My Lover is Eve part8

12.5K 546 21
                                    

" ငယ်လေး "

ဓနဂုဏ် ကုတင်ဘေးကိုတင်ပါးလွှဲထိုင်ရင်း ကျောခိုင်းကာ Xပျော်နေသော ငယ့်ခေါင်းလေးအား ခပ်ဖွဖွပွတ်ပေးကာ ခေါ်လိုက်သည်။ တုံ့ပြန်ထူးသံမကြားရသော်လည်း  တုန်ယင်နေတဲ့ကိုယ်လေးက နိုးနေတာသက်သေပင်။ခါတိုင်းလိုစိတ်မျိုးဆို xယာထဲကစောက်ဆွဲကာ ထစေမည်ဖြစ်သော်လည်း  ခရီးသွားရမည်ဆိုသော်ကြောင့်  ငယ့်မျက်ရည်များမမြင်ချင်ပါ ဒေါသကိုသက်ပြင်းဖြင့်ချစေကာ မှာစရာရှိတာများသာမှာလိုက်သည်

"လိမ်လိမ်မာမာနေနော် ငယ် ကိုယ်ခရီးဖြောင့်ဖြောင့်သွားချင်တယ် ပြန်လာရင်ဘာသံညာသံမကြားချင်ဖူး "
ဓနဂုဏ် ငယ့်ရဲ့လက်တဖက်အား
ဆွဲယူကာလက်ဖမိုးလေးထက်အနမ်းတပွင့်ပေးပီး အခန်းမှထွက်လာလိုက်သည်။

သခင်တံခါးပိတ်သံကြားသည်နှင့် ငယ့်မျက်လုံးများဖြေးညင်းစွာဖွင့်လာသည်။သခင်ဟာ စီးပွားရေးသမားပီပီနိုင်ငံပေါင်းစုံခြေဆန့်ရသည်မှာမဆန်းပါ။ထိုအချိန်ဆိုငယ့်အတွက်အသက်ရှူချောင်ရပါသည်။သူကိုယ့်အပေါ်ကြင်နာပြရင် ညွှန့်ကျချင်သည့်ကိုယ့်နှလုံးသားကိုလဲစိတ်ပျက်မိသည်။သခင်ဟာ အသွေးအသားတွေကိုသာဝါးမျိုခဲ့ပေမဲ့  တခါတလေမှသူ့နှလုံးသားကိုမဖော်ပြခဲ့ပါ

"လူလေးးး မငိုပါနဲ့ကွယ် "

ငယ့်အတွေးနဲ့ငယ်မို့   လေးကောင်း ဘယ်ချိန်ထဲကဝင်လာမှန်းမသိ။ငယ့်မျက်ရည်များအား လက်ခုံဖြင့်အသာသုတ်ပေးကာ ဂရုဏာသက်သလိုကြည့်လာတဲ့လေးကောင်းကြောင့်  ငိုချင်ရဲ့လက်တို့ဆိုသလို  ငယ် လေးကောင်းရင်ခွင်ထဲတိုးကာထိန်းထားသမျှငိုချပစ်လိုက်သည်
လေးကောင်းကတော့ ငယ့်ကျောပြင်လေးကိုအသာယာပွတ်ပေးကာချော့ရင်း

" ထွက်ပြေးချင်လား ခလေးငယ် "

ငယ်ငိုရင်းမှရပ်သွားကာ လေးကောင်းအားအံ့သြကာမော့ကြည့်လာသည်။လေးကောင်းက အသာယာပြုံးပြရင်း
" လူလေးပင်ပန်းနေပီမလား ဟင် "
"လေး လေးကောင်း တကယ် တကယ်ပြောတာလား"

ငယ် ဝမ်းသာလုံးဆို့ကာ စကားပင်ထစ်ကုန်တော့ လေးကောင်းက အလင်းခေါင်းထိပ်အား လက်သီးစုတ်လေးဖြင့် ခပ်ဖွဖွထုလာသည်

"ဒါပေါ့  လေးကောင်းကူညီပေးမယ် ဒါပေမဲ့  …………"

"ဒါပေမဲ့  ဘာဖြစ်လဲလေးကောင်း "
အလင်းမျက်လုံးပြူးပြူးလေးဖြင့် သိချင်ဇောပြန်မေးလိုက်သည်။

"လေးကောင်းကို ကတိတခုတော့ပေးရမယ် "
"ဘာကတိလဲ ဘဘ"
-
-
-
-
-
-
-
-
-
-
-
-
-"တချိန်သခင့်လက်ထဲပြန်ရောက်တဲ့အခါ ဘယ်တော့မှထွက်မပြေးပါဖူးဆိုတဲ့ကတိ"

ငယ်မှင်သတ်သွားသည်။ဒါက ဘဘသူ့ကိုလုံးဝလွတ်လပ်ခွင့်ပေးလိုက်တာမဟုတ်။ခဏတာလွတ်လပ်လိုက်သည့်သဘောပင်။ငယ်စိတ်မကောင်းမဖြစ်မိ။သခင်နဲ့မတွေ့အောင်သူကြိုးစားမည်။

"ဟုတ်သား သဘောတူပါတယ်ဘဘ "
ထိုမှ ဘဘက ပြုံးပြကာ
"ထတော့ လူလေး မျက်နှာသစ်မယ် ပီးရင်အထုတ်ပိုးပြင်တော့  မနက်ဖြန်ည ထွက်မယ် "

"ဗျာ "

"မဗျာနဲ့  သခင်လေးကဒီတခါခရီးက၁ပတ်ပဲကြာမှာ မြန်မြန်လုပ်ထားရမယ်လူလေး "

"ဟုတ် ဘဘ"

~~~~~~~~~~~~~~~~~~~~±±±±
လေးလေးကောင်း အလင်းငယ်အခန်းမှထွက်လာပီး  တစုံတယောက်စီphလှမ်းခေါ်လိုက်သည်

"အစီစဉ်ဒီညပဲစရအောင် မောင်ဇော်ဦး"

My Lover Is EveHikayelerin yaşadığı yer. Şimdi keşfedin