အပိုင်းအစ ၅

62 7 0
                                    

*ယဇ်​ပုလင်​​ပေါ်မှသား​ကောင်​များ *[2]

တဖြည်းဖြည်း စက္ကူများကိုခွာရင်းရုပ်​လုံး​ပေါ်လာ​တော့
ကျမလန့်​၍မ​အော်​မိ​အောင်​သတိထားလိုက်​ရသည်

ကျမ​တွေ့လိုက်​ရသည်​က ​ကျောက်​နက်​ဖြင့်​ထုလုပ်​ထားသည့်​အရုပ်​တစ်​ရုပ်​ဖြစ်​ပြီး မျက်​နာအမူအရာမှာ ​တော်​​တော်​ပင်​​ကြောက်​စရာ​ကောင်းသည်​ဟု မြင်​​ယောင်​မိသည်​ အထူးသဖြင့်​ ထိုရုပ်​ထု၏မျက်​လုံးများက အပြာ​ရောင်​​ကျောက်​ဖြင့်​ပုံ​ဖော်​ထားပီး အ​တော်​ပင်​အသက်​ဝင်​သည်​ဟုခံစားမိသည်

ကျမထိုရုပ်​ထုကိုကြည့်​ပီး ​ကျောထဲစိမ့်​ခနဲဖြစ်​သွားကာ ထိုရုပ်​ထုရဲ့မျက်​လုံးများက ကျမကို​စောင့်​ကြည့်​​နေသည်​ဟုခံစားလိုက်​ရသည်​။ ကျမထိုရုပ်​ထုကိုသူ့​နေရာသူပြန်​ထားကာ ​သေတ္တာကိုပိတ်​လိုက်​ပီး​အောက်​သို့ဆင်းလာသည်
ထိုအချိန်​ထိ ကျမ​ကြောက်​စိတ်​မ​ပြေ​သေး
မနက်​ဖြန်​ သူငယ်​ချင်း​တွေကို​ပြောပြရမည်​ဟု စိတ်​ထဲ​အောက်​​မေ့လိုက်​သည်​။

မနက်​​ရောက်​​တော့ ကျမကိုယ်​လက်​သုတ်​သင်​ပီး နံနက်​စာစားရန်​​အောက်​သို့ ဆင်းလာခဲ့သည်​။
အခန်းကျယ်​ကြီးထဲမှာ လွတ်​လွတ်​လပ်​လပ်​အိပ်​ရလို့လားမသိဘူး တကိုယ်​လုံး​ပေါ့ပါး​နေတယ်

ထမင်းစားခန်း​ရောက်​​တော့ သတင်းစာဖတ်​​နေ​သော​ဖေ​ဖေနှင့်​ ​ကော်​ဖီနှပ်​​နေ​သော ​မေ​မေ့ကိုသာ​တွေ့ရသည်​ ​ငွေဖြူ့ကိုမ​တွေ့ရ။

"သမီးကြီး အငယ်​မကိုသွားနှိုးလိုက်​ပါဦးကွယ်​ ဒီက​လေးမ ဒီ​နေ့မှထူးထူးဆန်းဆန်းအိပ်​ရာထ​နောက်​ကျတယ်​"

ကျမက​မေ​မေ့စကားကို​ခေါင်းငြိမ့်​ပီး ​ငွေဖြူ့အခန်းဆီသို့တက်​သွားလိုက်​သည်​။
ငွေဖြူအိပ်​​နေတာကိုဘယ်​လို​နှောင့်​ယှက်​ရမလဲလို့စင်းစားရင်း ​ငွေဖြူ့အခန်းဆီသို့ဝင်​သွားလိုက်​သည်

"ဟင်​ ဒီ​ကောင်​မ မရှိပါလား"

အခန်းထဲတွင်​မရှိ​သော​ကြောင့်​ ​ငွေဖြူကိုရှာရင်း ကျမပြမ်​ထွက်​လာခဲ့တယ်

Ghost Story အပိုင်းအစ​လေးများWhere stories live. Discover now