Korean Chief Park Jo Hyun နဲ့ တစ်ပါတ်တာ သင်တန်းတောင်ပြီးသွားပြီဖြစ်သော်လည်း နှိုင်းထိုအမပိစိနှင့်သိပ်မခင်သေး။သူနှင့်ခင်ချင်လွန်းသဖြင့် တစ်နေ့တစ်နေ့ သူ့fb acc ကြီးကို ဝင် check ရလွန်းလို့လည်း search bar တွင် M ဟု ရိုက်လိုက်ရုံနဲ့ ထိုအမပိစိ၏acc ကြီးကျလာသည်အထိဖြစ်သည်။ထိုအမပိစိသည် စာလုပ်နေရ၍လား ဘာလုပ်နေရ၍လဲတော့မသိ သူ acc မီးစိမ်းသည်ကို သိပ်မမြင်မိ .. ။လေပြေတို့ပြောသည်ကတော့ ထိုအမက instagram တော့သုံးသည်တဲ့။သူတို့ပြောလို့နှိုင်းမှာ Insta acc ကြီးဖွင့်ကာ သူ့ acc ကိုfollow ထားရသည်။သူနဲ့ဘာကြောင့်ဒီလောက်ခင်ချင်နေလဲကိုယ့်ကိုကိုယ်တောင်စဉ်းစားမရ။သူ့acc ကို see first လုပ်၍သာထားလိုက်မိသည်။ပျင်းပျင်းရှိသည်နှင့် FB ထဲသို့ဝင်ကာ cookat page မှ video များကို မစားရဝကမန်းကြည့်နေလိုက်သည်။
Tong ~~
notification သံကြောင့်ကြည့်လိုက်မိရာ .. May Lae liked your photo. နှိုင်းအမြင်များမှားနေသလားလို့ acc ထဲတောင်ဝင်ကြည့်လိုက်မိသည်။like ထက် love react ပိုများသော love react ကြသော ၉၉% မှာ မိန်းကလေးများဖြစ်နေသော ထူးဆန်းလွန်းသည့်ထို acc ပိုင်ရှင် မမပိစိ အမှန်အကန်ကို မိမိပုံကို like ပေးသွားသည်။ချက်ချင်းပင်ထို noti အား screenshoot လိုက်ကာ u see ? ဆိုသောစာသားနှင့်အတူGp chat ထဲသို့ပို့လိုက်သည်။📲စောင်လောရှည်မကြည့်လို့ကိုမရဘူး .. အဲ့တော့ငါတို့က ဘာလုပ်ရမှာလဲ 😒
📲ဘာမှလုပ်လို့မရတဲ့ဟာကိုလုပ်ချင်မနေပါနဲ့ ဟဲဟဲ ငါက မမြင်ဖူးမှာစိုးလို့ပြတာ 😝
📲စောင်လောရှည်မ ဖြစ်ပျက်နေတာ နင်ရူးသွားပြီလား ကိုကိုမင်းပြည့်ဆီမှာအလုပ်လုပ်ကတည်းက ကျပ်မပြည့်တော့တာ ဒါမှမဟုတ်ပြုစားခံလိုက်ရတာလား ယတျာချေရအောင်ပါ နှိုင်းရယ်
📲😑 တော်ပြီ ကိုယ့်ဘာသာပဲပျော်တော့မယ်
စိတ်ကောက်ကာချက်ချင်းကိုလိုင်းပေါ်ကဆင်းသွားသောနှိုင်းကိုကြည့်ပြီး လေပြေအံ့သြရုံမှတစ်ပါး။
"ကြိုး"Time flys so fast ဆိုသည့်အတိုင်း အချိန်တွေကုန်သည်မှာသိပ်မြန်လွန်းသည်။သိပ်ခင်ချင်ခဲ့သော မမပိစိနှင့်လည်း ခင်ခွင့်ရခဲ့လေပြီ။Game ကစားသလို level ပြောကြေးဆိုလျှင် နှိုင်းlevel မှာ Master (3) လောက်ရှိနေပြီဖြစ်သည်။လေပြေတို့ first year နှစ်ဝက်တစ်ခုလုံးဆေးကျောင်းသို့ချောင်းပေါက်မတက်သွား၊Blue Ray သို့လာသောထိုမမပိစိ၏အကြိုက်များကို စာအုပ်ထဲတွင်ချမှတ်၊သူလာသောပိတ်ရက်နေ့တိုင်း cake ပေါင်းစုံလုပ်ကာ sample များကျွေးကာ ဒိုင်လုပ်ခိုင်း၍လည်းကောင်း မျိုးစုံလုပ်ကာထိုမမပိစိနှင့်ခင်ခွင့်ရခဲ့သည်။