" ချစ်သူဘ၀ အဆုံးသတ်ကြတဲ့နေရာမှာ ဖန်ဆင်းရှင်ရှိတယ်... အဲဒီ ဖန်ဆင်းရှင်ထွေးပွေ့ ထားတဲ့ ငါတို့  memberတဦးက ပထမဆုံး ဂဏန်းပေးလိမ့်မယ် "စာကိုဖတ်ပြီး sehun ပြန်ခေါက်ထားလိုက်သည်။ chanyeol hyungကိုကြည့်လိုက်တော့လည်း ခေါင်းကိုသာ တဗြင်းဗြင်းကုတ်နေ၏။ မျက်နှာကလည်း မသာမယာ... ။
" Baek hyun hyungရဲ့ သဲလွန်စကလည်း သဲလွန်စပေမလို့  စဉ်းစားလိုက်ရတာဗျာ "
Kai ၏ အပြောကို chanyeolခေါင်းငြိမ့်ထောက်ခံလိုက်ပြီး
" အဲတာပြောတာ အဲ့လူပုပေါက်စက ဒီလိုတွေထွက်တယ်ပေါ့.. နည်းနည်းတွေးခေါ်တတ်တဲ့ ကလေးလူကြီး D. O. ကိုလည်း သူ့ ဘက်ကဆိုပြီး မနေ့ က အပိုင်သိမ်းသွားတော့ အခုငာတို့ ၃ယောက်ပဲ ဖြေရှင်းရတော့မယ် "
" စိတ်မပူပါနဲ့  တဆင့်ချင်းဖြေရှင်းကျတာပေါ့.. Baek hyun hyungလည်း ချစ်နေတာပဲ.. Lတွေရော ကျွန်တော်တို့ ရောတောင် သိတယ်..ခက်ခဲတာကြီးတော့ မဖြစ်နိုင်လောက်ပါဘူး..နော့လေ Sehunရာ "
Sehunခေါင်းငြိမ့်ပြပြီး
" ချစ်သူဘ၀ အဆုံးသတ်ကြတဲ့နေရာကို သိရင်ရပြီ
ပြီးမှ အဲ့သွားပြီး ဖန်ဆင်းရှင်နဲ့ တွေ့ မယ်လေ "" ချစ်သူတွေ သူတို့ ဘ၀ကို ဘယ်မှာ အဆုံးသတ်ကြသလဲ.. အဆုံးသတ်ကြသလဲ "
Chanyeolတော့
စားပွဲပေါ် ခေါင်းကြီးမှောက်ပြီး အဲ့စကားကိုပဲ ဆိုနေသည် ။ ထိုစဉ်" သားရေ.. "
" Nae omma "
" မား ကို တခုကူညီပြီး သား ပါး မလာခင်အထိ ဆိုင်ကိုကြည့်ထားပေး yeollie "
" ဟာ မားရာ.. သား စစ်ဆင်ရေးတခုနွှဲနေရတယ်ဗျ
လိုအပ်ရင် လိုအပ်သလို ပြေးရလွှားရမှာ.. ဆိုင်ကို ဘယ်လိုကြည့်ရမလဲ "" ပါး လာမှ သွားလေ.. အမယ်
Baekလေးကို ဖွင့်ပြောလိုက်ပြီပေါ့ "" မားသိတယ်လား "
" ဂြိုလ်သား parkကိုမွေးထားတဲ့ omma parkပါ .. သူများအကျိုးဆောင်ရင် ကိုယ့်အကျိုးအောင်တယ်တဲ့.. နော်.. လိမ်မာတယ်။ ပြီးတော့ မားကလည်း တခြားသွားမှာ မဟုတ်ဘူး။ ဘုရားကျောင်းသွားမှာ "