*ယဇ်ပုလင်ပေါ်မှသားကောင်များ *[4]
သီဟတို့်မိဘတွေကအင်မတန်သဘောကောင်းလှသည် ကျမတို့တစ်တွေကိုသူတို့သားသမီးတွေလိုဂရုစိုက်ကြသည်။ ယခုလည်း ကျမတို့ကိုထမင်းဖိတ်ကျွေးတော့ ဟင်းမလောက်မှာဆိုးလို့ ရွာနီးစပ်ကလာရောင်းသည့်ဆိတ်သားသည်ထံမှ ဆိတ်တစ်ကောင်လုံးကို ဝယ်ကာချက်ပြုတ်ကျွေးခဲ့သည်မဟုတ်ပါလား။
ကျမတို့ထမင်းစားပြ်ီ်းတော့သီဟက သူတို့ခြံထဲကအဖီတဲလေးမှာစောင့်ရန်ပြောသောကြောင့် ကျမတို့အဖီတဲလေးဆ်ီရောက်လာခဲ့သည်
ထိုအဖီတဲလေးဆီ ကျမတို့သူငယ်ချင်းတစ်သိုက် စကားပြောခြင်သော်လည်းကောင်း ဆွေးနွေးချင်သော်လည်းကောင်း လာလေ့ရှိသည်။
ခဏအကြာတွင်သီဟတစ်ယောက် စက္ကူအိတ်လေးပိုက်ကာရောက်လာသည်
ကျမတို့ကတော့ ထိုအဖီတဲလေးအတွင်းမှ နိုင်ငံခြားသွားနေသောသီဟအကို၏ လက်ရာမြောက်သောကျောက်ပန်းပုများကိုကြည့်ကာ နယောက်တစ်ပေါက်ငြင်းခုန်နေကြသည် ကျမကတော့ချိုတကားကားဖြင့်မာန်ဝင့်နေသော နွားရိုင်းရုပ်ထုကိုကြည့်ပြီးလမင်းနှင့်တူသည်လို့ နောက်ပြောင်နေမိသည်"ကဲ ဒီမှာရွှေဖြူ နင်ဟိုတခါပြောတဲ့စာအုပ်ကအဓိပ္ပါယ်တွေကို နိုင်ငံခြားက ဦးလေးဆီလှမ်းမေးတာ မနေ့ညကဘဲ ငါ့ကိုcbကနေလှမ်းဖြေပေးထားတယ် "
သီဟကပြောပြောဆိုဆိုပင် စက္ကူအိတ်ထဲမှအရာကိုထုတ်လိုက်သည် ထိုအရာကဟိုရုပ်တုဘဲဖြစ်သည် ကျမအပါအဝင်ကျန်တဲ့သူများက ထိုရုပ်တုနားဆီသို့ရောက်ရှိလာကြသည်
သီဟကဖုန်းဖွင့်လိုက်ပီး cbထဲသို့ဝင်ကာ ထိုထဲတွင်ရှင်းပြထားသောအရာများကိုပြန်လည်ဖတ်ပြပေးနေသည်
"Dရုပ်တုရဲ့ရာဇဝင်က အာဖရိကကလာတာဘဲ လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကျော်လောက်က အာဖရိကလူမျိုးတချို့ဟာ ဇူမာလို့ခေါ်တဲ့ နတ်ဘုရားမကိုကိုးကွယ်ကြတယ် အဲ့ချိန်ခါတုန်းကဇူမာဟာ အင်မတန်တန်ခိုးကြီးတယ် သူမဟာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူကြားလိုက်တဲ့ဘာသာစကားကို ဋ္ဌာန်ကရိုဏ်းကျကျပြန်လည်ပြောဆိုတတ်တဲ့အစွမ့်းရှိတယ် ပြီးတော့ လုတွေရဲ့ဆုတောင်းကိုလည်း အြံ့သစရာကောင်းလောက်အောင်ဖြည့်ဆည်းပေးတယ် အဲ့တုန်းကတော့သူမဟာ အချုပ်အနှောင်မရှိဘူး ဒါပေမယ့် သူမဟာတကြိမ်တခါကစူန်းမတယောက်န့်ဲ အလောင်းအစားလုပ်ခဲ့တယ် ကံဆိုးစွာနဲ့ဘဲ ဇူမာဟာထိုအလောင်းအစားမာရှုံးခဲ့တယ် ဒီရှုံးနိမ့်တဲ့ရလဒ်ကြောင့်ဘဲ ဇူမာဟာ စုန်းမရဲ့ကျိန်ဆိုခြင်းကိုခံလိုက်ရပြီး ဒီရုပ်တုထဲမာဘဲ နှစ်ပေါင်းများစွာကြာတဲ့အထိ နေထိုင်သွားရတယ်လို့အဆိုရှိတယ်။
ဒါကငါ့ဦးလေးဘာသာပြန်ပေးသွားတာပထမအပိုင်းဘဲရှိသေးတယ် ဒုတိယပိုင်းကိုတော့နောက်တော့ဘာသာပြန်ပေးမယ်ပြောသာဘဲ ကဲဘာသိချင်သေးလဲ "
YOU ARE READING
Ghost Story အပိုင်းအစလေးများ
TerrorCopyတင်ပြမာပါ 👻👻👻👻👻👻 ဖြစ်ရပ်မှန်၊ လုက်ဇာတ်၊ ပုံပြင် ၊ ဇာတ်လမ်း၊ သမိုင်းအကြောင်း etcတို့ကိုရှာလို့တွေ့သလောက်ဖြန့်ဝေမာပါ By\K