ပြန်စဉ်းစားကြည့်လျှင်တကယ်ရီရသည်။သို့သော်ဝမ်းနည်းစရာကောင်းသည်။သာမန်အချစ်ရေးကိုတစ်စက်ကလေးမှတောင်မထိတွေ့ဖူးခဲ့တဲ့ကိုယ်ဟာမိန်းကလေးတစ်ယောက်ကိုကြိုက်သည်တဲ့လား။အချစ်ဆိုသည်မှာဒီလောက်ဆန်းကျယ်လိမ့်မည်ဟုမထင်ခဲ့သလိုနှိုင်းတွင်လဲဒီလိုအချစ်မျိုးရှိလာလိမ့်မည်ဟုမထင်ခဲ့မိပါ။သူမိန်းကလေးဖြစ်နေလို့နှိုင်းကကြိုက်တာလား ?
ဒါဆိုနှိုင်းကမိန်းကလေးတွေကိုကြိုက်တတ်တဲ့သူလား ? နှိုင်းအတွက်တော့အတော်လေးကိုရှုပ်ထွေးလွန်းပါသည်။ထို့ကြောင့် အတွေ့အကြုံရှိမိိမိထက်ထိုကိစ္စများကိုသိသော ရင်ဖွင့်တိုင်ပင်ဖော်တိုင်ပင်ဘက်ဖြစ်သောလေပြေ့ကိုအကူအညီတောင်းကာ အဖြေထုတ်ရသည်လေ။လေပြေမှာစစကြားကြားချင်းမယုံနိုင်လောက်ပင်ဖြစ်ကာ ဒိုင်းကနဲဒိုင်းကနဲ သွေးများဆောင့်တက်ခဲ့သည်လေ။လေပြေကိုယ်တိုင်ကလဲLGBT accept ပါသည် support ပါသည်ဟုဆိုကာ Gay movie များကြည့်သောငြား အရမ်း close ဖြစ်သောယောကျာ်းလေးများကို ဟိုship ဒီship လုပ်သော်ငြား Tom Boy လေးတွေဆိုချစ်စရာကောင်းသည်ဟုပြောကာငမ်းတတ်သော်ငြား နှိုင်းကမမမေလဲ့ကိုကြိုက်နေပြီလားမသိဟုပြောလိုက်ရာတွင်သွေးပျက်ခဲ့သည်လေ။ဘယ်သူမဆိုနဖူးတွေ့ဒူးတွေ့ တွေ့ကြုံမိလျှင်လက်ခံဖို့ခဲယဉ်းသည်မဟုတ်ပါလား ~ တစိမ်းသူမပြောပါနှင့်နှိုင်းကိုယ်တိုင်တောင်သတိထားမိမိချင်းသွေးပျက်ကာ လက်မခံနိုင်ဖြစ်ခဲ့ရပါသည်။သို့သော် အချစ်နှင့်စစ်မှာမတရားတာမရှိဘူးတဲ့ .. နှိုင်းသည်လဲမိန်းကလေးဖြစ်သောမမပိစိကိုချစ်မိသည် ကြိုက်မိသည်မှာတရားပါသည်လေ။လူလူချင်းချစ်ခြင်း၊ကြိုက်ခြင်းမဟုတ်ပါလား။ထိုသူသည် ယောကျာ်းဖြစ်သဖြင့်မကြိုက်ခြင်းမဟုတ် မိန်းမဖြစ်သဖြင့်ကြိုက်ခြင်းလဲမဟုတ် ထိုသူသည်မိမိ၏လက်ဝဲဘက်နှလုံးသားကိုတုန်လှုပ်စေသော၊စိတ်လှုပ်ရှားစေသော လူတစ်ယောက်ဖြစ်သောကြောင့်မမပိစိကိုချစ်သည်။ထို့သို့ချစ်သည်ဆိုသည့် solution မရမချင်းမမပိစိကိုတတ်သမျှရှောင်လင်းသိုင်းတွေသုံးကာရှောင်နေခဲ့ကာတစ်ပါတ်ကျော်ကျော်လောက်စဉ်းစားခဲ့ရပါသည်။နောက်ဆုံးတော့မိမိ၏နှလုံးသားလေးကပဲမိမိကိုလာပြန်ချော့သောကြောင့်အကျေနပ်ကြီးကျေနပ်ရပါသည်။မည်သို့ပင်မမပိစိသည်ဖြောင့်နေကာမူမိမိအတွက်မျှော်လင့်ချက်ရောင်ခြည်ရေးရေးလေးတော့ရှိသည်မဟုတ်လား။မိမိတွင်လဲကြိုးစားပိုင်ခွင့်ရှိသည်မဟုတ်လား။သို့သော်မိမိဘက်ကထိုသို့မဖြူစင်သောအချစ်များဖြင့်ချစ်နေပြီးတစ်ဖက်ကလူကဖြူဖြူစင်စင်အချစ်များဖြင့်ချစ်နေသည်မှာအောင့်သီးအောင့်သက်နှင့်စိတ်မသက်မသာရစေပါသည်။ထို့ကြောင့်ခံစားချက်များအားရပ်တန်းကရပ်မည်ဟုစဉ်းသော်ငြား သူ့ကိုတွေ့လျှင်ခုန်နေသောနှလုံးသားလေးဟာလဲထိန်းချုပ်လို့မရသလိုအချစ်တွင်ပျော်ဝင်ကျွမ်းလောင်နေသောမိမိ၏အကြည့်များနှင့်လှုပ်ရှားမှုတို့ရပ်တန့်၍မရပေ။သိပ်ကိုဆိုးလွန်းသည့်သူ့ကိုချစ်နေသောနှလုံးသားလေးသည်မိမိကိုအမြဲတစေလွန်ဆန်ကာ ချစ်စေပါသည်။နောက်ဆုံးတွင်လက်လျှော့ကာမမပိစိမရိပ်မိအောင်ပဲခိုးကြောင်ခိုးဝှက်ရဲရဲကြီးတဖက်သက်ချစ်ဖို့ဆုံးဖြတ်လိုက်ပါတော့သည်။