လက်ကလေးကိုလည်းကိုင်မယ်
နားကားကားလေးတွေလည်းကိုင်မယ်
ငါ့ပေါင်ပေါ်မှာအိပ်နိုင်တယ်
(ခိုးနမ်းတာငါ့အပိုင်း)ငါ့လက်မောင်းကိုလက်သီးနဲ့ထိုးနိုင်တယ်
ငါငိုရင်တော့မင်းချော့ပေါ့
ငါ့ခေါင်းကိုခပ်နာနာလေးရိုက်နိုင်တယ်
ငါဆောင့်ကန်လည်းမင်းသည်းခံ
မင့်ကောင်မလေးအကြောင်းတွေရင်ဖွင့်နိုင်တယ်
ငါကတော့မင်းအသိထဲ မုန့် နဲ့ ကစားစရာကလွဲ ကျန်တာမသိတဲ့ ကလေးကြီးပေါ့ကွာအသည်းကွဲတဲ့အခါငါ့ရင်ခွင်ထဲမှာငိုပါ
မင့်ကောင်မလေးနဲ့ချိန်းတွေ့တဲ့အခါ
ငါဓာတ်ပုံလိုက်ရိုက်ပေးမှာပေါ့
ငါတို့နှစ်ယောက်အတူသောက်နေချိန်တော့
ဖုန်းပိတ်ထားကြေးငါ့အိမ်ကလည်းမင်းနဲ့ဆိုစိတ်ချမယ်
မင်းအိမ်ကလည်းငါနဲ့ဆိုစိတ်ချမယ်
ငါတို့နှစ်ယောက်ဖုန်းတွေပြောမယ်
မင့်ကောင်မလေးရဲ့အကျီအရောင်အကြောင်းကနေ
မင်းအိမ်က toben အမွှေးဖြူလာတဲ့အကြောင်းအထိBillကုန်မှဖုန်းချကြေး
ငါ့ရှေ့မှာရယ်ပါ
ငါ့ရှေ့မှာငိုပါ
ငါ့ရှေ့မှာပျော်ပါ
ငါ့ရှေ့မှာဝမ်းနည်းပါအများအမြင်မှာငါကမင်းကိုချစ်နေတဲ့သူ
မင်းကတော့ငါချစ်နေတာကိုမသိချင်ယောင်ဆောင်ပြီး
ဘယ်သူမေးမေး မဟုတ်ပါဘူးလို့ငြင်းနိုင်တယ်
ဒါပေမယ့်...ငါ့ကိုချစ်ပါ
ဘယ်သူမှမသိအောင် မင်းစိတ်ထဲကနေငါ့ကိုချစ်ပါ
ထုတ်ပြောစရာမလိုဘူး
မင်းဘဝအတွက်ငါကအရေးကြီးတဲ့တစ်နေရာမှာရှိနေရင်ရပြီမင်းရဲ့လက်ထပ်ပွဲမတိုင်ခင်တစ်ရက်မှာတော့
ငါ့နှဖူးလေးကိုနမ်းပါ
မင်းဘေးမှာအချိန်ပြည့်ဖြည့်ဆည်းပေးခဲ့တဲ့ငါ့ကို
ကျေးဇူးတင်တဲ့အကြောင်းပြောပါ
ဘယ်သူမှမသိစေရဘူး
မင်းရဲ့အမျိုးသမီးဖြစ်လာမယ့်မိန်းကလေးလည်းမသိစေရဘူးအဲဒီအနမ်းလေးကိုသစ္စာရှိရှိသိမ်းဆည်းပြီး
မင်းရဲ့သားသားမီးမီးလေးတွေကိုငါသီချင်းဆိုသင်မယ်အကယ်၍မင်းထက်အရင်ငါသေဆုံးသွားခဲ့ရင်
ငါ့ကိုအပြစ်တင်ပါ
မင်းကိုထားခဲ့တဲ့အတွက်ငါ့ကိုအပြစ်တင်ပါ
ငါကမင်းကိုမချစ်ပါဘူးလို့
မင်းငါ့ကိုအပြစ်တင်ပါဈာပနမှာ အေးစက်နေတဲ့ငါ့လက်တွေကိုဆုပ်ကိုင်ပေးပါ
ပြီးတော့...ငါ့ကိုချစ်တယ်လို့
မင်းပါးစပ်ကတိုးတိုးလေးဖွင့်ပြောပါ...ဘယ်လိုလဲ...
နေမယ်လေ...တို့နှစ်ယောက်...သူငယ်ချင်းလို🌸~~~~~
နေနီရေးထားတာမဟုတ်ပါဘူး
ခံစားချက်တွေ ထပ်တူကျနေလို့ 
chanbaekနဲ့  feel တာပါ 😢Crd ပေးပါတယ် မမ #Khine