Unicode (zawgyi below)
Jungwoo's POV
3 months later
တဖြည်းဖြည်းချင်းပြန်ကောင်းလာတဲ့ ခြေထောက်ကျန်းမာရေးရလဒ်ကြောင့်ကျွန်တော်ဆေးရုံမှာမနေတော့ဘဲ အိမ်မှာသာနေပြီး လမ်းလျှောက်ကျင့်နေတာ လအနည်းငယ်ခန့်ကြာပြီဖြစ်သည်။
မြေပြင်ပေါ်မှာ တစ်လှမ်းကို ၁ မိနစ်လောက်ကြာအောင်လျှောက်ရတဲ့ အခြေအနေကနေ စက္ကန့်ဝက်လောက်သာကြာတော့တဲ့အခြေအနေမို့လို့ ကျွန်တော်ဆေးရုံကဆင်းခဲ့တာဖြစ်တယ်။
အဖေနဲ့ အမေကတော့ဆေးရုံမှာဆက်နေစေချင်သေးပေမယ့် (၁) နှစ်လောက်ကြာအောင်ဆေးရုံမှာနေခဲ့ရတဲ့ကျွန်တော်လည်းအရမ်းငြီးငွေ့နေပြီဖြစ်သည်။
အိမ်ထဲမှာတော့ အထိန်းကိရိယာလေးကိုအားပြုစရာမလိုတော့ပေမယ့် လိုလိုပိုပိုသုံးရင်းလျှောက်တတ်ပေမယ့် အပြင်မှာဆိုရင်တော့ wheel chair တကားကားနဲ့သွားနေရတုန်း။
ဒါ့ကြောင့်လည်း ဆေးရုံကဆင်းလာကတည်းကကျွန်တော်အပြင်တွေသိပ်မသွားတော့တာ နေအလင်းရောင်တောင်ကျွန်တော့်အသားပေါ်မထိတာကြာခဲ့ပြီဖြစ်သည်။
Lucas ကသာကျွန်တော်ပျင်းနေမှာစိုးလို့ဆိုပြီး အပြင်ထွက်ဖို့ခဏခဏလာခေါ်တတ်တယ်။
အခုတော့ဖြင့်
ကျွန်တော့်အိပ်ခန်းထဲက ကျွန်တော့်အဝတ်ဗီရိုကိုစိတ်ကြိုက်ဖွနေတဲ့ Lucas ကိုကျွန်တော်ကုတင်ပေါ်ကနေသာထိုင်ငေးကြည့်နေမိသည်။
သူကတော့ ကျွန်တော်နဲ့လိုက်မယ်ထင်တဲ့အဝတ်တွေကိုသူကိုယ်တိုင်ရွေးပြီးခရီးဆောင်အိတ်ထဲသာကြိတ်ထည့်နေတယ်။
Andovoke Bay ကိုစိတ်ပြေလက်ပျောက်သွားကြရအောင်ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော့်အတွက် ခရီးမှာလိုအပ်မယ့်ပစ္စည်းတွေကိုသူကိုယ်တိုင်လာစီစဉ်ပေးနေလေရဲ့။
လူကောင်းလိုမသွားနိုင်မှန်းသိလျက်နဲ့ ဒီခရီးကိုသူစီစဉ်ခဲ့တာဟာ ကျွန်တော့်ရဲ့စိတ်ပျော်ရွှင်မှုတွေကိုသူတစ်ဖက်တစ်လမ်းကနေမရမက ရှာဖွေသယ်ဆောင်ပေးနေခြင်းဖြစ်သည်။
"ကိုယ်ဒီအင်္ကျီလေးပြန်ထည့်လိုက်မယ်နော်"
ကျွန်တော့်ကိုတောင်လှည့်မကြည့်ဘဲ ကောက်ထည့်လိုက်တဲ့ အင်္ကျီက လွန်ခဲ့တဲ့ (၃) နှစ်ခွဲကျော်လောက်က သူနဲ့ကျွန်တော် Andovoke Bay ကိုပထမဆုံးသွားတုန်းက ကမ်းခြေဒီဇိုင်းနဲ့ရှပ်အင်္ကျီတစ်ထည်သာဖြစ်သည်။

أنت تقرأ
Stephanotis
أدب الهواةThis fic is written in both Unicode and Zawgyi Unicode သစ္စာကင်းမဲ့ပြီး ချစ်ခြင်းတရားမစစ်မှန်တော့တဲ့ ဒီလောကထဲမှာ ကိုယ်က "သူ" ဆိုတဲ့ပညတ်ချက်ကြောင့်ချို့ယွင်းချက်တစ်ခုအနေနဲ့ရှင်သန်ခဲ့တယ်.... Zawgyi သစ္စာကင်းမဲ့ပြီး ချစ်ခြင်းတရားမစစ်မှန်တော့တဲ့ ဒီလောက...