Zawgyi font - above
Unicode font - under(Zawgyi)
Flashback <<<<
Taeyeon နှင့် Juniel ပထမဆုံး စတင်ဆုံတွေ့ဖြစ်တာက 5 star Hotel တစ်ခုတွင် ကျင်းပပြုလုပ်သည့် မင်္ဂလာဧည့်ခံပွဲတစ်ခုမှာ ဖြစ်သည်။ သတို့သားက Taeyeon နှင့် Jessica တို့နှင့်အတူ စက်မှုတက္ကသိုလ် တစ်နှစ်တည်းဆင်းသည့် Engineer တစ်ယောက်။
သတို့သမီးက Jessica ညီမ Krystal ၏ သူငယ်ချင်း .. Juniel နှင့်လည်း ခင်မင်တာမို့ Juniel နှင့် Krystal က အတူလာသည်။
လေးယောက်တစ်စားပွဲ ထိုင်ဖြစ်သွားသော ထိုဝိုင်းမှာ Taeyeon ကို Juniel က စတင် စိတ်ဝင်စားသွားခြင်းပင် ဖြစ်လေသည်။ မရင်းနှီးသော သူစိမ်းများနှင့် ရောထွေးခင်မင်တတ်ခြင်း ကင်းသော Taeyeon က Jessica နှင့်သာ စကားလက်ဆုံကျကာ Juniel ကို မဆိုထားနှင့် သိနှင့်ပြီးသားဖြစ်သော်လည်း သိပ်မခင်သော Krystal ကိုပင် တစ်ချက်တစ်လေ မပြုံးပြဖြစ်။
မင်္ဂလာပွဲပြီးကာ Taeyeon က အားလုံးကို အိမ်ပြန်ပို့ပေးဖြစ်သည်ထိ စကားတစ်လုံးမှ လက်ဆုံမကျ။ Kim Taeyeon ဆိုသော အမည်ကို ကြားကတည်းက Juniel က စိတ်ဝင်စားဖွယ် လူတစ်ဦးအဖြစ် သတ်မှတ်မိပြီးသား။
Taeyeon ၏ ကြွယ်ဝချမ်းသာမှုက မှန်းဆနိုင်ဖို့ ခက်ခဲတာကိုလည်း မတွေ့ဖူးခင်ကပင် သိသည်။ သူဋ္ဌေးမျိုးရိုးက ဆင်းသက်လာသည် ဆိုတာကိုလည်း သတင်းကြားဖူးနှင့်ပြီးသား။
ထိုစဉ်ကတည်းက Juniel က အဆောင်နေသူတစ်ဦး ဖြစ်သည်။ Seoul မှာ မိခင်အရင်းရှိသည်။ Juniel ငယ်စဉ်ကတည်းက မိခင်နှင့် ဖခင်က ကွဲသွားတာမို့ ဖခင်ဖြစ်သူ ဘယ်နေရာ ဘယ်အရပ်သို့ ရောက်နေပေါက်နေလဲ Juniel မသိ။ မိခင်၏ နောက်အိမ်ထောင်စုအတွင်းမှာလည်း Juniel မပျော်ပိုက်ခဲ့သော အခြေခံကြောင့် ကျောင်းသူဘဝမှာ ထင်သလိုနေ ရည်းစားထည်လဲတွဲကာ ချူတတ်စားတတ်သူအဖြစ် Juniel နာမည်မကောင်းလှ။
ဆိုးဆိုးတေတေ ဝသီပါသော Juniel က မိခင်ကို မကျေနပ်စိတ်နှင့် ရွဲ့ရင်း ပိုဆိုးရင်းဖြင့် မိခင်ဖြစ်သူစကားကို တစ်ခွန်းတစ်လေမျှပင် ယောင်ပြီး လိုက်နာ နားထောင်လိုက်ဖူးသည် မရှိအောင် ပေခဲ့သည်။
ကံကြမ္မာကပဲ ဆိုးဆိုးဝါးဝါးဖြစ်ဖို့ ပါလာသလားမသိ။ စာမေးပွဲပြီးခါစမှာ မမျှော်လင့်ဘဲ ရည်းစားတစ်ယောက်နှင့် အိမ်ထောင်ကျသည်။ အိမ်ထောင်ကျသည်ဆိုသော်လည်း တရားဝင် လက်မှတ်ထိုးခြင်း မပြုရသေးဘဲ ခိုးရာလိုက်ဖြစ်သွားတာကိုသာ ဆိုလိုခြင်းပါ။
ESTÁS LEYENDO
Tae 💋 [Completed]
Romance(Zawgyi) လမင်းမိုမိုရဲ့ မောင်ဝတ္ထုကို TaeNy ver ပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ် ❤ (Unicode) လမင်းမိုမိုရဲ့ မောင်ဝတ္ထုကို TaeNy ver ပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ် ❤