Zawgyi font - above
Unicode font - under(Zawgyi)
Boy: Agasshi ဒီအိုးတွေ ဒီနားပဲ ချထားလိုက်မယ်
Fany: အေး ချထားလိုက် .. ပြီးမှ နေရာပြန်ချတာပေါ့
ကားပေါ်က သစ်ခွအိုးတွေကို Ajusshi ရယ် အလုပ်သမားကောင်လေးရယ်တို့က ဝိုင်းဝန်းသယ်ချကြသည်။ Fany ကျေနပ်ပီတိနှင့် ငေးမောကြည့်နေမိ၏။
Tae ပြန်လာလျှင် စိတ်ကြည်နူးသွားလိမ့်မည် ထင်ပါရဲ့။ Fany ကို သစ်ခွတွေစိုက်ပေးဟု ပြောခဲ့သော Tae စကားသံထောင့်ထောင့်ကို ပြန်ကြားယောင်သည်။
သစ်ခွဆယ်အိုးချ ပိုက်ဆံရှင်းအပြီးမှာ ကားက ခြံထဲမှ ပြန်ထွက်သွားသည်။
Fany ညက Tae ကို အိပ်မက်မက်သည်။ သစ်ခွပန်းအိုးတွေအကြား Fany နှင့် Tae တို့ ပျော်ရွှင်စွာ လက်တွဲလမ်းလျှောက်နေကြသတဲ့။ မနက် အိပ်ရာကနိုးတော့ အိပ်မက်ကလေးကို Fany စိတ်စွဲလွမ်းဆွတ်နေသည်။
တွေးတော အချိန်ဆွဲမနေတော့ဘဲ ကောက်ကာငင်ကာပင် သစ်ခွခြံကို သွားလိုက်သည်။ ဆယ်အိုးဝယ်ကာ ကားငှါးပြီး တင်ချလာခဲ့၏။ စုစုပေါင်း ကားခနှင့် ပန်းအိုးဆယ်အိုးငွေသည် Fany စာအုပ်ဆိုင်လေးမှဝင်သော Fany ငွေသက်သက်ပါပဲ။ Tae ပိုက်ဆံကို မတို့မထိဘဲ ဝယ်လိုက်နိုင်တာကို Fany ကျေနပ်နေရ၏။
Hyo: သမီး
ခေါ်သံကြောင့် Fany လှည့်ကြည့်မိသည်။ Yuri က Mrs.Kim Hyoyeon ကို တွဲကာ အိမ်ပေါ်မှ ဆင်းလာသည်။
Fany: Omma ခုနက မိုးရွာထားတာ .. အပြင်မှာ အေးတယ် Omma
Hyo: ကားသံကြားလို့ အပေါ်က လှမ်းကြည့်လိုက်တော့ သစ်ခွအိုးတွေ ချနေတာ မြင်တာနဲ့ ကြည့်ချင်လို့ ဆင်းလာတာ သမီးရဲ့ .. ဝယ်လာတာလား
Fany: Nae Omma .. Kim Taeyeon shi က သူ့အတွက် သစ်ခွအိုးတွေ လုပ်ပေးရမယ် ဆိုလို့ပါ
Hyo: ဘာလဲ သူအပြန်မှာ အပြီးဖြစ်နေရမတဲ့လား
Fany: အဲ့လိုမဟုတ်ပါဘူး .. Fany ဘာသာ သူပြန်ရောက်ရင် တွေ့စေချင်လို့ပါ
Hyo: စာမေးပွဲက သုံးရက်ပဲ လိုတော့တဲ့ဟာ .. အပင်တွေ ဝင်လုပ်မနေစမ်းပါနဲ့တော့ သမီးရယ် .. မနက်ကတည်းက သွားဝယ်မှန်း မသိလို့ Omma က မတားတာ
YOU ARE READING
Tae 💋 [Completed]
Romance(Zawgyi) လမင်းမိုမိုရဲ့ မောင်ဝတ္ထုကို TaeNy ver ပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ် ❤ (Unicode) လမင်းမိုမိုရဲ့ မောင်ဝတ္ထုကို TaeNy ver ပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ် ❤