Zawgyi font - above
Unicode font - under(Zawgyi)
Fany: Omma .. Fany ကို Imo က နှင်းဆီပင်လေးတစ်ပင် ပေးလိုက်တယ် ကြည့်ပါဦး
သိုးမွေးထိုးနေရာမှ Mrs.Kim Hyoyeon က လှည့်ကြည့်လိုက်သည်။
Fany: ဒီမှာ Omma .. ပျိုးထုပ်လေးပဲ ရှိသေးတာ .. Fany က အရမ်းလိုချင်နေတာ .. ဟိုမှာနေတည်းက Imo က သူ့မိတ်ဆွေဆီ လှမ်းမှာပေးထားတာ .. ခုမှရလို့ Fany သူငယ်ချင်းနဲ့ ထည့်ပေးလိုက်တာ .. Omma ကြိုက်တယ်ဆို
Hyo: အေး အပင်လေးက ပေါက်စနိ ပေါက်စနလေးနဲ့ ချစ်စရာလေးကွယ် ကြည့်ပါဦး
Fany ရွှင်လန်းစွာ ရယ်မိသည်။ Mrs.Kim Hyoyeon မျက်နှာကလည်း ဝင်းပလာရ၏။ သူလည်း နှင်းဆီကို နှစ်သက်လွန်းတာမို့ နှင်းဆီပင်ကို တမြတ်တနိုး လိုချင်နေတာ။
Hyo: ဒါဘယ်လိုလဲ သမီး မြေကြီးထဲ ချရမှာလား အိုးနဲ့ပဲထားရမှာလား
Fany: Fany မြေကြီးထဲပဲ ချလိုက်တော့မယ် .. ခြင်းလေးနဲ့ဖြစ်ဖြစ် ကာထားမယ်လေ Omma
Mrs.Kim Hyoyeon ပြုံးကာ ခေါင်းညိတ်လိုက်၏။ ပျင်းရိခြောက်သွေ့စွာသော သူမ၏ ဇရာရွယ်အပိုင်းမှာ တီတီတာတာ စကားဆိုတတ်သော .. ပြုစုယုယတတ်သော သမီးတစ်ယောက် ရှာပေးဖော်ရသည့် သမီးဖြစ်သူ Kim Taeyeon ကို ဘယ်လိုကျေးဇူးတင်မှန်းမသိ။ Taeyeon က သမီးဖြစ်သော်လည်း လုပ်ငန်းမှန်သမျှ ဦးစီးဦးဆောင်လုပ်နေရသူဖြစ်၍ တခြားသမီးမိန်းကလေးတွေလို မိခင်ကို အဖော်မပြုပေးနိုင်။ ထို့အပြင် Taeyeon မှာ နူးညံ့ပျော့ပျောင်းသည့် မိန်းကလေးစိတ်မရှိပေ။ တိကျပြတ်သား စိတ်မာသော ယောက်ျားလေးဆန်သည့် စိတ်ရှိသူဖြစ်သည်။ ခုလို Fany ကို ချွေးမတော်ရတာဟာ Mrs.Kim Hyoyeon အတွက်ကတော့ တကယ့်ဆုလာဘ်ကြီးပင်။
Mrs.Kim Hyoyeon က သစ်ပင်ပန်းပင် ဝါသနာကြီးတော့ Fany က တစ်မျိုးပြီးတစ်မျိုး ရှာဖွေစုဆောင်းလာတတ်သည်။ သိုးမွေးထိုး ဝါသနာပါတော့ design မျိုးစုံပါသည့် ကတ်တလောက်တွေ ရှာလာပေးတတ်သည်။
"Fany ကိုလည်း သင်ပေးပါလား Omma" ဟု ပူဆာခဲ့ခြင်းသည် သူမ တကယ် ဝါသနာပါတာထက် Mrs.Kim Hyoyeon မှာ အားလပ်နေသည့် အချိန်တွေအတွက် ဆောင်ရွက်နေစရာ အပျင်းပြေနေစရာ စကားလည်းပြောရင်း သင်လည်းသင်ရင်း ဖြစ်ရအောင် တမင်ဖန်တီးတာမှန်း လူကြီးမို့ မသိဘဲနေပါ့မလား။
YOU ARE READING
Tae 💋 [Completed]
Romance(Zawgyi) လမင်းမိုမိုရဲ့ မောင်ဝတ္ထုကို TaeNy ver ပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ် ❤ (Unicode) လမင်းမိုမိုရဲ့ မောင်ဝတ္ထုကို TaeNy ver ပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ် ❤