Park Chanyeol ၀င်လာတာကို မြင်သည်နှင့် ဧည့်ခန်းစားပွဲ ရှင်းနေရာမှ
Baek hyunထ ပြေးလေသည်။" Park Chanyeol .. ဘယ်လိုလဲ ?
ဘာ သတင်းထူးသေးလဲ? "" ထိုင်ပါရစေဦး Baek hyunရာ.. ကားပိတ်တဲ့ ဒဏ်ခံရတာ ခေါင်းကိုက်လွန်းလို့ "
ပြောလည်းပြော ဆိုဖာမှာဝင်ထိုင်ပြီး နောက်လှန်မှီကာ နားထင်တဖက်ကို လက်နဲ့ ဖိထားသော chanyeol ကြောင့် ဖျော်ထားပြီးသား ပန်းသီးဖျော်ရည်ကို သွားယူပေးလိုက်သည် ။
Parkအိမ်တော်ကို ရောက်တဲ့ ၁၂ရက်အတွင်း အိမ်ရှိလူကုန်ရဲ့ အကြိုက်တော်တော်များများကို Baek hyun မှတ်မိနေပေပြီ ။
အအေးမကြိုက်တဲ့ chanyeolက ပန်းသီးလက်ဖျော်ကိုတော့ သိပ်ကြိုက်တာ...
ပန်းသီးစိတ်လေးတွေကိုတော့ စက်နဲ့ ကြိတ်ပြီး အနှစ်ကလေးတွေကိုမှ သကြားရယ် အဆီထုတ်ပြီးသားနို့ ရယ် ဆတူ
ထည့်ပေးရတာ ။~
အလိုက်သိတဲ့ Baek hyunလေး.. ။
သူချလာပေးတဲ့ ဖျော်ရည်ကို တကျိုက်တည်းမော့သောက်ပြီး သူ့ ကိုကြည့်လိုက်တော့ ကျွန်တော့်မျက်နှာချင်းဆိုင်ဆိုဖာမှာ ထိုင်ပြီး ကျွန်တော့်ကိုသာ ကြည့်နေ၏။
တကယ်က ကျွန်တော့်ဆီက ထွက်ကျလာမည့် စကားလုံးများကို မျှော်လင့်နေတာ။" မင့်ညီနဲ့  မင်းတူတွေ လွန်ခဲ့တဲ့၁၀ရက်လောက်ကတည်းက ဆိုးလ်မှာရောက်နေတယ်ဆိုတဲ့ အထောက်အထားရှိတယ် Baek .. ဒါကြောင့် ဘူဆန်ထိ ကိုယ်တို့ သွားခေါ်တော့ မတွေ့ ရတာ "
Baek hyunက ခေါင်းငြိမ့်ပြသည်။ ဆိုလိုတာက ဟုတ်တယ်.. ဆက်ပြောလေ ဆိုတဲ့ သဘော ။
" သူ့ သူငယ်ချင်းဆိုတာတွေကို တယောက်မကျန် မေးပြီးပြီ ။ လာသွားတယ်ဆိုတာပဲ သိရတယ်.. ဘယ်သွားမယ်ဆိုတာတော့ မသိရဘူး "
" ကျွန်တော်ရူးတော့မယ်ဗျာ.. "
ငိုတော့မယ့်လူလို ဒူးပေါ် တံတောင်ထောက်ပြီး လက်ဖ၀ါးထဲ မျက်နှာလေးထည့်အုပ်ထားပုံက ပြေးနှစ်သိမ့်လိုက်ချင်စရာ ။" သိပ်လည်း စိတ်မပူပါနဲ့  ..ဆိုးလ် မှာ ၁၀ရက်လောက်တောင် တောင့်ခံနိုင်တဲ့ Sehunက ခေသူမှ မဟုတ်တာ.. အဆင်ပြေနေမှာပါ.. "