*နာမည်ကြီး Mae Nak သရဲမနတ်နန်းနဲ့ ထိန်းသိမ်းထားတဲ့ သူမရဲ့ဝိဥာဏ်ရှိရာမြေ*
ယိုးဒယား Thai လူမျိုးတွေဟာ နတ်ကိုးကွယ်မှုနဲ့ အစွဲအလမ်းကြီးမှုမှာ မြန်မာလူမျိုးတွေထက်သာပါတယ်။ဒါပေမယ့် အားလုံးသောသရဲတွေထဲမှာ Mae Nakဆိုတဲ့သရဲမက နာမည်အကြီးဆုံးပါ ။
သူမရဲ့နတ်နန်းက သူမလူ့ဘဝကနေထိုင်ခဲ့ရာ ဗန်ကောက်မြို့ရဲ့တောင်ဘက် ဖရာခနောင်းတူမြောင်းဘေးနားမှာရှိပါတယ်။၁၈၀၀ပြည့်နှစ်လွန်တုန်းက Mae Nak လို့ခေါ်တဲ့ မိန်းမလှလေးတစ်ယောက်က Tak Markဆိုသူနဲ့ လက်ဆတ်ခဲ့ပါတယ်။ သူတို့က ဗန်ကောက်မြို့ရဲ့တောင်ဘက် ဖရာခနောင်းတူးမြောင်းဘေးမြစ်ဆိပ်ကမ်းမှာ နေကြတယ်။ Mae Nakကိုယ်ဝန်ဆောင်တဲ့အချိန်မှာဘဲ သူမအမျိုးသားTak Markဟာစစ်မှုထမ်းဖို့ဆင့်ခေိါခြငိးခံရပါတယ်။ သူမယောက်ကျားရှေ့တန်းသွားနေတုန်း Mae Nakဟာကလေးမမွေးနိုင်ဘဲ ဆုံးပါးသွားခဲ့ပီး သရဲမအဖြစ်သူ့ယောက်ကျားကိုစောင့်နေတဲ့အချိန် သူ့ယောက်ကျားကရှေ့တန်းမှာမသေဘဲ ပြန်ရောက်လာခဲ့တယ်။ Tak Mark က အစပိုင်းကတော့ သူ့မိန်းမနဲ့ကလေး သေတာကိုမသိခဲ့ပါဘူး။ ရွာသားတွေသတိပေးတာကိုလည်းလက်မခံခဲ့ပါဘူး။ Tak Markကိုအသိပေးတဲ့ရွာသားတွေကို Mae Nak ကသတ်ပစ်ခဲ့တယ်လို့သိရပါတယ်။ တစ်ရက်မှာတော့ Markတောထဲကနေပြမ်အလာမှာ Mae Nakက ခြေတံရှည်အိမ်လေးပေါ်ကနေ လက်အရှည်ကြီးထုတ်ပီး ဟင်းချက်ဖို့ အသီးအနှံတွေယူနေတာကြည့်ပီး သွေးပျက်ခြောက်ခြားထွက်ပြေးခဲ့ရပါတယ်။ Markထွက်ပြေးတဲ့နေရာကတော့ ဝပ်မဟာဘတ်ဘုရားကျောင်းထဲကိုပါ။ Mae Nakသရဲမကလိုက်လာလို့ ဘုန်းကြီးတွေက သိမ်ကျောင်းထဲမှာ ပုန်းအောင်းစေခဲ့ပါတယ်။ သိမ်ထဲကိုတော့ သရဲမက မလိုက်နိုင်ပါဘူး။ အဲ့တော့သရဲမကအငြိုးထားပီး ရွာကိုဖျက်စီးပစ်ခဲ့ပါတယ်။ ထွက်ပြေးသွားတဲ့ရွာသားတွေက အထက်လမ်းဆရာပင့်ပီး Mae Nakသရဲမကို နှိမ်နှင်းရာမှာ အထက်လမ်းဆရာက သရဲမကိုကြွေခရားထဲပိတ်ပီး "မြစ်ထဲမှာဘဲ အမြဲနေ"လို့အမိန့်ပေးပီး မြစ်ထဲကိုပစ်ချလိုက်တယ်။
