My Lover is Eve19

9K 152 14
                                    

"ဘယ်လိုလဲ  အချစ်ဟောင်းကိုပြန်တွေ့ရတာ "
အခန်းပြန်ရောက်ရောက်ချင်း အာဆာမီဆိုသူက ရွဲ့လာပြန်သည်။ခေါင်းမူးနေတာရယ် စိတ်ရှုပ်လာတာရယ်ကြောင့် ပြန်မချေပတော့ပဲ အိပ်ယာပေါ်လှဲချကာ မျက်လုံးမှိတ်ထားလိုက်သည်။

"ဟက် ငါတောင်သဘောထားကြီးပီး ပေးတွေ့သေးတာ မင်းကအဲ့လောက်ထိဖြစ်ပျက်သွားရလား မြင်မကောင်းဖူး "

ငယ်စိတ်ညစ်လာသည်။မျက်လုံးမှိတ်ထားပေမယ့် ကြားနေရတဲ့ခနဲ့တဲ့တဲ့သူ့အသံ။ငယ်မျက်လုံးမှိတ်ထားလျှက်ပင် သူ့အားကျောခိုင်းအိပ်နေလိုက်တော​့ နီးကပ်လာတဲ့ခပ်ပြင်းပြင်းသူ့ခြေသံ
"ထစမ်း မင်းထ အခုရှင်းမယ် ဒီကိစ္စကို "

လက်မောင်းရင်းကနေကိုင်က ဇတ်ခနဲဆွဲထလိုက်တဲ့သူ့ကြောင့် ခေါင်းကမိုက်ခနဲ။ ဒါ့အပြင် သူတင်းကြပ်စွာချုပ်ကိုင်ထားတာကြောင့် လက်မောင်းရင်းကအောင့်တက်လာသည်။

"ဖယ်ပေး အင်​့ နာတယ် "
အာဆာမီဒေါသတို့ ကမ်းကုန်တေပီး။ငယ်ကသူဆုတ်ကိုင်ထားတဲ့လက်ကို လက်သေးသေးလေးများဖြင့် တွန်းကာဖယ်ချနေသည်။သူမလွတ်ဖစ်  ငယ်သူ့ကြောင့်နာကျင်နေရတာသူကြိုက်သည် သူသဘောကျသည်

"အင်​့ နာတယ်လို့ လွှတ်ပါ လွှတ်"

"မလွှတ်ဖူး ဖြေ မင်းရဲ့ကယ်တင်ရှင်ကြီးရောက်လာပီးဆိုတော့ ပြောစမ်း မင်းဆင်ခြင်တွေကြားချင်လို့ "
လက်မောင်းကိုလွှတ်ပီး ဖြတ်ခနဲမျက်နှာနားရောက်လာတဲ့ သူ့လက်ကိုရှောင်ချိန်မရလိုက်။မျက်နှာ နှစ်ခုကိုနီးကပ်အောင်ဆွဲလိုက်ပီး သူ့နှုတ်ခမ်းကခပ်ထေ့ထေ့လှောင်သည်

"ဘယ်လိုအဖြေမျိုးကြားချင်တာလဲ အမှန်အတိုင်းလား လိမ်ပီးတော့လား "

သူ့လက်တွေကြား စိုက်ကြည့်လိုက်တဲ့ ငယ့်မျက်လုံးစူးစူးလေးတွေက အခုချိန်တော့ ချစ်စရာကောင်းမနေခဲ့ပါ သူ့အတွက်မ
ဟုတ်ပဲကျနေတဲ့ ငယ့်မျက်ရည်တွေသူသိပ်မုန်းသည်။ခပ်ကြမ်းကြမ်းပွတ်ဆွဲပေးလိုက်တော​့ နီတက်လာတဲ့ငယ့်ပါးလေး။သိပ်နူးညံတဲ့ ကိုယ့်ခလေးငယ်ကို ဘယ်လိုထုပ်ပိုးသိမ်းချုပ်ထားရမလဲ။

My Lover Is EveWhere stories live. Discover now