*ယဇ်ပုလင်ပေါ်မှသားကောင်များ *[3]
"မျက်လုံးကကျောက်က တော်တော်လက်နေတာဘဲနော်"
ကျမတို့သူငယ်ချင်းတစ်သိုက် ရုပ်ထုကိုကြည့်ကာ တစ်ယောက်တစ်မျိုးဝေဖန်နေကြသည်
"ကဲ ဘယ်လိုလည်းသီဟ ကျောက်ကတော်တော်အဖိုးတန်လား"
သီဟတို့မိသားစုက ကျောက်လုပ်ငန်းလုပ်ကိုက်ပြီး ကျောက်အကြောင်းတော်တော်နားလည်ကြသူများဖြစ်သည်။ သီဟအဖေနဲ့အမေကကျောက်ပွဲစားများဖြစ်ပီး သီဟအကိုကတော့ကျောက်ပန်းပုထုသူတျောက်ဖြစ်သည်။
"မပြောတတ်ဘူးဟ ငါ့အဖေနဲ့အမေမှသိမှာ
ဒီစာအုပ်ကအဲ့အရုပ်နဲ့အတူပါလာတာနော်""အေးဟုတ်တယ် ဘာစာတွေမှန်းမသိလို့ငါလည်းမဖတ်တတ်ဘူး အာ့နင်တို့ကိုပြဖို့ယူလာတာ"
ယမုံကထိုစာအုပ်ကိုလှန်ကြည့်ရင်း
"ငါလည်းနားမလည်ဘူး သေချာတာတော့ဒီအရုပ်ရဲ့အကြောင်းပြောပြထားတာနေမယ်"
ယမုံပြောတာနည်းလမ်းကျသည်မို့ ကျမသူ့စကားကိုယုံကြည်မိသည်
ထိုစဉ် လျှပ်စစ်မီးမှာရုပ်တရက်ပြတ်တောက်သွားသည်။
"ဟယ်မီးပြတ်သွားပီ"
စာကြည့်ခန်းကအလုံခန်းမို့ မီးပြတ်သည်နှင့်မှောင်မဲသွားသည်။ ဒါပေမယ့် ရုပ်တုရဲ့မျက်လုံးများကတော့ အမှောင်ထုထဲဝယ်တဖိတ်ဖိတ်တောက်ပနေတော့သည်
"ရွှေဖြူနင့်အရုပ်ကြီးကိုခနဖုံးထားစမ်းပါ အမှောင်ထဲမှာကြည့်ရတာတမျိုးကြီး"
ထိုခါမှ ကျမသတိဝင်လာပြီး အနီးတွင်ရှိသောပုဝါဖြင့်ဖုံးထားလိုက်သည်
ခနကြာတော့ မီးပြန်လာသည်
သီဟကထိုရုပ်တုကိုကြည့်ပြီး
"ငါ့မှာအကြံတခုရှိတယ်ရွှေဖြူ ဒီရုပ်တုကိုငါ့အဖေကိုပြကြည့်လိုက်မယ် တန်ဖိုးရှိတဲ့ကျောက်ဆိုရင်တော့နင်ကံကောငးတာပေါ့ နောက်ပီးဒီစာအုပ်ကိုငါယူသွားမယ် ငါ့ဦးလေးတျောက်ကနိုင်ငံခြားမှာ ဘာသာစကားတေကိုသုတေတနပြုနေတဲ့ ပါမောက္ခဆိုတာနင်တို့သိတယ်မလား ဒီတော့ငါဒီဥစ္စာကို အွန်လိုင်းကနေပြပီးမေးလိုက်မယ် သဘောတူလား?"
YOU ARE READING
Ghost Story အပိုင်းအစလေးများ
HorrorCopyတင်ပြမာပါ 👻👻👻👻👻👻 ဖြစ်ရပ်မှန်၊ လုက်ဇာတ်၊ ပုံပြင် ၊ ဇာတ်လမ်း၊ သမိုင်းအကြောင်း etcတို့ကိုရှာလို့တွေ့သလောက်ဖြန့်ဝေမာပါ By\K