Baek>> ကျမက ဒီကလူကြီးတွေနဲ့ လိုက်နေရမယ်ပေါ့.. ဘာလဲ အကိုက မကျွေးချင်တော့ဘူးလား.. Baek ဘာသာ ရှာဖွေစားမယ် ကိုယ်မသိတဲ့နေရာမှာ မသိတဲ့ လူတွေနဲ့ မနေချင်ဘူးဗျာ...
Tao>>အထွတ်တက်မနေနဲ့  Baek .. နင် ငာ့သူငယ်ချင်းအိမ်မှာ လိုက်နေရမယ်..
~~~~
အိမ်တော်ထိန်းကို သွားခေါ်ခိုင်းလို့  ကိုယ့် ရှေ့ အထုတ်လေးပိုက်ရောက်နေသော ကောင်မလေးကို yeol တချက်ကြည့်လိုက်တော့.. ဖြူသေးသေးကိုယ်လုံးလေးမှာ မလိုက်ဖက်စွာ ယောက်ျားရှပ်အက်ျီကြီးက နေရာယူထားသည်
ဘောင်းဘီဒူးကျ ပွတတ နဲ့  ဖားလျားချထားတဲ့ဆံပင်ကတော့ ကျောလယ်အထိရှည်သည် .. အဲဒါတခုပဲ ဘုရားစူး မိန်းကလေးနဲ့ တူတာပါYeol>> ကဲ.. ထိုင်ဦး Baek
ရောက်စကတည်းက ဘာမှမပြောဘဲ လူကိုခြေဆုံးခေါင်းဆုံးထိုင်အကဲခတ်နေသော လူကြီးက Baek နာမည်ကိုခေါ်ကာ ထိုင်ခိုင်းတာမို့  အလန့် တကြားကြည့်လိုက်မိသည်... အပြူးပြူးအပျာပျာနှင့် ဧည့်ခန်းကြမ်းပြင်ပေါ်ထိုင်ချလိုက်သည်
ရွာမှာ ငါးဖမ်း ဂဏန်းနှိုက် ကြမ်းရမ်းနေပေမယ့်
အဆင့်အတန်းဆိုတာတော့နားလည်ပါသည်
Baek တို့ လို ဂျယ်ဂျူကျွန်းပေါ်တံငါရွာက တံငါသည့်ညီမက ခုလိုထည်ဝါနေသောဧည့်ခန်း ကြမ်းပြင်နဲ့ ပင်လိုက်ဖက်သည်မထင်..ကြမ်းပြင်ပေါ်ခေါက်ခနဲ တင်ပျဉ်ခွေထိုင်လိုက်သော အနှီမိန်းကလေးကြောင့် မျက်လုံးကပိုပြူးသွားရကာနားရွက်တွေက ကားလက်စထက်ပိုကားထွက်ကုန်သလို yeol ဘေးထိုင်နေတဲ့ အမyoonaကလည်း ခွိခနဲ ထ ရယ်လေသည်
ဒါပေါ့ မိန်းကလေး....... ဖြူစင်တာကတော့ မြင်တာနဲ့ သိပါတယ်Yeol>> အဟမ်း... မင်းအကိုက ပြောပြမယ်လို့ တော့ထင်ပါတယ်.. ကိုယ်က သူ့ သူငယ်ချင်းဆိုတာ တကယ်က မင်းအကိုက ကိုယ့်ကျေးဇူးရှင်.. ကိုယ်ဂျယ်ဂျူတုန်းက ရေနစ်တော့သူကယ်ပေးခဲ့တာလေ
မင်းအကိုမျှော်လင့်တကြီးတောင်းဆိုထားတာလေးကို ဖြည့်ဆည်းပေးချင်လို့ ပဲ .. သူက မင်းကိုမိန်းကလေးပီသ ယဉ်ကျေးလိမ်မာစေချင်တယ်လေ
ကိုယ့်ဘေးမှာနေပြီး မင်းကို ဆုံးမသွန်သင်ဖို့  Tao ကတောင်းဆိုထားလို့  မင်းကို ခေါ်ခိုင်းလိုက်တာ