​သည်​။

💙You Must Know That💙Where stories live. Discover now