Unicode
ဆုံစည်းစေသော ကံကြမ္မာ
( အပိုင်း - ၁၄ )
"ဘာပြောလိုက်တာလဲ နွေကဗျာ "
"ဪ မဟုတ်ပါဘူး MD ။ ကျွန်မ သူငယ်ချင်းတစ်ယောက်လည်း အဲ့ဒီလိုပြောခဲ့ဖူးတာ သတိရသွားလို့ပါ "
"အင်း"
လဝန်းသည် နွေ့မျက်နှာကိုကြည့်ပြီး စိတ်ထဲ တမျိုးခံစားနေရသည်။ နွေ ရိပ်မိသွားတာများလား ဟု လဝန်း စိတ်ထဲထင့်သွားသည်။
"ဒါဆို MD ၊ ကျွန်မ နောက်နေ့မှ ဒီဇိုင်းယူပြီး ထပ်လာခဲ့ပါ့မယ် "
"အင်း ၊ ကောင်းပါပြီ "
"ကျွန်မ သွားလိုက်ပါဦးမယ် "
"အင်း.."
နွေသည် ဆည်းဆာချိုကို မျက်နှာလွှဲပြီးသည်နှင့် မဲ့ပြုံးပြုံးမိသည်။ "လဝန်း နင်က ဆည်းဆာချိုအဖြစ်နဲ့ ငါ့ကို ဒုက္ခပေးချင်တာလား ။ သူရ နဲ့ ငါ့ကို ကလဲ့စားချေချင်တာ နင့်ရည်ရွယ်ချက်မဟုတ်လား ။ ငါ နင့်ရည်ရွယ်ချက်ကို တားဆီးရမှာပဲ ။
နင်က သေတာတောင် အေးဆေးမနေဘူး ။ နင်ရော ဆည်းဆာချိုရော နှစ်ယောက်လုံးကို ငါအလွတ်မပေးဘူး " နွေ့စိတ်ထဲ ၌ ကြုံးဝါးပြောဆိုနေမိသည် ။××××××××
သည်နေ့ ကုမ္ပဏီမှာ ဒီဇိုင်းကိစ္စ အစည်းအဝေးလုပ်ပြီး ဆွေးနွေးနေကြသည်။ အစည်းအဝေးပြီးတော့ အားလုံးပြန်ဖို့ ပြင်နေသည့်အချိန် ။
"ခဏ ပြန်ထိုင်ကြပါဦး ။ ကျွန်တော် အားလုံးကို ပြောစရာတစ်ခုကျန်ပါသေးတယ် "
ခန့်ထည်ဝါ၏ စကားကြောင့် အားလုံးပြန်ထိုင်ပြီး ဘာပြောမလည်း နားစွင့်နေကြသည်။
"ကျွန်တော်နဲ့ ဆည်းဆာချို နောက်သုံးရက်နေရင် မင်္ဂလာပွဲ ကျင်းပတော့မှာပါ "
အားလုံးက ရုတ်တရက် ကြားလိုက်ရသောစကားကို မယုံနိုင်ဖြစ်ပြီး ပါးစပ်အဟောင်းသားနှင့် အံ့သြမှင်သက်သွားကြသည်။
"ကျွန်တော် ညနေကျရင် ဖိတ်စာတွေ အားလုံးကို လိုက်ဝေပေးပါ့မယ် ။ လာမယ့် တနင်္ဂနွေကျရင် ကျွန်တော်နဲ့ ဆည်းဆာချို ရဲ့ မင်္ဂလာပွဲကို အားလုံးလာခဲ့ဖို့ ဒီကနေ တစ်ခါတည်း ဖိတ်လိုက်ပါတယ် "
![](https://img.wattpad.com/cover/144727801-288-k239779.jpg)