အချစ်က ကျနော် အလယ်တန်းကျောင်းသားဘ၀က စ ခဲ့သည်။
ခရီးသွားအေဂျင်စီတခုက မန်နေဂျာဖြစ်သော ဖေဖေ တာဝန်ကျရာရုံးခွဲများကိုလိုက်ပြောင်းရင်း..
သူရှိနေရာမြို့ ရဲ့အလယ်တန်းကျောင်းမှာ တက်ရောက်ဖို့ ပြင်ရင်း...
နှလုံးသားပိုင်ရှင်ကို ရှာဖွေတွေ့ ရှိခဲ့သည်ကျောင်းသားသစ်ဖြစ်သော ကျနော့်ကို အတန်းပိုင်ဆရာမက အတန်းနဲ့ မိတ်ဆက်ပေးနေသော်လည်း
အတန်းထဲက လူတွေကလည်း ကျနော့်ကို အဖတ်မလုပ်သလို
ကျနော်ကလည်း သူတို့ ကို စိတ်မ၀င်စား.... အဲ.. သူ မပါဘူးကိုယ်နေရမည့်အခန်းမို့  တချက်မျှ ဖြန်းကာသမ်းကာကြည့်လိုက်မိသော်လည်း တနေရာသည်... တခြားနေရာများကို ထပ်မကြည့်ဖြစ်တော့လောက်အောင် ဆွဲထားလေသည်
အတန်းရဲ့ ဘယ်စွန်က ဒုတိယမြောက် ပြတင်းပေါက်နေရာ.. တကယ် ကျနော့်စိတ်ကို စွဲဆောင်ထားတာက ထိုနေရာနားတွင်ထိုင်နေသောသူကသာ...ဘေးက သူငယ်ချင်းနဲ့ စကားပြောရင်းရယ်မောနေပုံက
မူကြိုကလေးလေးလို ဖြူစင်လွန်းတယ်..
ရယ်လို့ ပေါ်လာတဲ့ ပါးချိုင့်လေးကလည်းစွဲမက်စရာပါပဲ..
အရည်လက်နေတဲ့ တောက်တောက်ပပ မျက်ဝန်းတစုံနဲ့  ကားနေတဲ့ နားရွက်၂ဖက်ဟာ တခြားသူတယောက်ဆီမှာရှိနေရင် အရမ်းကြည့်ရဆိုးနေမှာဖြစ်ပေမယ့် သူပိုင်ဆိုင်ထားတာမို့  ကြည့်ကောင်းတာထက်ပိုနေစေတယ်...
ကျနော်သူ့ ကို ငေးကြည့်နေမိတယ်ဆိုတာ သူရောအတန်းထဲကလူတွေရော မသိ ကြဘူးဆရာမက ' သား ကြိုက်တဲ့နေရာသွားထိုင် ' ဆိုတော့
သူ့ နောက်ခုံမှာသွားထိုင်လိုက်တယ်
ကျောပြင်လေးကြည့်ပြီးပဲ ကြည်နူးပါရစေ.... ချစ်ရသူအချစ်အတွက်ကံကောင်းတာတွေက အရမ်းကိုအစီအစဉ်ကျနနေတာပါပဲလား
သူ့ အိမ်နဲ့ ကျနော်တို့ ပြောင်းလာတဲ့အိမ်က မျက်နှာချင်းဆိုင်လေ....ကျောင်သွားကျောင်းပြန် မယောင်မလည် သူ့ နောက်ကလိုက်
ကျောင်းမှာ သူရှိမယ့်နေရာတွေကို ရှာရှာဖွေဖွေလိုက်သွား ကျနော့်ကို တွေ့ ချင်သလား.. ဟုတ်ကဲ့
Park chanyeol ရှိတဲ့နေရာတွေမှာ... Byun baek hyun ရှိနေတတ်ပါတယ်