*မြကြေးမုံနဲ့ ငွေတာရီ*[၁]မြကြေးမုံ........
မျက်နှာဝိုင်းဝိုင်း အသားဖြူဖြူလေးနဲ့ ယောဂီသဘက်ဝတ်ပြီး ရွှေမောဓောဘုရားမှာ ဝတ်ရွတ်ဖို့ မြကြေးမုံ စက်ဘီးလေးတွန်းထွက်သွားတဲ့မြင်ကွင်းဟာ ညနေတိုင်း ညနေတိုင်း ခြင်းခတ်နေတဲ့ကာလသားတွေ အလုပ်မရှိ ဘူကြီးတွဲနေတဲ့ကာလသားတွေ အတွက်တော့ လေညင်းတစ်ခုပ်ပန်းတစ်သုပ်ပါဘဲ.....။
ရပ်ကွက်ထဲက လူပျိုပေါက်လူပျိုလေးလူပျိုကြီးတွေ အာစလုံးမြကြေးမုံ၏ သိမ်သိမ်မွေ့မွေ့ မြန်မာဆန်ဆန်ဟန်လေးကိုရင်ဖိုကြပေမယ့်
မြကြေးမုံကတော့ယင်ဖိုတောင် အသန်းမခံခဲ့ဘူး
ကျွန်တော်လား?....ဘယ်ပြောကောင်းမလဲဗျာ ရရင်တော့လိုချင်တာပေါ့ ဒါမျိုးကအလကားပေးရင်ငြင်းစရာလား ဒါပေမယ့် မြကြေးမုံက အိမ်တွင်းပုန်းဗျ တနေကုန်အိမ်တွင်းပုန်းပြီး ညနေ၅နာရီလောက်မှ ယောဂီဝတ်စုံဝတ်ပီး စက်ဘီးလေးနဲ့ဝတ်ရွတ်သွားတတ်တာ ဗျာ...ရည်းစားစကားလိုက်ပြောပေါ့ ဟုတ်လား ခင်ဗျား စင်းစားကြည့်စမ်းပါဗျာ ယောဂီဝမ်းဆက်နဲ့ အိနြေ္ဒရရစက်ဘီးလေးနင်းပီးဝတ်ရွတ်ဖို့သွားတဲ့ မိန်းကလေး တစ်ယောက်ကို ယီးတီးယားတား စကားလိုက်ပြောတဲ့ကောင်ကို ယဉ်ကျေးမှုမရှိတဲ့ကောင်လို့ပြောမှာဘဲ အခန့်မသင့်လို့ဟိုကလက်မခံရင် ဆွမ်းကြီးဝိုင်းလောင်းမယ့်သကောင့်သားတွေကအပေါသားဗျ မြကြေးမုံက လှတယ် ချောတယ် တည်ကြည်တယ် ယင်ကျေးတယ် ဘာသာတရားကိုင်းရှိုင်းတယ် ဒီတော့သူ့ကိုလိုက်ရတာခက်မယ်ထင်ပြီး ဘယ်သူမှချစ်ရေးဆိုတယ်စာပေးတယ်ဆိုတာ မကြားဖူးဘူး ဒီလိုဘဲလေဗျာ...မွှေးလွန်းသည့်ပန်းမနမ်းဝံ့ပီတဲ့ အဲ့လိုနဲ့ဘဲ မြကြေးမုံ အသက်၂၆လောက်မှာတော့ နောက်ကားကကျော်တတ်ပါလေရောဗျို့။
နောက်ကားဆိုတာကဒီလိုဗျ...
မြကြေးမုံမှာ တစ်ဦးတည်းသောညီမလေးရှိတယ် ငွေတာရီ တဲ့ မြကြေးမုံနဲ့ ငွေတာရီ ကသိပ်ချစ်ကြတာ သူတို့အဖေကအရင်က ကျနော်တို့မြို့မှာ သတင်းစာ၊မဂ္ဂဇင်းတွေဖြန့်တာ သူတို့ကိုထမင်းကျွေးတဲ့ အလုပ်ကိုဂုဏ်ပြုတဲ့အနေနဲ့ သူ့သမီးနှစ်ယောက်ကိုသတင်းစာ၊ မဂ္ဂဇင်းနာမည်တွေပေးထားတာ
ဟေ့လူ....ကပ်သီးကပ်သက်မမေးနဲ့လေဗျာ သားမွေးရင် ဒီးဒုတ်တို့ မြန်မာ့အလင်းတို့ပေးမှာပေါ့ဗျ ငွေတာရီကလည်းမြကြေးမုံကိုမမှီပေမယ့် ချောချောလေးပါ ဒါပေမယ့် သူကတော့ မြကြေးမုံလို အတည်ပေါက်ကြီးမဟုတ်ဘူး ပေါ့ပေါ့ပါးပါးကောင်မလေးဘဲ ငွေတာရီက ကျောင်းပြီးတာနဲ့ သူနဲ့ကျောင်းအတူတူတတ်ခဲ့တဲ့ကောင်လေးနဲ့အိမ်ထောင်ကျတယ်
မြကြေးမုံတို့နေတဲ့အိမ်က ကျနော်တို့ရပ်ကွက်ရဲ့ ထောင့်စွန်းမှာဗျ ကျနော်တို့နဲ့ဆို၎ ၅အိမ်လောက်ရှိမေ သူတို့အိမ်ရဲ့ဘေးမှာ အိမ်ခြေမရှိတော့ဘူး မီးလောင်ကွင်းကြီးဘဲရှိတော့တယ်ြုခုံဖုတ်တွေထလို့ပေါ့ အိမ်မှာ သူတို့အဖေ ဦးမြငြိမ်းရယ် ဦးမြငြိမ်းညီမဒေါ်ခင်ခင်တို့လင်မယားရယ် မြကြေးမုံရယ် ငွေတာရီတို့လင်မယားရယ် မိသားစု၆ယောက်နေကြတာပေါ့
အဲ့ဒီလိုနဲ့ ငွေတာရီလေးမာကိုယ်ဝန်ရှိလာပါလေရော မြကြေးမုံက သူ့ညီမကိုအရမ်းဂရုစိုက်တာ အပြင်ကိုတော်ရုံမထွက်တဲ့မြကြေးမုံ သူ့ညမအတွက် ဈေးထဲကို ကိုယ်တိုင်သွား ဗိုက်ဖုံးအကျီတွေဝယ် ကိုယ်ဝန်ဆောင်အားဆေးတွေသွားဝယ်နဲ့ပေါ့အဲ့ဒီနေ့......
