Unicode (zawgyi below)
Lucas' POV
ကျွန်တော် ဆေးရုံကိုရောက်သွားတော့ ဓာတ်လှေကားတွေဆီကိုအသည်းအသန်ပြေးစီးမိပေမယ့် ၊ ဆေးရုံထဲကိုအပြေးတစ်ပိုင်းဝင်မိပေမယ့် Jungwoo ရဲ့လူနာအခန်းရှေ့ရောက်တော့ ခြေလှမ်းတွေနှေးသွားတယ်။
ကျွန်တော်ဟာ သူ့ရဲ့ခွင့်ပြုချက်ကိုမရထားတဲ့သူတစ်ယောက်ဆိုတာကို ကျွန်တော်ပြန်သတိရသွားတာကြောင့်
ဖြည်းဖြည်းချင်းလျှောက်လာမိပေမယ့် Jungwoo ရဲ့လူနာအခန်းရှေ့ကိုရောက်လာခဲ့တယ်။ ဒီတစ်ခေါက်မှာ Jungwoo ရဲ့အဖေလည်းရှိမနေသလို ၊ အမေလည်းရှိမနေဘူး။ အခန်းတံခါးလက်ကိုင်ကိုလှည့်ပြီးဝင်သွားမယ်လုပ်ခဲ့ပေမယ့် ကျွန်တော် ကိုယ့်ကလေးဆီကခွင့်ပြုချက်မရတော့အဲ့လောက်ထိသတ္တိတွေမကောင်းခဲ့ပါဘူး
ကိုင်ထားတဲ့ တံခါးလက်ကိုင်ကိုပြန်လွှတ်လိုက်ရင်း ထိန်းထားတဲ့သက်ပြင်းတစ်ချက်ပါလွှတ်ချလိုက်မိသည်။
နောက်ထပ်တစ်ခေါက်စဉ်းစားမိတာတစ်ခုက အခန်းထဲက ဦးလေးပဲဖြစ်ဖြစ် အန်တီပဲဖြစ်ဖြစ်ထွက်လာလို ထွက်လာငှား တံခါးခေါက်ကြည့်မယ်ဆိုတာပဲ။
ချိန်ရွယ်လိုက်ပေမယ့် ကျွန်တော်ရောက်နေတယ်ဆိုတာသူသိသွားရင် သူ့စိတ်တွေရောက်ယက်ခတ်သွားမလားဆိုတဲ့အတွေးနဲ့ပြန်လက်လျှော့ခဲ့ရတယ်
အမေပေးလိုက်တဲ့ဆန်ပြုတ်ချိုင့်ကလေးကိုကျွန်တော်ကိုင်ထားရင်း မနက်ကလိုပဲ အခန်းအပြင်ဘက်ကနံရံမှာစိတ်ပျက်လက်ပျက်နဲ့မှီလိုက်ရတယ်။
ထိုစဉ်
ရုတ်တရက်ပွင့်လာတဲ့တံခါးကြောင့် ကျွန်တော်နံရံကိုမှီနေရင်း အမြန်ကျောမတ်လိုက်မိသည်။
အခန်းထဲကထွက်လာတာက Jungwoo ရဲ့အစ်မ။
အခန်းထဲက သူ့အစ်မထွက်လာတော့ကျွန်တော်အရမ်းအားတက်မိသွားပြီးလက်ထဲက ဆန်ပြုတ်ချိုင့်လေးကိုပေးဖို့ရှေ့တိုးလိုက်မိသည်။
ဒါပေမယ့် သူ့အစ်မကငိုယိုပြီးထွက်လာတာကိုသိလိုက်ရတော့ ဆန်ပြုတ်ချိုင့်ကိုကျွန်တော်အမြန်ပြန်ရုတ်သိမ်းလိုက်ရတယ်။
YOU ARE READING
Stephanotis
FanfictionThis fic is written in both Unicode and Zawgyi Unicode သစ္စာကင်းမဲ့ပြီး ချစ်ခြင်းတရားမစစ်မှန်တော့တဲ့ ဒီလောကထဲမှာ ကိုယ်က "သူ" ဆိုတဲ့ပညတ်ချက်ကြောင့်ချို့ယွင်းချက်တစ်ခုအနေနဲ့ရှင်သန်ခဲ့တယ်.... Zawgyi သစ္စာကင်းမဲ့ပြီး ချစ်ခြင်းတရားမစစ်မှန်တော့တဲ့ ဒီလောက...