Stephanotis Ch-3

655 92 0
                                    

3

Unicode (zawgyi below)

Lucas' POV

*continuation of flashback

သူရော ကျွန်တော်ရော သဲပြင်ပေါ်လဲကျသွားပြီး အရမ်းပြေးထားရလို့ ၂ ယောက်လုံးမောဟိုက်သံတွေပါနေခဲ့တယ်။

မောဟိုက်သံတွေကြားက ကျွန်တော့်ဘက်လှည့်လာပြီး သဘောတွေကျပြီးရယ်တာများ သူ့နောက်ကရိုက်လာတဲ့လှိုင်းလုံးကိုတောင်မရှောင်နိုင်ဘူး။

ကမ်းစပ်နားမှာ ကျွန်တော်တို့ ၂ ယောက်အိပ်ရာပေါ်မှာအိပ်နေသလိုမျိုး လှဲချပစ်လိုက်မိတာကြောင့် ရိုက်ခတ်လာတဲ့ လှိုင်းရေက သူရော ကျွန်တော်ရောကို လာရောက်ထိခတ်ပြီးပုတ်ခတ်သွားတယ်။

ကျွန်တော်တို့ ၂ ယောက်လုံးရေစိုသွားတော့ ထပ်ပြီးသဘောကျလို့တဟားဟားနဲ့ထပ်ရယ်ကြမိသေးတယ်။ လှိုင်းရေကြောင့်စိုသွားတဲ့သူ့ဆံပင်လေးတွေကိုကျွန်တော်သပ်တင်ပေးလိုက်ပြီး သူ့ကိုပြုံးကြည့်တော့ ကျွန်တော့်နှာခေါင်းပေါက်ထဲကိုလက်ထိုးထည့်ပြီး လူကိုကစားလိုက်သေးတယ်။

အသားကုန်ပြေးထားလို့ ၂ ယောက်လုံးမောနေကြတော့ ကျွန်တော်တို့ပစ်လှဲချလိုက်တဲ့ ကမ်းစပ်နေရာမှာပဲ ငုတ်တုတ်ထိုင်ရင်း အမောဖြေနေလိုက်ကြသည်။

သူစပြေးတာက ကမ်းစပ်အလယ်လောက်ကဆိုတော့ ကျွန်တော်တို့ရပ်လိုက်တဲ့နေရာက အစွန်ဘက်တော့ကျသွားတယ်။

ကမ်းစပ်အလယ်မှာတုန်းက ပင်လယ်ကြီးကလွဲရင်ဘာမှမမြင်ရပေမယ့် ဘေးဘက်နားရောက်တော့ သစ်ပင်နဲ့ ကျောက်ခဲလေးတချို့ကိုမြင်လာရတယ်။

ကျွန်တော့်ဘက်မှာရှိနေတဲ့ သစ်ပင်တွေကြားကနေထိုးထိုးထောင်ထောင်နဲ့ပေါက်နေတဲ့ ပန်းပွင့်သေးသေးလေးတွေကို Jung woo ကစိတ်ဝင်စားသွားဟန်ရှိသည်။

"အဲ့လိုပန်းလှလှလေးတွေက ဒီလိုအပင်တွေကြားမှာလည်းပေါက်နိုင်တာပဲလား"

သူကလက်ညှိုးထိုးပြီးမေးလာတာကြောင့် သူလက်ညွှန်ရာဘက်ကိုကျွန်တော်လှည့်ကြည့်လိုက်မိသည်။

Jung Woo ပြောသလိုပဲ ပန်းပွင့်သေးသေးလေးတွေက အစိမ်းရောင်သစ်ပင်တွေကြားမှာပေါက်နေတာမြင်လိုက်ရတော့ ကျွန်တော်တောင်စိတ်ဝင်စားသွားရတယ်

Stephanotis Where stories live. Discover now