Postcard Lover😍 (Uni)

205 21 0
                                    

လူနှစ်​ယောက်​ဟာ အမြဲတမ်းတပူးပူးတတွဲတွဲ ဒါမမဟုတ်​အ​ပျောက်​မခံချင်​လောက်​အောင်​တွေ့​နေကြတဲ့သူဆို
ဒါဟာ ခင်​မင်​မှု ဒါမှမဟုတ်​အရမ်းချစ်​ခင်​ရ​သော သူနှစ်​ယောက်​
အများက​တော့ ဒီလိုပဲ ထင်​မြင်​ကြတယ်​

ဒါ​ပေမဲ့ ကျွန်​တော်​တို့နှစ်​ယောက်​ရဲ့ အဖြစ်​ကိုကြ​တော့​ရော
ဘယ်​လို​ပြောရမလဲ ရင်းနှီးသလား​မေးရင်​တွေ့​တောင်​မ​တွေ့ဖူးဘူး

မ​တွေ့ဘူး​တော့ အသံ​လေး ဘာ​လေးကြားဖူးလား​မေးကြည့်​
မျက်​နှာ​လေး​တောင်​မ​တွေ့ဘူးတာ အသံဆို မစဉ်းစားနဲ့ အ​ဝေးတကအ​ဝေးဆုံး

ဒါ​ပေမဲ့ ကျွန်​တော်​တို့က ရုပ်​ရည်​ကိုမြင်​ဖူးတဲ့ သူ​တွေလို အသံမြင်​ဖူးတဲ့သူတွေထက်
ပိုခင်​တယ်​ဆို ခင်​ဗျားတို့ယုံမလား

ခင်​ဗျားတို့မ​ပြောနဲ့ ကျွန်​တော့်​သူငယ်​ချင်း​တွေ​တောင်​မယုံဘူး

ဒါ​ပေမဲ့ သူတို့ယုံပါတယ်​တခုတည်း​သောအရာ​လေး​ကြောင့်​ဟုတ်​တယ်​
ကျွန်​တော်​တို့ ခင်​မင်​မှုရဲ့ တစ်​ခုတည်း​သောယုံကြည်​ရာ​လေး

Postcard 📑📑 ဟုတယ်​ကျွန်​တော်​တို့က အဲ့ postcard တခုတည်း​လေးနဲ့ ခင်​မင်​ကြတာပါ

သူက​လေ .. သူဆိုတာက တခြားသူမဟုတ်​Postcard​ပေးတဲ့ ကျွန်​တော့်​တိတ်​တခိုးချစ်​ရသူ​လေး choco bear🐻🐻တဲ့
သူ့ရဲ့ nickname​လေး
သူ့နာမည်​လေး​မေး​တော့ choco bear လို့ပဲ​ပြန်​ဖြေခဲ့တာ

သူက​တောင်​ချေမှ​တော့ကိုယ်​ကလည်း သူ့နာမည်​ပေးစရာလား
သူ​တောင်​ချေမှ​တော့ ကိုယ်​က​တော့​ချေ​ချေပဲ​လေ

ကျွန်​တော်​လည်းမ​ပြောဘူး​ပေါ့ သူကကျွန်​တော်​ကို ပုစိ​လေးတဲ့
​ခေါ်ပုံ ကိုက ရိုက်​သတ်​ချင်​စရာ

ပုစိ​လေး​ခေါ်တာ ဆို​တော့ သူကျွန်​တော့ကို​တွေ့ဖူးတယ်​လို့ဆိုလိုတာ​ပေါ့
ကျွန်​တော်​မှာ​တော့ သူကပုစိ​လေးလား ပုစိကြီးလား ဘယ်​လိုသိမှာတုန်းလို့

Choco bear ဆိုတဲ့တိုင်း ကျင့်​ပုတ်​တာ

အွန်း ကျွန်​တော်​တို့က တပတ်​တစ်​ခါ​တော့ postcard ပို့ကြတယ်​
သူက satပို့တယ်​ဆို ကျွန်​တော်​က sun ပို့ဖြစ်​တယ်​

ချစ်​ရ​သောသူနှစ်​ယောက်​၏ {Dika OneShort Collection}Onde histórias criam vida. Descubra agora