အပိုင်းအစ ၅

42 6 0
                                    

*ယဇ်​ပုလင်​​ပေါ်မှသား​ကောင်​များ *[10]

ဇာတ်​သိမ်းပိုင်း

"တစ်​ခြား​တော့မဟုတ်​ဘူး ဇူမာနတ်​မိစ္ဆာမဟာ မမနဲ့မျက်​နှာချင်းဆိုင်​မှာထိုင်​​နေတဲ့ မမယမုံဘဲ"

"ဒါဒါ ဘယ်​လိုလုပ်​ဖြစ်​နိုင်​မှာလဲ ​ငွေဖြူနင်​မဟုတ်​ဘဲနဲ့ယမုံကိုမစွပ်​စွဲနဲ့ (ယုံဘူးတဲ့) ယမုံနင်​မဟုတ်​ဘူးမို့လား"

ကျမယမုံကိုကြည့်​လိုက်​​တော့ ယမုံကတချက်​ရယ်​လိုက်​ပြီး စားပွဲေ​ပ်ါရှိ​ကော်​ဖီကိုတကြိုက်​​မော့​သောက်​ကာ ကျမတို့ကို​အေးစက်​စွာကြည့်​ရင်း တလုံးချင်း​ပြောလိုက်​သည်​ကား...

"​နောက်​.ဆုံး..​တော့..နင်​တို့...ငါ့ရဲ့...သဏ္ဍာန်​အစစ်​ကို..သိသွားပြီဘဲ.."

"ဒါဒါ ဘယ်​..ဘယ်​လိုလုပ်​ဖြစ်​နိုင်​မာလဲ..(ခုထိမယုံ​သေးဘူးဟ)"

ကျမအံ့သြထိတ်​လန့်​စွာဖြင့်​ယမုံ မျက်​နှာကိုကြည့်​​နေမိသည်​။

"မမသတိထားမိသင့်​တယ်​ မမယမုံကလွဲလို့ ကျန်​တဲ့မမသူငယ်​ချင်း​တွေဟာဆု​တောင်းမှုပြုပြိး ​တေဆုံးခဲ့တယ်​ မမယမုံက​တော့ပထမဆုံးဆု​တောင်းခဲ့သူဖြစ်​ပြီး အခုထိမ​တေတာ မထူးဆန်းဘူးလားမမ တကယ်​​တော့မမယမုံဟာ နထပ်​အိမ်​​ပေါ်ကပြုတ်​ကျကတည်းက​တေဆုံးခဲ့ပိီးပါပီ မမယမုံခန္ဓာကိုယ်​ထဲကို ဇူမာဝင်​ပီးအသုံးချ​နေတာမမ"

ယမုံအ​ယောင်​​ဆောင်​ထားတဲ့ဇူမာက ​ငွေဖြူ့စကားကြား​တော့ပြုံးလိုက်​ပြီး

"နင်​ဟာ ဥာဏ်​​ကောင်းတဲ့ညမကိုရထားတာဘဲ ​ရွှေဖြူ ဒါ​ပေမယ့်​ နင်​ဟာနင့်​ညမကိုကြာရှည်​စွာ​တွေ့ခွင့်​ရ​တော့မာမဟုတ်​ဘူး"

အေးစက်​စွာကြည့်​ရင်း​ပြောလိုက်​​သောဇူမာစကား​ကြောင့်​ ကျမထိတ်​လန့်​ကာ ဘာလုပ်​ရမှန်းမသိဖြစ်​သွားသည်​။

" ငါ့အ​ပေါ်သက်​​ရောက်​​နေတဲ့ကျိန်​စာပြယ်​ဖို့ နင်​ဟာ​နောက်​ဆူံးတ​ယောက်​ဘဲ​ရွှေဖြူ"

ပြော​ပြောဆိုဆိုဖြင့်​ ဇူမာမတ်​တပ်​ရပ်​လိုက်​သည်​။ သူတခုခုလုပ်​​တော့မယ်ဆိုတာ်​ကိုကျမသိ​လိုက်​သည်​။

Ghost Story အပိုင်းအစ​လေးများWhere stories live. Discover now