Part-1

1.8K 72 6
                                    

တိမ်​​တွေထူ​နေတဲ့ ​ကောင်းကင်​ကို ​မေ့ကြည့်​ပြီး........
နဂိုတည်းက ​လေးလံ​နေ​သောစိတ်​တို့.....​ရေထဲ ​ခြေ​ထောက်​​ကျောက်​တုံးဆွဲပြီး ချလိုက်​သလို.......

"ပလုံ" ဆိုပြီး ဟိုး​အောက်​​ခြေထိ​ရောက်​သွားပါ​လေ​ရောလား...........

ပျင်းလိုက်​တာ.......ဘာမှလည်း လုပ်​စရာမရှိဘူး.....​ကျောင်းပိတ်​ရက်​​ရောက်​ရင်​ ကိုယ်​​တွေ ဘဝက ​နေအိမ်​အကျယ်​ချုပ်​ကျ​နေသလိုပဲ.........

ဘယ်​ကိုမှမသွားရ....မလာရ.....လမ်းထဲထွက်​ပြီး ​လေးငါးအိမ်​​ကျော်​က မုန့်​ဆိုင်​​လေး မုန့်​သွားဝယ်​တာ​တောင်​ ငြူစူခံရတဲ့အဖြစ်​..........

ဆိုးလိုက်​တဲ့ဘဝပါလား..........

မိန်းက​လေးဖြစ်​ရခြင်းရဲ့ မုန်းစရာအ​ကြောင်းအချက်​​တွေထင်​ပါရဲ့......😪😪😪😪

အိမ်​မှာဆို ကိုယ့်​ထက်​အကြီး အစ်​ကိုနှစ်​​ယောက်​ကိုပဲ ဂရုစိုက်​ပြီး ချစ်​ကြတယ်​​လေ.......

တစ်​ခါတစ်​​လေ​တော့လည်း ​တွေးမိတယ်​......ကိုယ့်​ကို မချစ်​ကြတာ ကိုယ်​က မိန်းက​လေးများဖြစ်​​နေလို့လား​ပေါ့..........

ဘာပဲဖြစ်​ဖြစ်​ သူတို့လိုချင်​ရင်​ အကုန်​ဖြည့်​ဆည်း​ပေးကြသ​လောက်​......ကိုယ့်​အလှည့်​ကျရင်​​တော့.....အမြဲ အဆူအ​ငေါက်​ကို ခံရသည်​.........

ဘယ်​မှမလွှတ်​ဘူးသာ​ပြော​ပေမယ့်​ သူတို့လိုအပ်​တဲ့ အရာရှိရင်​​တော့ လူကို ကျီးထိုးထိုး ​ခွေးဆွဲဆွဲဆိုပြီး တစ်​​ယောက်​တည်း သွားခိုင်းကြ​သည်​.........

အပြင်​သွားမယ်​ ဆိုရင်​ သူတို့ ကြည်​ဖြူ​အောင်​ အကုန်​လုပ်​​ပေးရ​ပေမယ့်​........ကိုယ်​လုပ်​​ပေးတာ​တွေကိုမှ မ​ထောက်​.....မသွားရဘူးဆိုရင်​ အိမ်​ထဲပြန်​ပြီး ကုပ်​ကုပ်​​လေး​နေ​နေရတာပါ​လေ........

တစ်​ခါတစ်​ရံ ကျရင်​လည်း အ​ဝေးဆုံးကိုသာ ​ပြေးထွက်​သွားချင်​မိတယ်​..........အဲလိုကျ​တော့လည်း ​တွေးမိပြန်​​ရော.........

ဪ......ငါက မိန်းက​လေး​လေ ဘယ်​ဖြစ်​ပါ့မလဲဆိုပြီး​တော့​ပေါ့..........

💙You Must Know That💙Where stories live. Discover now