အပိုင်းအစ ၅

56 5 0
                                    

*ယဇ်​ပုလင်​​ပေါ်မှသား​ကောင်​များ *[5]

ရှိုးပွဲကသာမန်​ပွဲဆို​ပေမယ့်​​တော်​​တော်​ခမ်​နားသည်​ဟုကျွန်​မထင်​သည်​။ ယမုံရဲ့စီစဉ်​​ပေးမှု​ကြောင့်​ ကျမတို့သူငယ်​ချင်း၎​ယောက်​ အလယ်​တန်းမှာ​နေရာရခဲ့သည်​။ ယခုဆိုလျှင်​ရှိုးပွဲရဲ့ ​နောက်​ဆူံးအဆင့်​ဟုသတ်​မှတ်​ရသည့်​ Evening dressနဲ့ ယှဉ်​ပြိုင်​ရမည်​ဖြစ်​သည်​။

"Dပွဲက​တော့ဧကရီရဲ့ပွဲဘဲ ​သေချာ​ပေါက်​ဧကရီိပထမရမှာ ငါခုနကသွားကြည့်​တာ ဝတ်​စုံကမိုးပြာ​ရောင်​​လေးနဲ့ အလွန်​လှတာဘဲ"

ကျမ​ဘေးနားရှိ လူန​ယောက်​​ပြော​နေသည့်​စကားကိုကျမကြား​နေရသည်​ သူတို့လူမို့​ပြောတာမဟုတ်​ဆိုတာကိုကျမသိသည်​။ ကျမကပညာရှင်​တ​ယောက်​မဟုတ်​​ပေမယ့်​ ယမုံအပါအဝင်​ တခြား​သော​မော်​ဒယ်​​တွေထက်​ ဧကရီဆိုသည့်​​ကောင်​မ​လေးက ပို၍ထူးခြား​ပေါ်လွင်​​နေသည်​ဟု ခံစားမိသည်​။

သို့​သော်​အတန်​ကြာသည်​အထိ အစီအစဉ်​မစ​သေး​သော​ကြောင့်​ သူမဘာဖြစ်​လို့ပါလိမ့်​လို့​တွေးမိနေသည်​။

ခနကြာ​တော့ ကျမ​ဘေးနားကတ​ယောက်​အပြင်​သွားရာမှပြန်​လာပြီး သူ့အ​ဖော်​ကို စိတ်​မ​ကောင်း​သောမျက်​နှာထားဖြင့်

"ဧကရီ​တော့ကံဆိုးတာဘဲ စင်​​ပေါ်တတ်​ခါနီး ​လှေကား​ပေါ်အတက်​ ​ဒေါက်​ဖိနပ်​က ​ဒေါက်​ကျွတ်​သွားပြီး တလှိမ့်​ခေါက်​ပြုတ်​ကျသွားတာ ခုထိမထနိုင်​​သေးဘူး ဘာဘဲဖြစ်​ဖြစ်​ ဧကရီdပွဲက​နေနှုတ်ထွက်​ရ​တော့မယ်​ထင်​တယိ"

ထိုစကားကြားပြီး ကျမစိတ်​မ​ကောင်းဖြစ်​မိသွားသည်​။ သူမလို တစ်​ ​ပေးခံရသည့်​လူတ​ယောက်​အဖို့ dလိုပွဲမှာ​မျှော်​လင့်​ချက်​များစွာရှိခဲ့မှာဘဲလို့​တွေး​နေမိသည်​။

ဧကရီမရှိ​တော့ပြိုင်​ပွဲအ​နေအထားကရုတ်​တရက်​ ​ပြောင်းလဲသွားသည်​။ အင်​အားကြီိးတဲ့ပြိုင်​ပွဲဝင်​တ​ယောက်​ နှုတ်​ထွက်​လိုက်​ရသည့်​အတွက်​ ​မော်​ဒယ်​တိုင်းလိုလို တက်​တက်​ကြွကြွနက်​ယှင်​ကြိုင်​လာကြသည်​။ ထိုပွဲတွင်
ယမုံတ​ယောက်​ကပို၍ အနီ​ရောင်​ဝတ်​စုံနက်​လိုက်​ဖက်​ပြီိးလှပ​နေသည်​ဟုလည်းထင်​သည်​။

Ghost Story အပိုင်းအစ​လေးများWhere stories live. Discover now