Zawgyi font - above
Unicode font - under(Zawgyi)
Fany အိမ်အပေါ်ထပ်တက်ရာ လှေကားရင်းမှာ ခဏရပ်ကာ Yuri ကိုလှည့်ကြည့်လိုက်ပြီး .....
Fany: Omma ရောဟင်
Yuri: Nae Mrs.Kim က အိမ်ပေါ်တက်သွားပါပြီ Agasshi
Fany: Fany လည်း အိမ်ပေါ်တက်တော့မယ်နော်
မရင်းနှီးသေးသော ဒီအိမ်ကြီးအပေါ်ကို တက်သွားဖို့ရာ Fany မှာ အဖော်မဲ့နေရသည်။
Yuri: တက်ပါ Agasshi
Fany: Yuri shi လုပ်စရာရှိတာလုပ်ပါ
Yuri: ကျွန်မအလုပ်က Agasshi အလုပ်တွေ ကူလုပ်ပေးဖို့ပါ
Fany: ဪ
Fany ဘာမှမပြောဘဲ အိမ်အပေါ်ထပ်သို့ တက်လာခဲ့သည်။ ဒီအိမ်အပေါ်ထပ်ကို ဒီမနက်ကမှ ရောက်ဖူးခဲ့ခြင်းဖြစ်သည်။ အလှပြင်ဖို့ အဝတ်အစားလဲဖို့ ဒီအိမ်မှာပဲ စီစဉ်ထားတာမို့ Fany မနက်တည်းက ဒီအိမ်ကို ရောက်နေရသည်။
သို့ပေမယ့် Fany နေရမယ့်အခန်းတော့ ဖြစ်ပုံမရ။ ခေါက်သိမ်းထားသော တစ်ယောက်အိပ်ကုတင်တစ်လုံးနဲ့ မှန်တင်ခုံတစ်ခုသာရှိသော အခန်းလွတ်တစ်ခုထဲမှာ အလှပြင်ရသည်။ ဧည့်သည်များအတွက်ထားသော အခန်းဖြစ်ပုံရသည်။ Fany ဘယ်အခန်း ဝင်ရမလဲမသိတာကြောင့် Yuri ကိုစောင့်ကာ ဖြည်းဖြည်းလျှောက်ရသည်။
Yuri: ဒီအခန်းပါ Agasshi
Yuri စကားကြောင့် Fany တံခါးတစ်ခုရှေ့ရပ်လိုက်သည်။ Yuri က တံခါးလက်ကိုင်ကို လှည့်၍ ဖွင့်ပေးလိုက်ပြီး Fany ကို ဝင်စေသည်။ Fany ရင်တွေတုန်လာကာ မရဲတရဲနဲ့ လှမ်းဝင်လိုက်သည်။ ဖြူစွတ်စွတ်ဇာတွေ အများအပြားနဲ့ အခန်းကို အလှဆင်ထားသည်။
ဇာဖြူရောင် အိပ်ရာခင်း ခေါင်းအုံးစွပ် ဆင်ယင်ထားသော ကုတင်ကိုလှမ်းအမြင်မှာ Fany ခြေလှမ်းတွေ ရပ်တန့်သွားရ၏။ တဒုတ်ဒုတ်မြည်လာသော နှလုံးခုန်သံက အခန်းထဲမှာ ပဲ့တင်ထပ်မတတ် ဖြစ်လာသည်။
ကုတင်နှစ်လုံး။ တစ်ယောက်အိပ်ကုတင် နှစ်လုံးကို Fany ငေးမောကြည့်နေမိရာက ခေါင်းလေးတစ်ချက် ယမ်းလိုက်မိသည်။
Fany's Thought:
ဘိုဆန်တဲ့သဘောလား Kim Taeyeon ရယ်Fany ကုတင်နှစ်လုံးကို ကျောခိုင်းကာ မှန်တင်ခုံမှာ ထိုင်လိုက်၏။
ŞİMDİ OKUDUĞUN
Tae 💋 [Completed]
Romantizm(Zawgyi) လမင်းမိုမိုရဲ့ မောင်ဝတ္ထုကို TaeNy ver ပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ် ❤ (Unicode) လမင်းမိုမိုရဲ့ မောင်ဝတ္ထုကို TaeNy ver ပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ် ❤