💛အရမ်းချစ်သော.ထက်ပိုချစ်သော💛

250 21 1
                                    

ကြီးမားလှသောNBC ရုပ်သံဌာန အဆောက်အဦးကြီး၏ ခေါင်မိုးထက်ဝယ်... ကောင်လေးတယောက်ကို ကျောပေးရပ်နေသော ကောင်မလေးသည် အပေါ်စီးမှမြင်ရသော ဆိုးလ်မြို့ ရှုခင်းကို စိတ်မပါစွာငေးမောနေ၏

" မူးနေလို့  ဖြစ်ခဲ့ကြတာပါ..၁လကျော်ကြာပြီဆိုပေမယ့် ကျနော်ကပဲ တောင်းပန်ပါတယ်.. အဖွဲ့ မှူး "

"အင်း..ငာ သိပါတယ်..ဒါပေမယ့် "

" ဘာများအခက်အခဲရှိသေးလို့ လဲ "

" ကလေးလေးရောက်လာပြီ "

" Nae  ? "

" ဟုတ်တယ်.. ကလေးရှိနေတာ ၂ပတ်ရှိနေပြီ..ပြီးတော့ ရောက်လာပြီးမှတော့ ငာမွေးချင်တယ်  chanyeol "

" ဟာ.. မဖြစ်ဘူးလေ... ကလေးတယောက်တာဝန်ကိုယူနိုင်ဖို့ အထိ ကျနော်အဆင်သင့်မဖြစ်သေးဘူးလေ.... "

" မင်းကို ကလေးတာဝန် မပေးပါဘူး.. တခုပဲ တခုပဲငာ့ကို ကူညီပါ... "

" ပြောပါ အဖွဲ့ မှူး byun "

" ငာ့ကို လက်ထပ်ပါ "

" ဗျာ.... ကျနော့်မှာချစ်သူရှိတယ်လေ.. သူပြန်လာရင်လက်ထပ်ဖို့ အထိ စီစဉ်ပြီးနေပါပြီ
အဖွဲ့ မှူး ... အဲလို မလုပ်လို့ ရမလား "

" ခဏလေးပါ.အမည်ခံရုံပဲ  တကယ်ကို ခဏလေးပါ
ကလေးအဖေနေရာမှာ နာမည်ရေးစရာရှိရင် ရပြီ ကျန်တာငာကပဲ ကြည့်လုပ်သွားမှာမို့  "

မျက်နှာငယ်လေးနဲ့ ပြောနေသော အဖွဲ့ မှူးကိုကြည့်ပြီး
ရင်ထဲမှာတော့ အက်ကြောင်းထနေခဲ့သည်
တကယ်ဆို အခုလိုအချိန်မျိုးက သူမကအောက်ကျို့ နေရမှာမျိုးမဟုတ်ဘူးလေ..
ကျနော်ကို့ ယောက်ျားပီသစွာ တာဝန်ယူဖို့ ပြောရမှာကို..

" ကလေးလေးမမွေးခင်ကို chanyeol  ရည်းစားပြန်လာခဲ့ရင် ကွာပေးပါ့မယ်..
Single mother အဖြစ်ရပ်တည်ဖို့  ငာ့အနေနဲ့ အဆင်ပြေပေမယ့် ငာ့မိသားစုဂုဏ် ကို ငဲ့ချင်သေးလို့ ပါ..
သူတို့ မှာ ငာတယောက်ပဲ ရှိတာမို့ ပါ .. ကူညီပါနော် "

" ကွာပေးမယ်ဆိုရင်တော့ အဆင်ပြေပါတယ်.. ဒါပေမယ့်ကျနော်တို့ လက်ထပ်တာကို ၂ဖက်မိဘကလွဲပြီးကျန်တဲ့သူတွေမသိစေချင်ဘူး
သတင်းစုဆောင်းရေးအဖွဲ့ က လူတွေရောပဲ.. အဖွဲ့ မှူးဖြစ်ပါရဲ့လား "

Chanbaek ~~~Only one collection 💜Where stories live. Discover now