Unicode (zawgyi below)
Lucas' POV
ကိုရီးယားကိုရောက်ပြီးနှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာမှပြန်ခြေချလိုက်မိတဲ့ မြေမှာ ကျွန်တော်မွေးဖွားရာဇာတိမြေ ဟောင်ကောင်... တဲ့
လေဆိပ်ကနေ ကျွန်တော်မြို့ထဲကိုရောက်ခဲ့ပေမယ့် အိမ်ကိုပြန်လာဖ်ု့ရာ taxi ရိုးရိုးတန်းတန်းမစီးခဲ့။
ငယ်ငယ်တုန်းကကျောင်းသွားတိုင်းစီးခဲ့ရတဲ့ ရထားလေးကိုလွမ်းလို့ ၊ အတိတ်ကအရသာလေးတွေကိုလွမ်းလို့ ကျွန်တော်ရထားသာစီးလာခဲ့သည်။
ကျောင်းသွားရင်အိပ်ရေးကမဝလို့ ရထားပေါ်မှာ mask ကြီးတပ်ပြီးအိပ်ငိုက်ရတာ အမော။ တစ်ခါတစ်လေ ဂိတ်ကျော်သွားလို့ ရထားပြန်စီးရင်း ကျောင်းနောက်ကျတတ်သေးတယ်။ နောက်ကျလို့ အနောက်ပေါက်ကနေခိုးဝင်လို့ လုံခြုံရေးအစောင့်မိသွားပြီး အပြစ်အနေနဲ့အိမ်သာဆေးရတာလည်း တစ်ကြိမ် နှစ်ကြိမ်တော့မဟုတ်ဘူး။
ကျွန်တော်ရထားစစီးလာတဲ့နေရာနဲ့ ကျွန်တော့်အိမ်နဲ့ကမနီးမဝေးဖြစ်လို့ ကျွန်တော့်အိမ်နားကဂိတ်ကို နာရီဝက်လောက်သာစီးရပြီးရောက်လာခဲ့တယ်။
ကိုရီးယားကနေ ဟောင်ကောင်ကိုလာတာ ၂ ပတ်ခရီးစဉ်ဖြစ်လို့ လက်ဆွဲအိတ်ကြီးမယူချင်ပေမယ့် အဝတ်ထည့်တဲ့အိတ်ကြီးယူခဲ့တာ နည်းနည်းတော့ကြီးနေလေရဲ့။ ဒီလိုအိတ်မျိုးနဲ့ရထားတိုးစီးရတာသိပ်တော့မလွယ်ဘူး။
ကျွန်တော်စီးရမယ့်ဂိတ်လည်းရောက်ရော အဲ့အိတ်ကြီးနဲ့ တံခါးပေါက်ဘက်ကိုတိုးထွက်တော့ လူတစ်ယောက်ကိုတိုက်မိပြီး သူ့လက်ထဲက စာအုပ်လေးတစ်အုပ်ပြုတ်ကျသွားသည်။
လူမှုရေးအရ အမြန်ပြန်ကောက်ပြီးတောင်းပန်ပေမယ့် ထိုလူကအနည်းငယ်ဒေါသထွက်သွားသလိုရှိသည်။ စာအုပ်လေးက မှတ်စုစာအုပ်လေးဖြစ်လို့လားမသိ ပြုတ်ကျသွားတော့လိပ်စာကတ်တချို့ကပါထွက်ကျသွားတယ်။ တစ်ကတ်မကျန်ကျွန်တော်အမြန်ပြန်ကောက်ပေးလိုက်တယ်
"တောင်းပန်ပါတယ်နော် ကျွန်တော်အလောကြီးသွားလို့ပါ"
လက်ထဲက လိပ်စာကတ်ပြားတွေကိုကျွန်တော်ထိုလူရဲ့လက်ထဲထည့်ပေးလိုက်သည်။
ESTÁS LEYENDO
Stephanotis
FanficThis fic is written in both Unicode and Zawgyi Unicode သစ္စာကင်းမဲ့ပြီး ချစ်ခြင်းတရားမစစ်မှန်တော့တဲ့ ဒီလောကထဲမှာ ကိုယ်က "သူ" ဆိုတဲ့ပညတ်ချက်ကြောင့်ချို့ယွင်းချက်တစ်ခုအနေနဲ့ရှင်သန်ခဲ့တယ်.... Zawgyi သစ္စာကင်းမဲ့ပြီး ချစ်ခြင်းတရားမစစ်မှန်တော့တဲ့ ဒီလောက...