ကလေးစုတ်လေးရှောင်နေတာ (၁) ပါတ်လောက်ရှိနေပြီဖြစ်သည်။FB မှာများ active မလားလို့ကြည့်မိလိုက်သော်လည်း active မတွေ့မိ၊ message လဲတစ်စောင်မှမပို့၊ဖုန်းလဲမဆက် .. လုံးဝကိုပျောက်နေသည်။ကျောင်းတက်နေရသည်မို့မအားတာကို အခွင့်ကောင်းယူပြီးပျောက်နေသောကလေးစုတ်အားစိတ်တိုသောကြောင့် မိမိဘက်ကလဲစ၍ မဆက်သွယ်ဖြစ်။ကျောင်းပိတ်ရက်မှ Blue Ray သို့သွားကာ အမိဖမ်းမည်ဟုဆုံးဖြတ်ချက်ချလိုက်သည်။
"ရွက်ဝါ သောကြာနေ့ညနေ Blue Ray ကိုသွားရအောင်"
"ဘာလဲ ! ကလေးသွားဖမ်းမလို့လား မတွေ့ရတော့အရမ်းလွမ်းနေပြီပေါ့လေ "
"မဟုတ်ပါဘူး green tea သောက်ချင်လို့ပါ "
"ဟင်းဟင်း သိနေတယ်နော်"
"မသာရေ အအေးသောက်ချင်လို့ပါဆို ! "
"အေးပါ .. ငါ့ကိုဝယ်ကျွေးမယ်ဆိုရင်လိုက်မယ်"
ထိုကဲ့သို့အခွင့်အရေးကောင်းကိုအသုံးချတတ်သောရွက်ဝါကိုအမြင်ကတ်၍မဝယ်ကျွေးချင်ပါသော်လည်း မတတ်နိုင် မိမိက ကလေးစုတ်လေးကိုတအားသတိရနေသည်လေ။ထို့ကြောင့်ခေါင်းတချက်သာငြိမ့်ကာ ကလေးစုတ်ကလေးကိုတွေ့ရဖို့အတွက်သာ အာရုံပြုပြီး မုန့်ဝယ်ကျွေးဖို့ရာအတွက်လိုက်ရောခဲ့မိသည်။
Blue Ray ဆိုင်သွားတော့ ခါတိုင်းလို ထိုကလေးက counter မှာရှိမနေသောကြောင့် သူ့နေရာတွင်အစားထိုင်နေသောမိန်းကလေးတစ်ယောက်ကိုသာသူ့နာမည်ပြောပြီးခေါ်ခိုင်းလိုက်ရသည်။၁၀မိနစ်လောက်ကြာတော့မှထွက်လာသောထိုကလေး ဆံပင်တွေကိုလဲ blonde အရောင်ဆိုးထားကာ style တွေပြောင်းနေသည်။မျက်နှာလေးကတော့အရင်လိုချစ်ဖို့ကောင်းနေဆဲ။ရောက်လာတာနှင့်ဂုတ်ကိုလက်ဖြင့်ပွတ်သတ်နေကာ အံ့သြမျက်ဝန်းများနှင့်မိမိကိုကြည့်နေသည်။
"ဘာလဲ ! မကျေနပ်ဘူးလားပြော ထပြန်မှာနော်"
"အယ် .. မဟုတ်ပါဘူး အမကရုတ်တရတ်ကြီးဆိုတော့အံ့သြသွားလို့ပါ"
"ဘယ်သူကအံ့သြရမှာလဲပြော .. ဖုန်းတောင်တစ်ချက်မဆက်ပဲပျောက်နေတာနှိုင်းလေ"
"ဟီး ... အလုပ်တွေနည်းနည်းရှုပ်နေလို့ပါ ဒီပိတ်ရက်ကိုအမဆီလာမလို့ပါပဲ"