Stephanotis Ch-11

547 80 1
                                    

Unicode (zawgyi below)

Jungwoo's POV

About 2 months later

ညကလည်းသိပ်အိပ်မပျော်လို့လားမသိ။ ကတုန်ကယင်တွေဖြစ်နေခဲ့တယ်

Lucas က "မကြောက်ပါနဲ့" ပြောနေတာတောင်ကျွန်တော်စိုးရိမ်စိတ်တွေနဲ့အိပ်မပျော်ခဲ့တာဖြစ်သည်။

ကျွန်တော်ဘေးက Lucas လက်ကိုဆုပ်ကိုင်လိုက်မိသည်။

အေးစက်နေတဲ့ကျွန်တော့်လက်က သူ့လက်ပေါ်ကိုတုန်ယင်စွာရောက်လာတော့ သူကဒီတုန်ယင်မှုတွေကိုထိန်းချုပ်တဲ့အနေနဲ့ ပြန်ဆုပ်ကိုင်ပေးလာတယ်

"ငါ .... ငါ အဆင်ပြေပါ့မလား"

"မပြေစရာဘာအကြောင်းမှမရှိဘူး။ စိတ်ကိုအေးအေးထား"

"ငါရေဆာတယ်"

"ယူပေးမယ် ခဏ"

စိတ်လှုပ်ရှားနေတော့ ရေခဏခဏသောက်နေမိတယ်။ Lucas အပါအဝင် မိဘတွေရော အစ်မပါ ကျွန်တော့်ဘေးနားမှာရှိနေတာတောင် ကျွန်တော်ကြောက်စိတ်တွေဝင်ပြီး တည်ငြိမ်မှုမရှိခဲ့ဘူး

"ခွဲစိတ်ခန်းဝင်ဖို့က တစ်နာရီလောက်ပဲလိုတော့တာ။ အရမ်းကြောက်မနေနဲ့"

"အင်း"

ကျွန်တော်ကုတင်ပေါ်မှာလှဲနေရင်းနဲ့ Lucas လက်ကိုပိုပြီးတင်းကြပ်နေအောင်ကိုင်ထားလိုက်မိတယ်

ဒီနေ့က ကျွန်တော်မျက်ကြည်လွှာအစားထိုးခွဲစိတ်မယ့်နေ့မို့လို့ ကျွနိတော် အတော်လေးတုန်လှုပ်ခြောက်ခြားနေတာဖြစ်သည်။

စိတ်လှုပ်ရှားလို့ရေသောက်လိုက် ၊ ကြောက်လို့ Lucas ကိုနားပူနားဆာလုပ်လိုက်နဲ့ ကျွန်တော်ကုတင်ပေါ်မှာလှဲနေရင်း အလုပ်များနေခဲ့တယ်။ အချိန်တွေဘယ်လိုရွေ့နေမှန်းကျွန်တော်မမြင်ရပေမယ့် ကုန်ဆုံးလုနီးနီးဖြစ်နေသော တစ်နာရီ အချိန်ကပျောက်ဆုံးတော့မယ်ဆိုတာကိုတော့ ကျွန်တော်ခံစားမိသည်။

နှုတ်ခမ်းတွေခြောက်လွန်းလို့ လျှာနဲ့သပ်နေရတာလည်းခဏခဏ ဖြစ်သလို Lucas ကိုရေတောင်းနေရတာလည်းအကြိမ်ကြိမ်အခါအခါ...

အခန်းထဲတစ်ယောက်ယောက်ဝင်လာတဲ့အသံကို ကျွန်တော်ရုတ်တရက်ကြားလိုက်ရတယ်။

Stephanotis Where stories live. Discover now