Unicode (zawgyi below)
Jungwoo's POV
"ဂျောက်..."
အခန်းတံခါးဖွင့်သံတစ်ချက်ကျွန်တော်ပြန်ကြားလိုက်သည်။ အစ်မကျွန်တော့်ကိုစိတ်မချလို့ပြန်ဝင်လာတယ်ထင်ပါရဲ့။
ဒီတစ်ခါတော့ကျွန်တော် "ထွက်သွား" လို့အော်လိုက်ဖို့အားမရှိသေး။
ပြီးတော့လည်း ကျွန်တော်ကိုယ်တိုင်ပစ်ပေါက်လိုက်မိတဲ့အရုပ်ကိုပြန်ကောက်ခိုင်းဖို့ရာ သူ့အကူအညီလိုအပ်တယ်လေ...
တိတ်ဆိတ်နေတဲ့အခန်းထဲကအသံတွေကိုကျွန်တော်အရင်ကထက်ပိုပြီးအာရုံစူးစိုက်နေမိသည်။ ကျွန်တော့်မှာအမြင်အာရုံကမရှိတော့လို့ အကြားအာရုံကိုပိုပြီးအားကိုးမိတာဆိုပိုမှန်မည်။
ကျွန်တော့်ကုတင်နားကိုတစ်လှမ်းချင်းလျှောက်လာတဲ့အသံကိုကျွန်တော်ကြားနေရတယ်။
ခဏလောက်ကြာတော့ ကျွန်တော့်ဘေးက ခုံလေးမှာဝင်ထိုင်လိုက်တာကိုကျွန်တော်အာရုံရလိုက်သည်
"ကိုယ်ပေးတဲ့အရုပ်ကိုတောင် ကလေး ကပစ်ပေါက်ထားတယ်ဆိုတော့ ကလေး ဘာတွေစိတ်အလိုမကျဖြစ်နေတာလဲ..?"
ကျွန်တော့်ရဲ့ အရေပြားပေါ်မှာအတည်တကျရှိနေတဲ့ မွှေးညှင်းတွေထောင်ထကာ ကြက်သီးတွေထသွားသည်။ စောင်ပေါ်တင်ထားတဲ့ ကျွန်တော်လက်တွေဟာလည်းသွေးမရှိတော့သလိုအေးစက်ခဲ့တယ်
ကျွန်တော် .... အကြောက်ရဆုံးအဖြစ်အပျက်တစ်ခုကကျွန်တော်မမျှော်လင့်ထားဘဲနဲ့တကယ်ဖြစ်လာခဲ့တယ်။ ကျွန်တော်အတွေ့မခံနိုင်တဲ့ လူတစ်ယောက်ကကျွန်တော့်ဘေးကိုတကယ်ရောက်လာခဲ့တာ။
ကျွန်တော့်နှုတ်ခမ်း ၂ လွှာဟာစောနကလိုစေ့မနေဘဲ ဟလျက်သွားဖြစ်သွားခဲ့တယ်
ဘာ့ကြောင့်မှန်းမသိတုန်ယင်မှုတွေကိုခံစားလာရတယ်။
ကျွန်တော်သူ့ကိုမမြင်ရတဲ့အချိန်မှာ သူကကျွန်တော့်ရဲ့ဒုက္ခဆင်းရဲပုံတွေကိုမြင်နေရတယ်... တဲ့
ဒါမျိုးကိုအရင်ကမတွေးမိခဲ့ဖူးတာအမှန်ပါ...
ကျွန်တော်လက်တွေဟာ ခဏလေးအတွင်းမှာပဲ နူးညံ့မှုတွေကိုခံစားလိုက်ရတယ်။

KAMU SEDANG MEMBACA
Stephanotis
Fiksi PenggemarThis fic is written in both Unicode and Zawgyi Unicode သစ္စာကင်းမဲ့ပြီး ချစ်ခြင်းတရားမစစ်မှန်တော့တဲ့ ဒီလောကထဲမှာ ကိုယ်က "သူ" ဆိုတဲ့ပညတ်ချက်ကြောင့်ချို့ယွင်းချက်တစ်ခုအနေနဲ့ရှင်သန်ခဲ့တယ်.... Zawgyi သစ္စာကင်းမဲ့ပြီး ချစ်ခြင်းတရားမစစ်မှန်တော့တဲ့ ဒီလောက...