🌈 အရောင်မဲ့ သက်တန့်  🌈

282 16 0
                                    

'  Hyunee .. ကိုကို့ ကို ပြန်ပေးကွာ..
ဒီမှာပုံကို လက်စသတ်ရဦးမယ်... '

' ကိုကို မီအောင်လိုက်ယူလေ.. Hyunee ကို မီရင်ပေးမှာပေါ့.. Keke... '

ကျယ်ဝန်းလှသည် အိမ်နောက်ဘေးပန်းခြံထဲတွင် ပန်းချီဆွဲ စုတ်တံတွေကို ယူပြီးရှေ့ ကပြေးနေသောကောင်လေးနှင့် နောက်ကအမီလိုက်နေသောကောင်လေး.သူတို့ ၂ဦးတို့ ၏ အပြုံးများသည်  ပန်းပွင့်လေးများ၏ အလှကပင် မှိုင်ငေးသွားစေသည်

' ကိုကို ဒီမှာလာယူလေ.. Hyunee မှာ ပြေးစရာမရှိတော့ဘူးလေ.'
ပန်းခြံထဲတွင်ရေအိုင် ထည့်ထားလေရာ ထိုရေအိုင်မှ လူလျှောက်လမ်းကျဉ်းကျဉ်းလေးဆီမှ ရပ်နေကာ သူ့ ကိုလှမ်းပြောင်ပြနေသော အနှီပုကျိကျိ ကောင်ငယ်လေးကို ခပ်ဆတ်ဆတ်သာ ရိုက်ပစ်ချင်ပါသည်
ကျနော် ရေကြောက်မှန်းသိလို့ တမင်အဲ့လျှောက်လမ်းပေါ်တက်နေတာ....

'ကိုကို မလာရဲဘူးမထင်နဲ့ နော်
hyunee ကိုယ်တိုင် လိမ်လိမ်မာမာ လာပေးလှည့် မဟုတ်ရင် အပြစ်ပေးခံရမယ် '

' မကြောက်တာပါ ကိုကိုရယ်.. မြောင် မြောင့် မြောင် '

ပြောင်ပြနေသော ပါပီပုစိကို အမိဖမ်းနိုင်ဖို့  ထိုလျှောက်လှမ်းဆီသွားရမည်.. အောက်မှာက ရေတွေ..
အို.. ဘာမှ မဖြစ်လောက်ပါဘူး ဆိုသော အတွေးနှင့် ကလေးပုစိရှိရာသို့  မြန်မြန်ရောက်စေရန် ပြေးသွားရာ ကံစီမံရာအတိုင်း ကလေးနားရောက်ခါနီးမှ ခြေချော်ကာ ရေထဲပြုတ်ကျလေသည်

'ဗွမ်း '

'ဟင်.. ကိုကို '

ကိုကိုပြုတ်ကျသွားသည်မို့ ချက်ချင်း ကျနော်လည်း ရေထဲခုန်ဆင်းခဲ့ရသည်
ရေနစ်ခဲ့ဖူး၍ ရေကြောက်သောကိုကိုသည် အခုလည်း အတိတ်ကို ပြန်တွေးမိကာ လွန်စွာထိတ်လန့် နေပေလိမ့်မည်

ကိုကို့ ကိုမနိုင်မနင်းဖြင့် ရေအိုင်စပ်သို့ သယ်လာတော့ ကိုကိုက မေ့နေပြီ
ရေတွေပြန်ထွက်လာအောင် ရှေးဦးသူနာပြုနည်းတွေသုံးလို့ hyunee ကြိုးစားပါသော်လည်း သတိပြန်ရမလာသေး...
ကိုကိုသာ တခုခုဖြစ်ခဲ့ရင်ဆိုသည့်အတွေးက.. ကျနော့်ကို ချမ်းအေးလွန်းလို့ မဟုတ်ဘဲ တုန်ယင်နေစေသည်
ကိုကို့ ပါးပြင်လေးကို ခပ်ဆတ်ဆတ်ပုတ်ကာ

Chanbaek ~~~Only one collection 💜Where stories live. Discover now