မှန်ရှေ့တွင်အချိန်ကြာကြာသူရပ်နေမိသည်။မှန်ပေါ်တွင်ထင်းနေသော ကိုယ့်ပုံရိပ်ကခြောက်လှန့်နေသည်။ကိုယ်ပေါ်တွင် ထင်ထင်ရှားနေသော နီနီရဲရဲ အရာတွေ။သူရွံသည်။အချစ်မပါပဲ ပေးဆပ်ခဲ့ရတဲ့ဘဝ။သူပေးတဲ့အမှတ်အသားများ အား လက်သည်းဖြင့်ကုတ်ခြစ်ပစ်လိုက်သည်။လည်ပင်းတစ်လျောက် ရင်အထိနီရဲလာပေမဲ့သူမရပ်မိ။အပေါ်ယံအရေပြားနာကျင်မှုလောက်သူစာမဖွဲ့တော့။
ရေချိုးပစ်လိုက်ပေမယ့် သူနဲ့ရင်းနှီးခဲ့ဖူးတဲ့ အနံကပျောက်မသွားခဲ့။ကုတင်ပေါ်တွင်တင်ထားသော ဝတ်စုံလေးကိုသူယူဝတ်လိုက်သည်။သူ့ထက် ကြီးနေသောအဝတ်အစားကြောင့် ထိုလူဟာပင်ဖြစ်ရမည်။မဝတ်ချင်ပေမဲ့လည်း ထိုလူဆဲဲဖြဲထားသောသူ့အဝတ်အစားကဘယ်ဆီမှန်းမသိ။
စဥ်းစားတွေဝေမနေပဲ အောက်ထပ်clubကိုဆင်းလာခဲ့လိုက်သည်။ Clubဆိုတဲ့အတိုင်း ဆူညံသံတွေအကြားကခုန်နေသောမဒီပျိုလေးတွေ။အလင်းငယ်ကတော့နားနှစ်ဖက်ကိုအုပ်ရင်း အာဆာမီဆိုသူကိုရှာမိသည်။ဆူညံသံတွေနှင့်ဖြိုးဖြိုးလက်လက်မီးတွေကထိုနေ ရာနှင့် မရင်းနှီးသောအလင်းငယ်အဖို့စိတ်ပျက်စရာပင်။တွေ့ပါပီထိုလူကြီးကို။မှောင်ကျကျထောင့်တစ်နေရာခုံဝိုင်းတွေစကားပြောနေတာ နောက်တစ်ယောက်လည်းပါသည်။ကျောခိုင်းထားတဲ့ကျောပြင်ကျယ်ကြီးနဲ့နီးကပ်လာလေ အလင်းငယ် ရင်တွေခုန်လာသည်။ရင်းနှီးနေသယောင်ရှိတဲ့ထိုကျောပြင်ကြီးကြောင့်ခြေလှမ်းတွေအမှားမှားပင်။ခြေလှမ်းတို့ရပ်တန့်လိုက်သည်။ဆက်သွားရမလား ပြန်လှည့်ရမလား ဇဝေဇဝါ ဖြစ်နေစဥ် အလင်းငယ်လက်ကလေးကလကိဖဝါးကြီးကြားဖမ်းဆုတ်ခေါ်ဆောင်ခြင်းခံလိုက်ရသည်"ဘာတွေရပ်လုပ်နေတာလဲ ငယ် လာခဲ့လေ ကိုယ့်စီးပွါးဖက်နဲ့မိတ်ဆက်ပေးမယ်"
"ငယ်--"
စည်းစိမ်ရှင်အဖြစ်အပျက်ကိုလိုက်လို့မမီတော့ပေ။သူလပေါင်းများစွာရှာနေသောခလေးငယ်ကသူ့ရှေ့မျက် နှာချင်းဆိုင်တွင်ထိူင်ခုံမှာထိုင်ရင်းအဆာမီရဲ့ရင်ခွင်ထဲမှာ။ငယ်ကတွေတွေလေးငေးကြည့်ရင်းနဲ့မှအကြည့်တွေလွဲသွားခဲ့တာ
"အော် မိတ်ဆက်ပေးမလို့ ဒါကျွန်တော့ကောင်လေးလေ အလင်းငယ်တဲ့ ငယ် သူကစည်းစိမ်ရှင်တဲ့ ကိုယ့်စီးပွားဖက်ပေါ့"

ESTÁS LEYENDO
My Lover Is Eve
Romanceလွတ်အောင်ပြေးထားငယ် ပျော်အောင်နေထား ကိုယ်ရှာတွေ့ရင်ငယ်ဟာကိုယ့်အပိုင်ပဲဖြစ်ရမယ် #ဓနဂုဏ် ဟင်အင့် တော်ပါတော့ ထပ်ပြီးမာနတွေကိုမရိုက်ခ်ျုးပါနဲ့တော့ ကိုကြီးဓနရယ် #အလင်းငယ် (ခေါ်) သဲငယ်