Tae 💋 (Ep-10)

1.1K 136 14
                                    

Zawgyi font - above
Unicode font - under

(Zawgyi)

Kim Taeyeon ပါလာသော ကားအဖြူရောင်ကြီးက Kim Group ဟူသော စာလုံးခန့်ခန့်ကြီးများ ထွင်းထားသော Supermarket ကြီးတစ်ခုရှေ့တွင် ညင်သာစွာ ရပ်သွားသည်။ Taeyeon ရောက်လာမည်ကို သိနှင့်ပြီးသားဖြစ်သော Busan Kim Group Supermarket မှ Manager Mr.Park က ပေါ်တီကိုအောက်ထိ ထွက်ကြိုနေသည်။ သူ့နောက်တွင်လည်း ဝန်ထမ်းအမျိုးသားတစ်ချို့ ရပ်နေကြသည်။

ကားရပ်လိုက်သည်နှင့် လူငယ်တစ်ဦးက သွက်လက်စွာ ရှေ့တိုးလာလျက် နောက်ခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။ ကားထဲမှ ari con နဲ့မို့ မသိခဲ့ရသော အပူရှိန်က ပြင်ပမှ ဆီးကြိုနေသည်။ Taeyeon ကားပေါ်မှဆင်းရင်း မွေးပွလက်ကိုင်ပဝါငယ်ဖြင့် နဖူးစပ်ကို သုတ်လိုက်သည်။

ရှေ့ခန်းတံခါးမှ Jessica ဆင်းလာသည်။ Taeyeon နံဘေးမှ ယှဉ်လိုက်လာရင်း ....

Sica: အောက်မှာခဏနားတာပေါ့ Mr.Park

Mr.Park: စီစဉ်ထားပါတယ် Ms.Jung

Taeyeon .. Mr.Park ကို တစ်ချက်ပြုံးကာ နှုတ်ဆက်ပေမယ့် အပြုံးကမပီလှ။ ရင်ထဲမှာ ခုထိ တင်းကြပ်ကြပ် ဖြစ်နေဆဲ။ မဖုံးဖိတတ်သူမို့ မျက်နှာက မနူးညံ့နိုင်ဘဲ ဖြစ်နေရသည်။

အောက်ထပ်မှန်တံခါးကို တံခါး​စောင့်​က ဖွင့်ပေးထားတာမို့ Taeyeon ခြေလှမ်းကျဲနှင့် ခပ်မတ်မတ် လှမ်းဝင်လိုက်သည်။ နောက်ပါးမှ .. ဘေးမှ ရိုရိုကျိုးကျိုးပါလာသူတွေက မနည်းမနောအပြင် ခန်းမတွင်း ကောင်တာများနောက်မှ အလုပ်သမား ဝန်ထမ်းတို့ကပါ မတ်တပ်ရပ်ကြိုလိုက်ကြသော မြင်ကွင်းကြောင့် အောက်ထပ်စားသောက်ခန်းမမှ လူတိုင်းလိုပင် Taeyeon ကို အကဲခတ်နေကြသည်။

Mr.Park: Boss ဒီမှာထိုင်ပါခင်ဗျ

Taeyeon ခေါင်းညိတ်ကာ စားပွဲခင်းဖြူခင်းထားသော စားပွဲရှည်တစ်ခုနောက်မှ ကုလားထိုင်မှာ ဝင်ထိုင်လိုက်သည်။ စားပွဲပေါ်မှာ နှင်းဆီနီတစ်ပွင့် ထိုးထားသော ပန်းအိုးရှည်တစ်ခုနှင့် Reserved ဆိုသော စာတန်းတုံးငယ်လေး တင်ထားသည်။
Taeyeon ဝင်ထိုင်လိုက်သည်နှင့် စာတန်းငယ်ကို waiter တစ်ယောက်က သိမ်းသွား၏။

Tae 💋 [Completed]Wo Geschichten leben. Entdecke jetzt