Zawgyi font - above
Unicode font - under(Zawgyi)
အဲ့ဒီနေ့က Fany .. Sweater အဖြူလေး Fany မသိလိုက်ဘဲ Tae ဆီ ပါသွားခဲ့သည်။ နောက်တစ်ရက်မှာ လျှော်ဖွပ်ပြီးသား သန့်ပြန့်မွှေးကြိုင်စွာနဲ့ Tae ပြန်ယူလာခဲ့၏။
Fany: မွှေးနေတာပဲ Tae
Tae: Tae လျှော်လာတာ
Tae မျက်ဝန်းလေးကို Fany ငေးစိုက်ကြည့်ကာ ဘာပြောရမှန်းမသိ ဖြစ်သွားရ၏ ... Tae က ချစ်စဖွယ် ပြုံးနေသည်။
Fany: Tae ကိုယ်တိုင် .. ဟုတ်လား
Tae: အင်း
Fany: Tae ကလည်း ဘာလို့လျှော်လာရတာလဲ .. Fany မနေ့က ထူပူပြီးတော့ Tae နဲ့ ပါသွားမှန်းတောင် မသိလိုက်ဘူး
Tae: ရေစိုနေတဲ့ မြေကြီးပေါ် ကျသွားတဲ့ဟာ လျှော်မှဖြစ်မှာပေါ့ Fany ရဲ့ .. Fany ကျွေးတဲ့မုန့်ကိုပဲ Tae စားနေရတာမလား .. Tae တတ်နိုင်တာကို ချစ်လို့ လုပ်ပေးတာပဲ
Fany: Tae ရယ် အဲ့လိုမပြောပါနဲ့
Tae ပြောပုံလေးကို Fany ကရုဏာများစွာ သက်သွားရသည်။
Tae: အဲ့လိုပြောတာ ဘာဖြစ်လဲ Fany ရဲ့ .. Fany နဲ့ တူတူနေရင်လည်း Tae ပဲ အဝတ်လျှော်ပေးပါ့မယ် Fany ရဲ့ .. Fany က စာအုပ်ဆိုင် ထိုင်နေရမှာ
Fany: Tae ကလည်း မဟုတ်တာ .. လျှော်ချင်းလျှော် Fany က အဝတ်လျှော်ပြီး Tae က စာအုပ်ဆိုင် ထိုင်ပေါ့ .. Tae ဘာမှမလုပ်ဘဲ နေရတာ မပျင်းဘူးလားဟင် .. အလုပ်တစ်ခုခု မလုပ်ချင်ဘူးလား
Tae: အခု Fany ကို ကူလုပ်ပေးနေတာပဲ
Fany: အဲ့ဒါကိုပြောတာ မဟုတ်ဘူး .. ဝင်ငွေရှိတဲ့ Tae ကိုယ်ပိုင်အလုပ်တစ်ခုခု လုပ်ဖို့ပြောတာ
Tae: ဝင်ငွေမရှိရင် Fany က မချစ်တော့ဘူးလား
Fany: Tae ကလဲ
Fany စကားမဆက်ဘဲ နေလိုက်သည်။
Tae ကို ချစ်မိတာကို Imo ကို Fany ဖွင့်ပြောမထွက်ဘဲ ရှိခဲ့သည်။ Fany ကိုယ့်ကိုယ်ကိုလည်း မျက်စိမှိတ် ချစ်မိနေတာကို မကျေနပ်နိုင်။ Tae ဇာတိဇစ်မြစ်ကို Fany ဘာမှမသိ .. Tae ဘယ်လိုလူမှန်း မသိဘဲနဲ့ကို Fany ချစ်လိုက်မိတာပါ။
YOU ARE READING
Tae 💋 [Completed]
Romance(Zawgyi) လမင်းမိုမိုရဲ့ မောင်ဝတ္ထုကို TaeNy ver ပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ် ❤ (Unicode) လမင်းမိုမိုရဲ့ မောင်ဝတ္ထုကို TaeNy ver ပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ် ❤