နှစ်အနည်းငယ်ကြာမှာတော့ တံငါသည်တဦးက ကြွေခရားကိုဆယ်ယူရရှိပီး ဖွင့်မိလို့ Mae Nakသရဲ မက လွတ်မြောက်သွားတယ်။ Mae Nakသရဲမက ဖရာခနောင်း တလျှောက်သောင်းကျန်းလာတာနဲ့ လောင်ပေါ်တုန်းဆိုတဲ့ တန်ခိုးကြီးတဲ့ ဘုန်းတော်ကြီးက သူ့စိတ်တန်ခိုးနဲ့ Mae Nakရဲ့ အရိုးစုကိုတွေ့အောင်ရှာ ပြမ်တူးဖော်ပီး သူမဝိဥာဏ်ကိုအရိုးစုထဲမာ ပြန်ပိတ်ပိးချုပ်ထားခဲ့တယ်။ အဲဒီအရိုးကို ထိုင်းတော်ဝင်မိသားစုအမိန့်နဲ့ အခုသူမနတ်နန်းဆောက်လုပ်မယ့် အဆောက်အဦး အောက်မှာမြုပ်ထားခဲ့တယ်။ Mae Nakနက်သူမသားလေးရဲ့ရုပ်တုကိုတည်ပီးရွှေလည်းချထားပါတယ်။ လာရောက်ပူဇေိာသူတွေက အမွှေးနံ့သာတွေ၊ ပိုက်ဆံ ၊ထိုင်းရိုးရာအဝတ်အထည်၊ ရွှေထည်တွေနဲ့ပူဇော်လေ့ရှိကြတယ်။
လာရောက်ပူဇော်သူတွေကတော့ အထူးသဖြင့် ထိုင်းစစ်မှူထမ်းတွေရဲ့မိခင်တွေ၊ ဇနီးသည်တွေက စစ်ထွက်ယောက်ကျား သားသမီးတွေကို အန္တာရာယ်ကင်းအောင်စောင့်ရှောက်ပေးဖို့ လာရောက်ပူဇော်လေ့ရှိကြတယ်။ နတ်နန်းထဲကို ကိုယ်ဝန်ဆောင်မဝင်ရပါဘူး။ ဝင်ရင်တော့ဆိုးကျိုးတွေကြိမ်းသေခံစားရမယ်လို့သိရတယ်။
ဘာဘဲဖြစ်ဖြစ် ဗန်ကောက်မြို့ရဲ့တောင်ဘက် ဖရာခနောင်း တူးမြောင်းဘေးကMae nakနဲ့ Tak Mark တို့ရဲ့ အိမ်နေရာလေးကတော့ယခုအခါမှယနတ်နန်းဖြစ်နေပီး အလွန်စည်ကားနေပါတယ်။ But တစ်နှစ်တစ်ခါတော့ နတ်နန်းတဝိုက်မှာ မီးနေသည်နံ့ရပီဆိုရင်တော့ လူအသေအပျောက်ရှိပီး Mae Nakသရဲမက ဖမ်းစားလျက်ပင်ရှိပါကြောင်း။ ။
Lu Myanmar
အခုတော့ကျနော် K😉😉
Copyလေးပါ ခုတင်ပြတာကအမှန်ဖြစ်နိုင်သလိုအမှားလည်းဖြစ်နိုင်ပါတယ်။
ထင်မြင်ချက်လေးတွေရေးပေးနိုင်ပါတယ်။
YOU ARE READING
Ghost Story အပိုင်းအစလေးများ
HorrorCopyတင်ပြမာပါ 👻👻👻👻👻👻 ဖြစ်ရပ်မှန်၊ လုက်ဇာတ်၊ ပုံပြင် ၊ ဇာတ်လမ်း၊ သမိုင်းအကြောင်း etcတို့ကိုရှာလို့တွေ့သလောက်ဖြန့်ဝေမာပါ By\K