" သခင်လေး သောက်လာတာလား"
သူတို့ရှိရာဆီပြေးလာတဲ့လေးလေးကောင်းကိုမြင်လိုက်ရတာကြောင်း ဇော်ဦးတစ်ယောက် ကယ်တင်ရှင်ကြီးအားတွေ့ရသလိုပြုံးဖြီးသွားသည်။
"လေးလေးကောင်းလဲဝိုင်းတွဲပေးမယ် ပေး "
လေးလေးကောင်းက တစ်ဖက်မှကူတွဲပေးတာကြောင့် သက်သာသွားသည်။မဟုတ်လျှင် အသက်ထွက်ရချည်ရဲ့ လက်ထဲကသကောက်သားကတော့ အရိုးမရှိတဲ့လူသားလို ခိုကာလိုက်ပါလာသည်။ ငါနော် စိတ်လျော့စိတ်လျော့
အခန်းထဲရောက်တာနဲ့ ကုတင်ပေါ်သို့ သောက်မြင်ကပ်စွာ အသေကောင်လို ပစ်ချပလိုက်သည်။လေးလေးကောင်းကတော့အကြောင်းသိသူမို့ တချက်ရယ်ကာ စည်းစိမ်ရှင်၏ ဖိနပ်တွေချွတ်ကာ အကျီလဲပေးနေသည်။"ကျွန်တော်သွားတော့မယ်လေးလေး "
လေးလေးကောင်းက တစ်ချက်လှည့်ကြည့်ကာ ခေါင်းငြိမ့်ပြသည်။" လူလေး "
အခန်းတံခါးကိုလှမ်းဖွင့်နေတုန်းလေးလေးကောင်းခေါ်သံကြောင့် လှည့်ကြည့်လိုက်သည်။"စကားခဏပြောလို့ရမလား လူလေး"
~~~~~~~~~~~~~~~~~~~~~~~~"ဗျာ! ဒါကတော့ ဖြစ် ဖြစ်နိုင်မယ်မထင်ဖူး "
ဇော်ဦးတစ်ယောက် တစ်သက်နဲ့တစ်ကိုယ် မထစ်ဖူးတဲ့စကားတွေပင် ထစ်ကုန်၏" လေးလေးကောင်းကို ဒီတခုတော့ကူညီပါလူလေးရာ "
" အလင်းငယ်ကို ခေါ်ထုတ်သွားဖို့ဆိုတာက "
ဇော်ဦးချွေးစေးပင်ပျံလာရသည်။ ဟုတ်တယ်လေ ဓနဂုဏ်ဒေါသကိုသူသိသလို လက်စကိုလည်းသိသည်။ဟိုကောင်က အဲ့ကလေးနဲ့ပတ်သတ်ရင်သူငယ်ချင်းသံယောဇဉ်လဲထောက်မည်မဟုတ်။ဇော်ဦး စထွေးတောင် ခက်ခက်ခဲခဲမျိုချလိုက်ရသည်"လုပ်ပါလူလေးရယ် ဦးလေး ဒီလိုတောင်းပန်ပါ့မယ်"
ထိုင်နေရာမှထကာ ဒူးထောက်ချလိုက်တဲ့လေးလေးကောင်းကြောင့် သူကဗျာကယာ ထူကာ ပြန်ထိုင်ခိုင်းလိုက်ရသည်။"ကူညီမယ်ဗျာ ဟူးးး"
သူဒီနေ့သက်ပြင်းချမိတာဘယ်နှကြိမ်မြောက်မှန်းပင်မသိတော့"လူလေးက ကားနဲ့ခေါ်ထုတ်ပီးလေးလေးပြောတဲ့နေရာကိုပို့ပေးရုံပဲ "
လေးလေးကောင်းကအားတက်သရောဆိုသည်။"ကျွန်တော်လည်းအလင်းလေးကိုသနားပါတယ်လေးလေးရာ ခလေးခဗျာသူလုပ်သမျှခါးစည်းခံနေရတာ အဲ့ကောင်မချစ်တာလဲမဟုတ်ပဲ တောက်"
ပြောရင်းဒေါသကထွက်လာတော့ ဇော်ဦး စားပွဲကိုတစ်ချက်ထုကာ မတ်တပ်ထရပ်လိုက်သည်။
လေးလေးကောင်းက ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့်ထောက်ခံနေသည်။"ကယ် ညည့်တောင်နက်နေပီ လူလေး ဒီမှာxသွားပါလား လေးလေးအခန်းပြင်လိုက်မယ်လေ"
လေးလေးကောင်းကအားနာသလိုဆိုလာသည်။
"ဟာ မဟုတ်တာပဲလေးလေးရာ ဒါကကျွန်တော်ပြန်နေကြပါပဲ ကယ် ကျွန်တော်ပြန်ပီးနော်လေးလေး"ဇော်ဦးကို ကားနားထိပြန်ပို့ပေးကာ ပြန်လာလိုက်သည်။ဒါတောင်
ဇော်ဦးရဲ့ "လေးလေး ဟိုကောင်နိုးလာရင်သံပုရာရည်တိုက်လိုက်အုန်းနော် "ဆိုတဲ့ လှမ်းမှာနေသံကို ခပ်ဝေးဝေးကကြားလိုက်သေးသည်။
သူငယ်ချင်းသံယောဇဉ်ကြီးပါ့ကွယ်။
ကိုယ့်ကြောင့်ပဋိပက္ခဖြစ်မှာမလိုချင်ပေမဲ့လည်းး သူလုပ်စရာရှိတာတော့ဆက်လုပ်ရအုန်းမည်လေ#ကယ် double upတယ်နော် ဒီအခန်းမှာ အလင်းငယ်အကြောင်းမပါပေမဲ့ နောက်တပိုင်းဆို သိလာမှာပါ မရှင်းရင်မေးနော် ဟီးးး

KAMU SEDANG MEMBACA
My Lover Is Eve
Romansaလွတ်အောင်ပြေးထားငယ် ပျော်အောင်နေထား ကိုယ်ရှာတွေ့ရင်ငယ်ဟာကိုယ့်အပိုင်ပဲဖြစ်ရမယ် #ဓနဂုဏ် ဟင်အင့် တော်ပါတော့ ထပ်ပြီးမာနတွေကိုမရိုက်ခ်ျုးပါနဲ့တော့ ကိုကြီးဓနရယ် #အလင်းငယ် (ခေါ်) သဲငယ်