အပိုင်း(၃)

1.3K 84 0
                                    

တလက်လက်တောက်ပနေသောကြယ်ကလေးများကိုကြည့်ရင်းသက်ပြင်းအကြိမ်ကြိမ်ချမိသည်။ရံဖန်ရံခါတိုးဝှေ့တိုက်ခတ်နသောအေးမြနေသည့်လေလေးများကိုရှူရှိုက်မိလျှင်လည်း ခဏတာစိတ်သက်သာရာရမိပြန်သည်။ထိန်ထိန်သာနေတဲ့လမင်းကြီးကိုကြည့်တော့လည်းအပူပင်ကင်းမဲ့နေသလိုပင်။ မကျဉ်းမကျယ်အခန်းလေးတစ်ခုတွင် ပန်ကာလေးတစ်လုံး စာကြည့်စားပွဲတစ်လုံးနှင့် ပြန့်ကျဲနေသော စာရွက်များ .. အဝတ်တန်းပေါ်ရှိမလျှော်ရသေးသော Duty coatနှင့်အဝတ်အစားတချို့။ အရာအားလုံးကစနစ်မကျစွာရှိနေသည်။

"ဟင့် စိတ်ချမ်းသာတယ် .. စိတ်ချမ်းသာတယ် လာချင်အုံးဟဲ့ ရန်ကုန် တက်ချင်အုံးဟဲ့ ရန်ဆေး အတောင်ပံပါရင်တောင်ကြီးဆီကို လေးဘက်ထောက်သာပြန်ခဲ့ချင်တယ်ဖွားရေ"

အနည်းငယ်ငိုသံပါနေသောအသံနှင့်ဆံပင်များကိုလက်နှင့်ထိုးဖွထားသောကြောင့်ရှုပ်ပွနေပြီး မျက်မှန်တက်ကာ စာလုပ်နေရသောကြောင့် ကြောင်စီစီဖြင့်အော်ချင်ရာအ်ာနေသော မေလဲ့။

"မေလဲ့ .. အပိုတွေအော်နေလို့ရော စာပြီးလို့လား Roll 1 မကြီးက ညည်းနေတော့ ငါကသေပေးရမှာလား"

"စိတ်ညစ်လို့ပေါ့ဟဲ့ အဝတ်တွေကလဲမလျှော်ရသေးဘူး စာတွေကလည်းပိ ဆရာကလည်းဟာ ငါ့ပဲစာမေးနေတာပဲ စိတ်ညစ်လာပြီ"

"နင်က Roll 1 ကိုးခံပေါ့ မမေးစေချင်ရင် စာလဲမလုပ်နဲ့အိပ်တော့ နင့်Roll 1 ကိုလည်း လိုချင်နေတဲ့သူတွေဆီပေးလိုက်အေးရော"

"ဟွန်း မပေးပါဘူး တော်ပြီဟာ အိပ်တော့မယ်
စိတ်မပါတဲ့အဆုံးတော့အိပ်တော့မယ်"

"အေး ငါလဲအိပ်မှာ မအိပ်ခင် အိုပါးတွေရဲ့ insta လေးတော့ဝင်ကြည့်မှဖြစ်မယ် ခိခိ"

"နှာဘူးမ၊တဏှာရရူးမ၊အထန်မကြီး"

"နင်ကြတော့ရော ၁၂ ယောက်လုံး Bias ဆိုဆိုပြီးငါ့ ဟွန်းနီးလေးကိုနှိုက်နှိုက်မြည်းနေတာ"

"ဘာဖြစ်လဲ မြည်းမှာပဲ ခုလဲ ဟွန်းနီးလေးဆစ်ပက်ခ်ကိုမြင်ယောင်ပြီးအိပ်မှာ ဟဲဟဲ"

"ဂါးးးး မေလဲ့မကြီး .. နင့်ကိုသတ်ချင်တယ်"

"ဂွနိုက်ပါ အချစ်လေးရေ ဟီးဟီး"

ကြိုးWhere stories live. Discover now