" သေချာပီးလား ခလေးငယ် "
ကားနောက်ခန်းထဲအထုပ်တွေကူထည့်ပေးရင်း မေးလာတဲ့လေးလေးကောင်းအား အလင်းခေါင်းလေးတချက်အသာငြိမ့်ပြလိုက်သည်။
"သား လေးလေးကောင်းကို ဖက်လို့ရမလားဟင် "
"ဒါများကွာ သိပ်ရတာပေါ့ လူလေးရာ "လေးကောင်းရင်ခွင်ထဲအသာတိုးမိတော့ အလိုက်တသိပြန်ဖက်တွယ်လာသည်။ငယ့် အတွက်လေးကောင်းဟာ အဖေဆိုလဲမမှားပါ။ငယ့်ကို ငယ်ငယ်ထဲကဆုံးမသွန်သင်ခဲ့သူလည်းဖြစ်သည်။
"အဟွန့် အဟွန့် ကြားဖြတ်တယ်မထင်ပါနဲ့ဗျာ လေးကောင်းနဲ့စကားခဏပြောချင်လို့ "
လေးကောင်းက ငယ့်အားဖက်ထားရာမှလွှတ်ပေးကာ ခေါင်းလေးအားအသာယာပုတ်လာသည်။ငယ်ကတော့ အလိုက်တသိပဲကားပေါ်ဝင်ထိုင်းလိုက်ကာ လေးကောင်းနှင့် ကိုလေးသူငယ်ချင်းဦးဇော်ကတော့ ခပ်လှမ်းလှမ်းသို့ထွက်သွားကြသည်။
"ဟိုခလေးကိုကိုးရီးယားကိုပို့ပီး ဘာဆက်လုပ်ကြမလဲ လေးကောင်း "
ဇောဦးက ပူပန်စွာပြောနေသော်လည်း လေးကောင်းက တချက်မမူ
"လေးကောင်း ဘာလို့ဒီလောက်အေးဆေးနေရလဲ ဟိုကောင်အကြောင်းသိရဲ့နဲ့ဗျာ "
ဇော်ဦး သက်ပြင်းချကာ မျက်နှာကိုလက်နှစ်ဖက်ဖြင့်ပွတ်ဆွဲကာ လေးကောင်းအား ကျောခိုင်းရပ်လိုက်သည်။ လေးကောင်းက ဇော်ဦးပုခုံးအား ပုတ်ကာ ဆိုလာသည်။"ငါ့တာဝန်ထားပါကွာ ကဲ သွားကြတော့ ခလေးကိုဂရုစိုက်ပေးကွာ စိတ်ချမယ် "
ဇော်ဦး လေးကောင်းအား နှုတ်ဆက်ပီး ကားရှိရာဆီပြန်လာခဲ့သည်။ ကားစက်နှိုးမည်ပြင်မှ အနောက်ခန်းရှိ ခလေးငယ်ရှိရာဆီခေါင်းလှည့်ရင်း"ငယ် ကိုယ်စထွက်ပီနော် ကျန်ခဲ့တာရှိသေးလား "
"မရှိတော့ပါဖူး ဦးဇော် သွားလို့ရပါပီ"
ထိုကားလေးမှာ ခြံဝင်ထဲမှတဖြည်းဖြည်းမောင်းထွက်နေသည်။ ငယ်သည် ထိုအိမ်ကြီးကိုသာကြည့်ရင်းမျက်ရည်များစွာကျလာခဲ့သည်။သခင် အချစ်တွေလည်း သစ်နေမည်။အလွမ်းတွေလည်း ရင့်ပါစေ။နောင်ဘယ်တော့မှ -------------------
########################
"သူဌေး "
အစည်းဝေးလုပ်နေတုန်း အလန့်တကြား တခါးဖွင့်ကာဝင်လာတဲ့ အတွင်းရေးမှူးအား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
"ငါ့အလုပ်ချိန် အဲ့လိုဖြတ်ဝင်တာငါမကြိုက်ဖူး ပြောစရာရှိနောက်မှပြော "
"သူဌေး ဒါ ဒါပေမဲ့ ဒီမှာ အရေးကြီးလို့ အလင်း"
အတွင်းရေးမှူးလက်ထဲမှ ဖုန်းအားဇာတ်ခနဲ ဆွဲယူလိုက်ပီး"ပြော ဘာဖြစ်လဲ ဘာ အေ ငါအခုပြန်လာမယ် "
"အတွင်းရေးမှူး အခုချက်ချင်းမြန်မာပြည်ပြန်မယ် "
"ဟုတ်ကဲ့ သူဌေး"မျက်လုံးများနီရဲကာ လက်များတုန်ယင်နေသည်က သူဌေးမည်မျှဒေါသထွက်နေမှန်းခန့်မှန်းနိုင်သည်။အစည်းဝေးခန်းတွင်ထိုင်နေသော ဝန်ထမ်းများကလည်း သူဌေးကိုကြည့်ကာ ထွက်သွားရမလို ထိုင်ရမလိုနှင့်
ပြောလဲမပြောရဲကြ။သူကပဲအလိုက်တသိခေါ်ထုတ်ခဲ့ရသည်။ဝန်ထမ်းများအလျှိုလျိုထွက်သွားတော့ ဓနဂုဏ် စုံလည် ကုလားထိုင်ပေါ် နောက်သို့ခေါင်းလှဲချကာ ဟားးးတိုက်ရယ်ပစ်လိုက်သည်။ဒီလိုမှမရယ်လျှင်သူရူးသွားလိမ့်မည်။
"ဟက် ငယ်သိပ်ရူးတာပဲ မဖြစ်နိုင်တာတွေသိပ်လုပ်ချင်တဲ့ခလေး"စဉ်းစားလေ ဒေါသထွက်လေမို့ စားပွဲပေါ်ရှိပစ္စည်းများအား ရမ်းချကာ ဒေါသကိုကုစားနေသည်မို့ ကြမ်းပြင်တွင် ကျနေသောပစ္စည်းများကဖရိုဖရဲ
"ပြေးထား အေ မင်းပြေးလို့လွှတ်ရင် မင်းကံကောင်းတယ် အေ ငါ့လက်ထဲပြန်မိလို့ကတော့ တစစီဖျက်စီးပြစ်မယ် တောက် "
#ကိုယ်စာမေးပွဲppသိလားးး အရောင်လာပြတာ

BINABASA MO ANG
My Lover Is Eve
Romanceလွတ်အောင်ပြေးထားငယ် ပျော်အောင်နေထား ကိုယ်ရှာတွေ့ရင်ငယ်ဟာကိုယ့်အပိုင်ပဲဖြစ်ရမယ် #ဓနဂုဏ် ဟင်အင့် တော်ပါတော့ ထပ်ပြီးမာနတွေကိုမရိုက်ခ်ျုးပါနဲ့တော့ ကိုကြီးဓနရယ် #အလင်းငယ် (ခေါ်) သဲငယ်