Postcard Lover😍😍

3.3K 167 15
                                    

လူနှစ်​​ယောက်​ဟာ အမြဲတမ်းတပူးပူးတတွဲတွဲ ဒါမမဟုတ်​ အ​ပျောက်​မခံချင်​​လောက်​​အောင်​ ​တွေ့​နေကြတဲ့သူဆို
ဒါဟာ ခင်​မင်​မှု ဒါမှမဟုတ်​ အရမ်းချစ်​ခင်​ရ​သော သူနှစ်​​ယောက်
အများက​တော့ ဒီလိုပဲ ထင်​မြင်​ကြတယ်

ဒါ​ပေမဲ့ ကျွန်​​တော်​တို့နှစ်​​ယောက်​ရဲ့ အဖြစ်​ကိုကြ​တော့​ရော
ဘယ်​လို​ပြောရမလဲ ရင်းနှီးသလား​မေးရင်​ ​တွေ့​တောင်​မ​တွေ့ဖူးဘူး

မ​တွေ့ဘူး​တော့ အသံ​လေး ဘာ​လေးကြားဖူးလား​မေးကြည့်
မျက်​နှာ​လေး​တောင်​ မ​တွေ့ဘူးတာ အသံဆို မစဉ်းစားနဲ့ အ​ဝေးတကအ​ဝေးဆုံး

ဒါ​ပေမဲ့ ကျွန်​​တော်​တို့က ရုပ်​ရည်​ကိုမြင်​ဖူးတဲ့ သူ​တွေလို အသံမြင်​ဖူးတဲ့သူတွေထက်
ပိုခင်​တယ်​ဆို ခင်​ဗျားတို့ယုံမလား

ခင်​ဗျားတို့မ​ပြောနဲ့ ကျွန်​​တော့်​ သူငယ်​ချင်း​တွေ​တောင်​မယုံဘူး

ဒါ​ပေမဲ့ သူတို့ယုံပါတယ်​ တခုတည်း​သောအရာ​လေး​ကြောင့်​ ဟုတ်​တယ်
ကျွန်​​တော်​တို့ ခင်​မင်​မှုရဲ့ တစ်​ခုတည်း​သောယုံကြည်​ရာ​လေး

Postcard 📑📑 ဟုတယ်​ ကျွန်​​တော်​တို့က အဲ့ postcard တခုတည်း​လေးနဲ့ ခင်​မင်​ကြတာပါ

သူက​လေ .. သူဆိုတာက တခြားသူမဟုတ်​ Postcard ​ပေးတဲ့ ကျွန်​​တော့်​ တိတ်​တခိုးချစ်​ရသူ​လေး choco bear🐻🐻တဲ့
သူ့ရဲ့ nickname​လေး
သူ့နာမည်​​လေး​မေး​တော့ choco bear လို့ပဲ​ပြန်​​ဖြေခဲ့တာ

သူက​တောင်​ ​ချေမှ​တော့ကိုယ်​ကလည်း သူ့နာမည်​​ပေးစရာလား
သူ​တောင်​​ချေမှ​တော့ ကိုယ်​က​တော့​ချေ​ချေပဲ​လေ

ကျွန်​​တော်​လည်းမ​ပြောဘူး​ပေါ့ သူကကျွန်​​တော်​ကို ပုစိ​လေးတဲ့
ခေါ်ပုံ ကိုက ရိုက်​သတ်​ချင်​စရာ

ပုစိ​လေး​ခေါ်တာ ဆို​တော့ သူကျွန်​​တော့ကို ​တွေ့ဖူးတယ်​လို့ဆိုလိုတာ​ပေါ့
ကျွန်​​တော်​မှာ​တော့ သူကပုစိ​လေးလား ပုစိကြီးလား ဘယ်​လိုသိမှာတုန်းလို့

Choco bear ဆိုတဲ့တိုင်း ကျင့်​ပုတ်​တာ

အွန်း ကျွန်​​တော်​တို့က တပတ်​တစ်​ခါ​တော့ postcard ပို့ကြတယ်
သူက satပို့တယ်​ဆို ကျွန်​​တော်​က sun ပို့ဖြစ်​တယ်

ချစ်​ရ​သောသူနှစ်​ယောက်​၏ {Dika OneShort Collection}Where stories live. Discover now