အပိုင်းအစ ၅

44 4 0
                                    

*ယဇ်​ပုလင်​​ပေါ်မှသား​ကောင်​များ *[8]

"Dဓားကို မာလင်​ဆိုတဲ့​မှော်​ဝိဇ္ဇာတစ်​ဦးကပြုလုပ်​ခဲ့တာဘဲ တစ်​ကြိမ်​တစ်​ခါကသူ့ရဲ့ပြိုင်​ဘက်​စုန်းမဟာ နတ်​ဘုရား​တွေအကူအညီနဲ့ဒုက္ခ​ပေးဖို့ကြံလာတဲ့အတွက်​ မာလင်​ဟာ ဒီဓားနဲ့နတ်​ဘုရား​တွေကိုတားဆီးဖို့ပြုလုပ်​ခဲ့တာဘဲ.."

ကျမကြာလျှင်​ ​ငွေဖြူရဲ့စကား​တွေ​ကြောင့်​ရူးသွားနိုင်​တဲ့အတွက်​ ပြန်​ထွက်​လာခဲ့​တော့သည်​။

"ယမုံ​ရေမ​နေ့ကနင်​​ပြောသလိုလုပ်​လိုက်​လို့လားမသိဘူး အခုငါ့အ​ဖေနဲ့အ​မေ ​ဈေးဝယ်​အတူတူထွက်​သွားကြတယ်​ မကြာခင်​အဆင်​​ပြေ​တော့မယ်​ဆိုတာငါသိတယ်​ ငါ​ပျော်​လိုက်​တာ​အေ"

ဇွန်​မီကသူ့မိဘများပြန်​အဆင်​​ပြေသည့်​အတွက်​ ဝမ်းသာအားရ​ပြော​နေ​သော​ကြောင့်​ ကျမလည်းထပ်​တူဝမ်းသာမိသည်​။

"ငါ​ပြောသားဘဲပြန်​အဆင်​​ပြေမှာပါလို့.."

"Aဟယ်​ သီဟကိစ္စနဲ့စိတ်​ညစ်​​နေတာ အခုင့မိဘ​တွေအဆင်​​ပြေသွား​တော့ စိတ်​​တွေ​ပေါ့ပါးသွားတာဘဲ ​ကျောင်းဆင်းရင်​​ဖေ​ဖေလာကြိုမယ်​တဲ့"

အတိုင်​အ​ဖောက်​ညီိ​နေ​သောသူငယ်​ချင်းနှစ်​​ယောက်​ကိုကြည့်​ပြီး ကျမပါ​ပျော်​လာမိသည်​။ လမင်းက​တော့နယ်​ကသူ့မိဘ​တွေဆီပြန်​သွားတဲ့အတွက်​ ​လော​လော​ဆယ်​​ကျောင်းမှာမရှိ​ပေ။
ကျောင်းဆင်း​တော့ကျမဇွန်​မီအား သူမ​ဖေ​ဖေရှိရာသို့လိုက်​ပို့​ပေးရင်းပြန်​ထွက်​လာခဲ့သည်​။
ကျောင်းဝင်းထဲက​နေထွက်​ခွာသွား​သောဇွန်​မီတို့ကိုကြည့်​ရင်း ကား​နောက်​ခန်းဆီသို့အကြည့်​က​ရောက်​သွားသည်​။

"ဟင်​ ကားကား​နောက်​ခန်းထဲမှာ ဟိုအမျိုးသမီးပါလား."

ကျမအနက်​​ရောင်​ဝတ်​ထားတဲ့ထိုအမျိုးသမီးကို​တွေ့လိုက်​​သော​ကြောင့်​ စိုးရိမ်​စိတ်​ဝင်​ကာ ဇွန်​မီဆီသို့ဖုန်းဆက်​လိုက်​သည်​။

"​သြော်​...ဒုက္ခဘဲ ဇွန်​မီကလည်းဘာလို့ဖုန်းပိတ်​ထားတာလဲမသိဘူး"
ကျမဇွန်​မီတို့ဘာမှမဖြစ်​ပါ​စေနဲ့လို့ဆု​တောင်းရင်းဇ်​န်​မီဆီကိုဆက်​တိုက်​ဖုန်း​ခေါ်​နေမိသည်​။ ခနကြာ​တော့ဖုန်းဝင်​သွားသည်​။

Ghost Story အပိုင်းအစ​လေးများWhere stories live. Discover now