Zawgyi font - above
Unicode font - under(Zawgyi)
Fany: မိုးတွေရွာနေတယ် Mi Eun .. ပြတင်းပေါက်တွေ လိုက်ပိတ်စမ်းပါ
Mi Eun: Nae Fany Unnie
Mi Eun က ဖတ်လက်စ ကာတွန်းစာအုပ်ကို မှောက်ရက်ချကာ ပြတင်းတံခါးကို အပြေးထပိတ်သည်။ နောက်မနက်ဖြေဖို့ ဘာသာရပ်အတွက် Fany က စာအုပ်နှင့် မျက်နှာ မခွာနိုင်အောင် ဖြစ်နေရ၏။ ပုံကြမ်းဆွဲကာ ပုံမှာထောက်ပြီး စာအလွတ်ရွတ်နေရာမှ Imo အိပ်နေသော ကုတင်ဘက် တစ်ချက် တစ်ချက် လှည့်ကြည့်ရသည်။
Imo က အိပ်မပျော်သေး။ မျက်စိတော့ မှိတ်ထားသည်။ Imo ကို လှည့်ကြည့်လိုက် စာပြန်ကျက်လိုက်။ ဒါ့အပြင် စားပွဲပေါ် ထောင်ထားသော Tae ဓာတ်ပုံကလေးလည်း ငေးမောမိသေးသည်။
Mi Eun: Fany Unnie .. ခြံစည်းရိုးရှေ့ကို ကားတစ်စီး လာရပ်တယ်
Fany: ဘာကားလဲ .. ဘယ်ကိုလာတာလဲ Mi Eun .. တို့အိမ်ကို လာတာလား
Mi Eun: ဟုတ်တယ် ထင်တယ်
Fany: သေချာ သွားကြည့်လိုက်ဦး .. တံခါးတော့ ဖွင့်မပေးလိုက်နဲ့ဦးနော်
Mi Eun: Nae
Mi Eun လှစ်ခနဲ လှည့်ပြေးချိန်နှင့် တစ်ချိန်တည်းပင် တံခါးကို ရိုက်ပုတ်သံတစ်ခု ထွက်လာ၏။ သံပန်းတံခါးမို့ အသံဆူညံသည်။
Imo လန့်ဖျပ်သွားမှာကို Fany စိုးရိမ်သွားရကာ အခန်းအပြင်ဘက်သို့ ကမန်းကတန်း လိုက်ထွက်ဖြစ်သည်။
"Agasshi .. ကျွန်တော်ပါ Mr.Han ပါ"
Fany: ဪ Ajusshi လား .. Mi Eun တံခါးဖွင့်လိုက် .. ဘာတွေ အရေးကြီးလာလို့လဲ Ajusshi
Mi Eun က တံခါးကို ဖွင့်သည်။ အတွင်းသစ်သားတံခါး ဖွင့်လိုက်ပြီးသည်နှင့် လေအေးနှင့် မိုးမှုန်တွေ အိမ်တွင်းကို ဖြန်းခနဲ ဝင်လာသည်။
Fany: Ajusshi ထီးလည်းမပါ ဘာလည်းမပါ
Mr.Han: Nae
Fany: ကဲ ဝင်လေ .. Driver Lee တောင် ခုပဲ ပြန်သွားတယ်
Mr.Han: Agasshi ထီးတစ်လက်လောက် ပေးပါ .. ကားပေါ်မှာ Boss လည်း ပါလာတယ်
Fany: ဟင်
ညကြီးမင်းကြီး Tae ရောက်လာသည်ဆိုသော အဖြစ်ကို အံ့ဩလွန်းတာမို့ Fany ခေတ္တ ငြိမ်သက်သွားရသည်။ Mi Eun က Mr.Han ကို ထီးယူပေးပြီး ကားဆီ Mr.Han ပြန်သွားသည်အထိ Fany ငြိမ်နေမိဆဲ။
YOU ARE READING
Tae 💋 [Completed]
Romance(Zawgyi) လမင်းမိုမိုရဲ့ မောင်ဝတ္ထုကို TaeNy ver ပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ် ❤ (Unicode) လမင်းမိုမိုရဲ့ မောင်ဝတ္ထုကို TaeNy ver ပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ် ❤