*ယဇ်ပုလင်ပေါ်မှသားကောင်များ *[1]
ကားကိုရပ်လိုက်သည်နှင့်ကျွန်မ စိတ်လှုပ်ရှားစွာဖြင့် ကားတံခါးဖွင့်ကာ ကားပေါ်မှကမန်းကတန်း ဆင်းပြီးကျမတို့နေထိုင်မည့်အိမ်ကြီးကိုလှမ်းကြည့်လိုက်သည်။
ပေ၁၀၀ပတ်လည်ကျယ်ဝန်းသောနှစ်ဆောင်ပြိုင်အိမ်ကြီးကို ကျမမြင်လိုက်ရတော့ ကျမ အမေ့ကိုစိတ်ထဲမှအပြစ်တင်လိုက်သည်။
ကျမတို့မိဘနှစ်ပါးက လက်လုပ်လက်စား ဝန်ထမ်းတွေမို့ ဤကဲ့သို့အိမ်ကြီးနှင့်နေထိုင်ရန်အတွက် နှစ်ပေါင်းများစွာကြိုးစားရပေဦးမည်။
အခုတော့ အမေဘက်ကဦးလေးက အမေ့အတွက် အမွေထားခဲ့သောကြောင့် ထိုအိမ်ကြီးနှင့်နေထိုင်ရတော့ပေမည်။"အမေ များ ဒီလိုချမ်းသာတဲ့ဦးလေးမျိုးရှိတာတောင် စောစောကမပြောဘူး"
"ဟဲ့ ညည်းအဖိုးငါ့ဦးလေးကအရမ်းလျှို့ဝှက်တာဟဲ့ သူငယ်ငယ်ထဲကအိမ်ကထွက်လာပြီး အခုသူဆူံးတော့မှငါသိရတာ ရွှေဖြူရဲ့"
"ပြောမနေပါနဲ့ အမေရယ် မကြီးရွှေဖြူကဒီလိုအိမ်မျိုးမှာနေချင်ပြီး သူဋ္ဌေးရူးရူးနေတာ
သူစောစောစီးစီးမနေရလို့ အမေ့ကိုအပြစ်တင်နေတာ"ကျမထက်တစ်နှစ်သာငယ်သော ညီမဖြစ်သူငွေဖြူက
တည်ငြိမ်သောလေသံဖြင့်ပြောလိုက်တော့ ကျမတော်တော်ဒေါပွသွားသည်။"တိတ်စမ်းငွေဖြူ ညည်း လျှာဝင်မရှည်နဲ့"
ငွေဖြူကကျမလှမ်းအော်တာကို ပုခူံးတစ်ချက်တွန့်ပြီး အိမ်ကြီးဆီသို့ ဝင်သွားသည်။
ကျမလည်းငွေဖြူနောက်ကိုအမှီလိုက်သွားရင်း
အိမ်ကြီးအတွင်းမှ ဘာအဖိုးတန်ပစ္စည်းတွေရှိမလဲဆိုတာမှန်းဆရင်း ငွေဖြူ့ထက်ဦးအောင်အရင်ယူမယ်ဆိုတဲ့အတွေးဝင်လာသည်။အိမ်ကြီးအတွင်းရောက်တော့မှ အခန်းပေါင်းမြောက်မြားစွာကိုကြည့်ပီး တော်တော်ကျယ်တာဘဲလို့အံ့သြနေမိသည်။
ဖေဖေနဲ့မေမေနဲ့ကတော့ အောက်ထပ်မှာပစ္စည်းတွေနေရာချထားရင်း အလုပ်ရှုပ်နေသောကြောင့် ကျမနဲ့ငွေဖြူကတော့ အပေါ်ထပ်ကအခန်းများကို လိုက်လံကြည့်ရှုရင်း ကျမတို့မည်သည့်အခန်းမှာနေထိုင်မည်ဆိုတာကိုခွဲကြည့်နေတယ် နောက်ဆုံးတော့ကျမကလှေကားရင်းက အခန်းမှာနေရာရလိုက်ပြီး ငွေဖြူကတော့လသာဆောင်နားကအခန်းမှာရသွားသည်။
YOU ARE READING
Ghost Story အပိုင်းအစလေးများ
HorrorCopyတင်ပြမာပါ 👻👻👻👻👻👻 ဖြစ်ရပ်မှန်၊ လုက်ဇာတ်၊ ပုံပြင် ၊ ဇာတ်လမ်း၊ သမိုင်းအကြောင်း etcတို့ကိုရှာလို့တွေ့သလောက်ဖြန့်ဝေမာပါ By\K