"Moonlight Club"
ထိုclubရှေ့ရောက်နေတာ နာရီဝက်လောက်ရှိတော့မည် ။တသက်နဲ့တကိုယ်မရောက်ဖူးသော စိမ်းသက်သက်နေရာကြောင့် အလင်းငယ်ခြေထောက်တို့ လေးလံနေသည်။LED ဆိုင်းဘုတ်ကြီးက ဝင့်ထည်နေသောလည်း အလင်းငယ်အတွက်တော့ထိုနေရာသည် စိတ်ပျက်စရာကောင်းသည်။ဘယ်လိုမှရှောင်လွှဲမရတဲ့အဆုံးတော့ ထိုကလပ်သို့ဝင်ရန်ဆုံးဖြတ်လိုက်ပေမဲ့ အဝင်ပေါက်စောင့် အကျီင်္အမဲ bodyတောင့်တောင့်လူနှစ်ယောက်ကြောင့်ခပ်ရှိန်ရှိန်ပင်။ အလင်းငယ် မျက်လွှာလေးကိုချကာလေသံတိုးတိုးဖြင့်ခွင့်တောင်းလိုက်သည်"ဟိုလေ ကျွန်တော် ဝင် ဝင်လို့ရမလားခင်ဗျ"
စကားဆုံးသည်နှင့်အလင်းငယ်မျက်လုံးအစုံအားတအားပိတ်ချလိုက်သည်။မတော်လို့ဆွဲထိုးခံရမလား
ဒါမှမဟုတ်ရုပ်ရှင်ထဲကလို လက်တစ်ဖက်စီကနေ တွဲခေါ်ပီး clubအပြင်ဆွဲချခံရမလား။အချိန်ကြာသည်ထိဘာမှမဖြစ်လာတော့ ပိတ်ထားတဲ့မျက်လုံးတို့အား ဖြေးဖြေးခြင်းဖွင့်လိုက်တော့ ထိုလူနှစ်ယောက်ထဲကတစ်ယောက်က အလင်းငယ်အားသူနှင့်အတူလိုက်ခဲ့ရန်ပြောသည်။ကလပ်ထဲရောက်လာတော့ ဖြိုးဖြိုးဖျက်ဖျက်မီးရောင်များကြား တွန့်လူးနေတဲ့စပ်စလူးမမများကိုတွေ့ရသည်။တချို့ကတော့ bar ဆိုလားဘာဆိုလားအဲ့နေရာမှာအပြာလိုလို အဝါလိုလို ရောင်စုံပဲဗျာ အာ့တွေသောက်နေကြတယ်။ဟိုတစ်စုဒီတစ်စုနဲ့သောက်စားပျော်ပါးနေကြတဲ့ အလင်းငယ်လိုအရွယ်ကောင်လေးတွေကောင်မလေးတွေလည်းတွေ့ရသည်။အော် လူတွေများ ပျော်ပါးစရာနေရာအဲ့သလောက်ရှားသလား။အလင်းငယ်နှာခေါင်းကိုတစ်ချက်ရှုပ်လိုက်ပီး ရှေ့ကလူကြီးနောက်မျက်ခြေမပျက်အောင်ပြေးလိုက်ရသည်။တကယ်တည်း ခဏလေးအတွေးလွန်မိပါတယ် သူကခပ်လှမ်းလှမ်းတောင်ရောက်နေပီး သူ့ခြေလှမ်းကိုမှအားမနာ ဒီကကြောက်ပါတယ်ဆိုမှ။
လမ်းဆုံးပီးထောင့်ချိုးချလိုက်တော့ ဓာတ်လှေခါးတစ်ခုကိုတွေ့သည်။ထူးထူးဆန်းဆန်းတွေးမနေတော့ပါချမ်းသာတဲ့လူဆိုတော့လည်းဒီလိုတွေထားမှာပေါ့လေ။ဓာတ်လှေခါးလည်းပွင့်ကော ထိုလူကြီးကအလင်းငယ်အား လမ်းအတိုင်းလျှောက်ရန်ပြောသည်။လမ်းတစ်လျောက်လျောက်လာရင် အပြင်အဆင်ကအလင်းငယ်အားဖမ်းစားထားသည်။
![](https://img.wattpad.com/cover/146604775-288-k880153.jpg)
ESTÁS LEYENDO
My Lover Is Eve
Romanceလွတ်အောင်ပြေးထားငယ် ပျော်အောင်နေထား ကိုယ်ရှာတွေ့ရင်ငယ်ဟာကိုယ့်အပိုင်ပဲဖြစ်ရမယ် #ဓနဂုဏ် ဟင်အင့် တော်ပါတော့ ထပ်ပြီးမာနတွေကိုမရိုက်ခ်ျုးပါနဲ့တော့ ကိုကြီးဓနရယ် #အလင်းငယ် (ခေါ်) သဲငယ်