Part-4

435 58 2
                                    

တည်​တံ့သူ.........

ဒီ​ကောင်​​လေးက ဘာလဲ.......ကျစ်​....အာရုံရှုပ်​လိုက်​တာကွာ.......​ခေါင်းထဲထုတ်​ပစ်​လိုက်​စမ်း..........

တွေးမေ​နေစမ်းနဲ့.......အဲ့​ကောင်​​လေး​ကြောင့်​ အရင်​က စိတ်​ရှုပ်​စိတ်​ပျက်​ရတာ​တော့ အမှန်​ပဲ......လူ​ရှေ့​ရောက်​ရင်​ အမြဲတမ်း ပျာ​နေတတ်​တာ​ကြောင့်​ရယ်​.....အချိုးမကျတဲ့ ပုံစံ​ကြောင့်​ရယ်​......ဝတ်​လိုက်​ရင်​လည်း အမြဲကျားကျား​ကြောင်​​ကြောင်​နဲ့......ဘယ်​လိုမှကို မျက်​စိထဲ အမြင်​ကြည်​လို့မရ.......

စီးပွားဖက်​ရဲ့ သား ဖြစ်​​နေတာ​ကြောင့်​ သိပ်​ပြီး မကြိုက်​တာကို ထုတ်​​ပြောလို့မရတဲ့ အ​နေအထား​ကြောင့်​ရယ်​....သူ့ကို သည်းခံ​နေရတာ​ပေါ့.......

သူ့ကို လူကြီး​တွေ ကွယ်​ရာဆိုရင်​​တော့.....မညှာဘဲ ပိုးစိုးပက်​စက်​ ​ပြောပစ်​တာ​တောင်​......သူ့ကို ပန်းနဲ့​ပေါက်​​နေတယ်​ ထင်​​နေသလားမသိ......မျက်​နှာက ပြုံးဖြဲဖြဲနဲ့ အမှတ်​ကိုမရှိပါ​လေ.......

ဒီ​နေ့မနက်​က​တော့.....သူ့ရဲ့မျက်​နှာအ​နေအထား အကြည့်​....စကားအ​ပြောအဆို......အဲဒါ​တွေက ​ပြောင်းလဲသွားသလိုပဲ.........

တခြားလူတစ်​​ယောက်​လားလို့ ထင်​ရ​လောက်​​အောင်​....အရင်​က ကျ​နော်​ဘာ​ပြော​ပြော ပြန်​မ​ပြောဘဲ အပြုံးနဲ့ ငြိမ်​ခံ​နေတတ်​တဲ့သူက.......ကျ​နော့်​မျက်​နှာကို ​စေ့​စေ့ကြည့်​ပြီး တစ်​ခွန်းမကျန်​ ပြန်​​ပြောလာသည်​......

အရင်​ကနဲ့မတူတဲ့ မျက်​ဝန်း​တွေထဲမှာ ​အေးစက်​မှု​တွေ....နာကြည်းမှု​တွေ.....မခံချင်​စိတ်​.....​ဒေါသ​တွေကို စုပြုံကာ မြင်​​နေရသလိုပဲ........

ကျစ်​.....စိတ်​ရှုပ်​လိုက်​တာကွာ......သွားစမ်း.....သူ့အ​ကြောင်း ​တွေး​နေလို့ ဘာမှဖြစ်​မလာဘူး.....​ခေါင်းထဲကထွက်​သွားစမ်း.........

အာရုံ​ပြောင်းတဲ့အ​နေနဲ့......သူ့စားပွဲ​ပေါ်​ရောက်​​နေတဲ့ လက်​မှတ်​ထိုးစရာ​တွေ.....စာရင်း​တွေထဲကိုသာ.....စိတ်​နှစ်​ထားလိုက်​​တော့.....ဟို​ကောင်​​လေး အ​ကြောင်းကိုလည်း မ​တွေးမိ​တော့.......

💙You Must Know That💙Where stories live. Discover now