Zawgyi font - above
Unicode font - under(Zawgyi)
Sun: အခန်းအပြင်မှာ ကြည့်စမ်း
Sunny ရဲ့ တီးတိုးစကားသံကြောင့် Fany တို့ .. စာသင်ပြနေသော ဆရာ မရိပ်မိအောင် မသိမသာ အခန်းပြင်ကို ကြည့်မိသည်။
အခန်းအပြင်ဘက်က corridor မှာ ရပ်နေသူ တချို့တလေထဲမှာ Sport shirt အနီရဲနှင့် Nickhyun ကို တွေ့လိုက်ရတာမို့ Fany က ချက်ချင်း မျက်နှာလွှဲပစ်လိုက်မိ၏။
Sun: Nickhyun တွေ့လား
Fany: အေး
Soo: ဘာလာလုပ်နေတာလဲ
Fany: ဘယ်သိပါ့မလဲ Soo ရယ်
စိတ်ပျက်လက်ပျက် ပြန်ဖြေလိုက်မိ၏။ Fany ဒီနေ့မှ ကျောင်းစတက်သည်။ သုံးရက်လောက် ကျောင်းမတက်ဘဲ အိမ်မှာပဲ ငြိမ်ငြိမ်ကလေး နေခဲ့တာ။
Tae ထွက်သွားတာကို မသိလိုက်သော Omma က နောက်တစ်နေ့မနက်မိုးလင်း breakfast ဝိုင်းကျမှ သိရကာ အလွန်အံ့သြသွားခဲ့သည်။ Fany တို့ချင်း ဘာများဖြစ်ကြသလဲဆိုတာကို တိုက်ရိုက်တော့မမေး။ သို့ပေမယ့် တစ်ခွန်းစ နှစ်ခွန်းစ စကားများက သံသယမကင်း ဖြစ်နေမှန်း သိသာသည်။
Tae လုပ်ပုံကိုလည်း ကြည့်ပါဦးလေ .. ချစ်ခင်ရင်းနှီးစ ဇနီးမောင်နှံဆိုတာ ခဏလေးပင် ခွဲနိုင်ဖို့ ခက်ခဲတာ။ တစ်ရက်ကလေးတောင် အချိန်မဆွဲဘဲ ညတွင်းချင်း Tae ထွက်သွားပုံက ပြဿနာတစ်ခုခု ဖြစ်ပျက်သွားရသလို ထင်စရာရှိသည်။
'ဘာတွေများ အရေးကြီးနေတယ် မသိပါဘူး' ဟုသာ Omma က မယုတ်မလွန်ပြောလျက် Fany ကိုတော့ မိန်းမသားချင်း စာနာလှပုံနှင့် 'သမီး' ဆိုတာကို နှုတ်ကမချ တဖွဖွခေါ်လျက် တယုတယရှိလှသည်။
တစ်ရက်နှစ်ရက်နှင့်ပင် Tae Omma နှင့် Fany တို့ ဆက်ဆံရေးက ရှေးနှစ်ပေါင်းများစွာကတည်းက ကျွမ်းဝင်သံယောဇဉ်ကြီးတဲ့သူတွေဟု ထင်စရာရှိလောက်အောင် ချစ်ကြည်စည်းကပ်သွားခဲ့ရသည်။
ခြေနှင့် လက်တွေ သိပ်မသန်စွမ်းတော့သော Tae Omma ကို Fany က မိခင်တစ်ယောက်လိုပင် သဘောထားကာ မြောက်မြားလှစွာသော အခြွေအရံ အစေအပါးတို့ ရှိလျက်နှင့် ပြုစုယုယခဲ့ပါသည်။
KAMU SEDANG MEMBACA
Tae 💋 [Completed]
Romansa(Zawgyi) လမင်းမိုမိုရဲ့ မောင်ဝတ္ထုကို TaeNy ver ပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ် ❤ (Unicode) လမင်းမိုမိုရဲ့ မောင်ဝတ္ထုကို TaeNy ver ပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ် ❤