စနေမိုးက မိန်းမပျက်တယောက်ရဲ့ ခပ်ညို့ညို့ အကြည့်တွေလိုမျိုးဘဲ တညနေလုံးကို ခပ်ဆွေဆွေဖမ်းစားထားတယ် ကျွန်တော့် တံစက်မြိတ်မှာ သစ်ခွပန်းတွေ မဝေသေးဘူး ဝါဆိုရယ်သိပ်သတိရမိတယ်ဆိုတဲ့ သီချင်းစာသားက FMမှာလာနေတုန်း ကျတော်က အမေ့အလစ်မှာ အရက်ဆိုငိသွားဖို့ချောင်းနေတဲ့အချိန်ပေါ့
မိုးဖွဲဖွဲကြားမာ မြကြေးမုံကို ဆိုက်ကားတစီးနဲ့ပြမ်လာတာတွေ့လိုက်တယ် တကိုယ်လုံးရွှံတွေဗွက်တွေလူးလို့... ဆိုက်ကားနောက်မှာ ဦးမြငြိမ်း ဦးမြငြိမ်းကိုမြကြေးမုံက မှီထားတယ် အမေကထီးနဲ့ထွက်ပြီး ဘာဖြစ်တာလဲမေးတော့ မကြေးမုံ စက်ဘီးမှောက်တာတဲ့ ဘာမှတော့မဖြစ်ဘူး ခေါင်းလေးဘဲ နည်းနည်းမူးသွားတာပါတဲ့ ဘယ်ရမလဲ အမေ မြကြေးမုံတို့သားအဖကို စပ်စုနေတုန်း ကျနော်လည်း မိုးကာအသာဆွဲပီး လမ်းထိပ်က ကိုမျိုးဆိုင်မှာ ဝမ်းပတ်တူးပတ်ဖို့ ဘယ်ညာလစ်ထွက်ခဲ့တယ်နောက်နေ့ကျနော်အိပ်ယာနိုးတော့ နေ့လည်၁၁နာရီ ထမင်းစားပွဲမာ ၁ထောင်တန်တရွက်ရယ် အမေ့လက်ရေးနဲ့စာတစောင်ထားခဲ့တယ် "သား အမေ အသုဘ သွားတယ် " ၁ထောင်တန်ကိုခါးကြားလိမ်ပြီး လက်ဖက်ရည်ဆိုင် ထွက်တော့မှ အမေသွားတာမြကြေးမုံအိမ်မှန်းသိတယ် မြကြေးမုံ လေးနာရီလောက်ကဆုံးပြီတဲ့ စက်ဘီးမှောက်တုန်းက ခေါင်းနဲ့ကျတာ သွေးလည်းမထွက် ကွဲလည်းမကွဲတော့ ဂရုမစိုက်ဘဲထားလိုက်တာ မနက်၃နာရီလောက်ကျ
ခေါင်းမူးတယ်ခေါင်းမူးတယ်ပြောပီး ၄နာရီလောက်ကျ ဆူံးသွားတာတဲ့ ကျတော်ဖြင့်......နှမြောလိုက်တာဗျာ ဒါပေမယ့် မြကြေးမုံက ကျနော့်ကိုသံယောဇင်ရှိတယ်ဗျ ဘာလို့လဲတိလား သူ့အသုဘ ရှမ်းကိုးမီးဝိုင်းမှာ ကျတော်၂သောင်းလောက်နိုင်လိုက်တယ်လေ ကြည့်စမ်း သူ့ကိုကြိတ်ကြိုက်နေမှန်းသိလို့လို့ရောင်ပြမ်ဟပ်တယ်ထင်ပါရဲ့ ကျနော်လည်းဖဲဝိုင်းက ထခါနီး အခေါင်းပြင်ထားတဲ့နေရာကိုသွားပီး မြကြေးမုံအလောင်းကိုသွားကြည့်ပီးမူးမူးနဲ့ ကျေဇူးတင်စကားတောင်ပြောခဲ့တေးတယ်
အမယ်...
မျက်နာလေးကတော့အရင်လိုလှနေတုန်းဗျ သူဝတ်နေကျယောဂီဝမ်းဆက်လေးနဲု့မြင်ရတော့.......ကျတော့်စိတ်ထဲ အုံ့မှိုင်းမှိုင်းကြီးဗျမပြီးတေးဘူးနော်☺☺
.............................................................
YOU ARE READING
Ghost Story အပိုင်းအစလေးများ
HorreurCopyတင်ပြမာပါ 👻👻👻👻👻👻 ဖြစ်ရပ်မှန်၊ လုက်ဇာတ်၊ ပုံပြင် ၊ ဇာတ်လမ်း၊ သမိုင်းအကြောင်း etcတို့ကိုရှာလို့တွေ့သလောက်ဖြန့်ဝေမာပါ By\K