![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. အိမ်ရှေ့စင်ဝင်အောက်သို့ကားတစ်စီးဆိုက်ရောက်သည်နှင့် အိမ်ထဲမှအလျှိုလျိုထွက်လာသောအိမ်စေများက အိမ်ပေါက်ဝတွင်ရပ်ကာ သခင်လေးအားကြိုဆိုကြရသည်။
" ပြန်လာပီလား သခင်လေး "
အိမ်တော်ထိန်းကြီးရဲ့အမေးအား ခေါင်းတချက်ငြိမ့်ယုံမျှသာ အသိမှတ်ပြုပီး လက်ထဲကအိတ်အား အိမ်တော်ထိန်းအားလွှဲပေးရင်း
" ငယ်လေးကော ဘယ်လိုနေသေးလဲ
ထမင်းကောစားရဲ့လား "
" ဟိုလေ သခင်လေး သူ သူ ထမင်းမစားဘူး ထမင်းလာပို့တာအခန်းတံခါးပိတ်ထားတယ် အခန်းလဲပေးမဝင်ဘူး "
အိမ်တော်ထိန်းရဲ့အဖြေကြောင့် ဖြောင့်တန်းလျှတဲ့မျက်ခုံးနှစ်ခုက တွန့်ကျေကာထိလုမတတ်
"ဘာာာ တောက် ဟက် အာခံချင်နေတယ်ပေါ့ အိမ်တော်ထိန်း ခဗျားကော ကျန်တဲ့လူတွေကော အနောက်ဆောင်မှာသွားနေ မနက်အထိတက်မလာနဲ့ ကြားလား "
မာန်ပါပါငေါက်လိုက်တော့ အလျှိုလျှိုအနားကထွက်သွားကြသည်။
ဟက် ငယ် ငယ် အားကိုးရှိလို့အာခံချင်နေတာပေါ့လေ
လူကအတွေးနဲ့တင်ဒေါသကဆူပွက်လာကာ ငယ်ရှိရာသို့တက်လာခဲ့သည်။အခန်းရှေ့ရောက်သည်နှင့်တံခါးဖွင့်မရ ချက်ချထားသည်။ဒီလိုလာစမ်းတာလားငယ် ကိုယ်ကအချစ်ကြီးသလိုအမျက်လဲကြီးတာငယ်သိသားနဲ့။ မိုင်းကုန်ထွက်လာသောဒေါသကြောင့် အခန်းတံခါးကို ခြေထောက်နဲ့သုံးချက်လောက် စောင့်ကန်ပစ်လိုက်မှ ပွင့်ထွက်သွားသည်။~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော် ခုတင်ပေါ်တွင်မှေးနေတုန်း
ဝုန်းခနဲဆိုတံခါးကိုကန်သံကြားတော့
ကုတင်ပေါ်မှာလူကထထိုင်လိုက်မိသည်။
ကတုန်ကရင်ဖြစ်လာသောစိတ်က နှဖူးမှချွေးကဒီးဒီးကျလာသည်။သခင် သခင်ပြန်လာပြီးဖြစ်မယ်။တွေးနေတုန်း တံခါးကဝုန်းခနဲပွင့်ထွက်သွားတော့ ဒေါသတကြီးဝင်လာသူကသခင်။ ဒေါသကြောင့်မျက်နှာတခုလုံးနီရဲနေပြီး ကိုယ့်အားထိုင်နေရာမှ စောင့်ထူလိုက်တော့ လက်မောင်းမှအောင့်သက်သက်ဖြစ်ကာ ရှုံ့မဲ့သွားသည်။
" ပြောစမ်း ငယ် ဒါကဘာအချိုးလဲ ကိုယ်ကမကြိုက်ရင်မလုပ်နဲ့လေ မင်းကိုဟိုဘုန်းသီဟကျော်ဆိုတဲ့ကောင်နဲ့မပေါင်းဖို့ငါပြောထားရဲ့သားနဲ့ ဘာလို့နားမထောင်လဲ ငါ့စကားကိုစောက်ဖက်မလုပ်တာလား ဟမ် ပြောစမ်း ပါ"
လက်နှဖက်အား လှုပ်ရမ်းကာဒေါသတကြီးအော်ဟစ်နေသော သူ့အားမကြည့်ရဲ။
ဟင်အင်း ရင်မဆိုင်ရဲပါ။

YOU ARE READING
My Lover Is Eve
Romanceလွတ်အောင်ပြေးထားငယ် ပျော်အောင်နေထား ကိုယ်ရှာတွေ့ရင်ငယ်ဟာကိုယ့်အပိုင်ပဲဖြစ်ရမယ် #ဓနဂုဏ် ဟင်အင့် တော်ပါတော့ ထပ်ပြီးမာနတွေကိုမရိုက်ခ်ျုးပါနဲ့တော့ ကိုကြီးဓနရယ် #အလင်းငယ် (ခေါ်) သဲငယ်