part -12

6.1K 453 6
                                    

Unicode

ဆုံစည်းစေသော ကံကြမ္မာ

( အပိုင်း - ၁၂ )

နွေသည် ကေဇင့်ဖုန်းနံပါတ် ခေါ်လိုက်သည်။ ဆည်းဆာချိုအကြောင်း စုံစမ်းဖို့ ကေဇင့်ကို အကူအညီတောင်းရန် ဖြစ်သည်။

"ဟဲလို နွေ "

" ငါ နင့်ကို အကူအညီတောင်းစရာရှိလို့ ကေဇင် "

"အင်း ပြောလေ  နွေ ၊ ငါ ဘာကူညီပေးရမလဲ "

"ငါတို့ ကုမ္ပဏီက သူဌေး ဆည်းဆာချိုအကြောင်း သေချာသိချင်တာ ။ အဲ့ဒါ နင် စုံစမ်းပေး "

"ဘာဖြစ်လို့လဲ နွေရဲ့ "

"ငါ့အထင် ဆည်းဆာချို တစ်ခုခုထူးဆန်းနေလို့ ။ နင် သေချာစုံစမ်းပေးပါ ကေဇင်ရယ် "

"အေး စိတ်ချပါ နွေ ။ ငါ စုံစမ်းပေးပါ့မယ် "

"ကျေးဇူးပါဟာ "

နွေ ဖုန်းချပြီး ပြုံးမိသည်။ သိပ်မကြာခင် ဆည်းဆာချို ဘာကြောင့် သည်လိုလုပ်တယ်ဆိုတာ သေချာသိရတော့မှာပါ ။ နောက်ပြီး လဝန်းနှင့် ဆည်းဆာချို ဘယ်လိုပတ်သတ်လဲ ။ သူရကို ဘာကြောင့် ဆည်းဆာချိုလို မိန်းကလေးက ရင်းနှီးချင်ရတာလဲနောက်ကွယ်က အကြောင်းတွေအားလုံး အဖြေပေါ်လာတော့မှာပါ ။ မကြာတော့ပါဘူး ။

×××××××

သူရသည် လဝန်းကို တွေ့ဖို့ချိန်းလာတာကြောင့် ပန်းခြံလေးကို ရောက်လာခဲ့သည်။ သူရကတော့ ခုံတန်းမှာ ထိုင်ရင်း အဝေးကို ငေးနေသည်။ လဝန်းသည် သူ့ဘေးမှာ ဝင်ထိုင်ရင်း အတွေးလွန်နေသော သူရကို ခေါ်လိုက်သည် ။

"ကိုသူရ "

"ဆည်းဆာချို "

"ကိုသူရ ကျွန်မကို ချိန်းတာ ဘာကိစ္စများရှိလို့လဲ "

"ဟို...ကျွန်တော် ဆည်းဆာချိုကို ပြောစရာရှိလို့ပါ "

"အင်း ပြောလေ  "

သူရက စိတ်လှုပ်ရှားဟန်နှင့် သက်ပြင်းတွေ အကြိမ်ကြိမ်ချနေသည် ။ ခဏအကြာ တွန့်ဆုတ်နေရာမှ ပြောလာသည် ။

"ကျွန်တော် ဆည်းဆာချိုကို ချစ်တယ် "

လဝန်းသည် သူရ၏ ပုံစံကိုမြင်ကတည်းက သည်စကားပြောလာမည်ဆိုတာ ရိပ်မိပြီးသားပင် ။ ဒါပေမဲ့ ဟန်ဆောင်ပြီး အံ့သြသည့် အမူအရာဖမ်းကာ အရှက်သည်းဟန် ဆောင်လိုက်သည် ။

ဆုံစည်းစေသော ကံကြမ္မာ ( Completed) Dove le storie prendono vita. Scoprilo ora