Part-7

492 56 17
                                    

ဘာလိုလိုနဲ့ ဟိုလှည့်​ဒီလှည့်​က​နေ လကုန်​သွားပြီ​လေ.....မနက်​ဖြန်​ ဟိုလူကြီးCompanyမှာ အလုပ်​ဝင်​ရ​တော့မယ်​........

ဟူး........စိတ်​​တွေထဲ ​လေး​နေတယ်​......စိတ်​ထဲရှိတဲ့အတိုင်းသာဆို မလုပ်​ချင်​ဘူး ​အော်​​နေ​ပေမယ့်​လည်း.........

ခြံထဲမှာစိတ်​​ပြေလက်​​ပျောက်​ထိုင်​​နေရင်း.......

"ညီသစ်​....."

ကိုကို့​ခေါ်သံကို ကြားလိုက်​ရတာ​ကြောင့်​ ​နောက်​ကိုလှည့်​ကြည့်​ပြီး.......

"ကိုကို......ကျ​နော့်​ကို ဘာ​ပြောစရာရှိလို့လဲ..."

လို့ ​မေး​တော့ ကိုကိုက ရယ်​လိုက်​ပြီး.......

"မဟုတ်​ပါဘူး.....ဒီလိုပါပဲ.....ညီသစ်​ စိတ်​မကြည်​ဘူးများလား လို့...."

"ကိုကို....ဘယ်​လိုလုပ်​ပြီး သိတာလဲ....."

"ဟား....ကိုကိုက ညီ့ရဲ့ကိုကိုပါကွာ....ညီ့မျက်​နှာကြည့်​လိုက်​ရုံနဲ့ ညီဘာဖြစ်​​နေလဲ....ကိုကို သိတယ်​..."

"​Hee....ဟုတ်​တယ်​....ကိုကို..."

"အဲဒါက မနက်​ဖြန်​ အလုပ်​ဝင်​ရမယ့်​ကိစ္စနဲ့များ ပတ်​သက်​​နေလား....."

"သိသွားပြန်​ပြီ.....😨😨"

"အင်း.....ကိုကို ထုတ်​မ​ပြော​ပေမယ့်​ ညီသစ်​ တည်​တံ့သူ အ​ပေါ်မှာ ထားတဲ့ သ​ဘောထားကို ကိုကို သိ​နေပါတယ်​....."

"ဟင်​...ကိုကို...."

"အမှန်​အတိုင်း​ပြောရရင်​ ကိုကိုတင်​မကဘူး....ဒယ်​ဒီနဲ့မာမီပါ သိ​နေတယ်​​လေ...."

"ဗျာ....😰😰"

ဗု​ဒ္ဓေါ ဘုရား​ရေ.....ငါ...ငါ ဘယ်​လိုလုပ်​ရပါ့....😥😥

"ဒါ​ပေမယ့်​ ညီသစ်​ကို အရမ်းချစ်​လို့သာ ဘာမှမ​ပြောဘဲ​နေခဲ့ကြတာ....."

💙You Must Know That💙Where stories live. Discover now